မြေပိုင်ရှင်ရှိတဲ့ တိုက်ခန်းတွေမှာ ဝယ်ယူနေထိုင်ပြီး အကြောင်းတစ်ခုခုေ ကြာင့် ပြို ကျပျက်စီးခဲ့တယ်ဆိုရင် သိထားသင့်တာတွေရှိပါတယ်။
ကိုယ့်မြေမှာ ကိုယ်ဆောက်ထားတယ်ဆိုရင်တော့ အကြောင်း မဟုတ် ဘူး၊ မြေပိုင်ရှင်ရှိတဲ့ တိုက်ခန်းတွေ ဆိုရင် အကြောင်းအမျိုးမျိုးကြောင့် ပြိုကျ ပျက်စီးခဲ့တာတွေ၊ သက်တမ်းကုန်သွာတယ်ဆိုရင်တော့ တိုက်ခန်းအသစ်
ပြန်မရတတ်ပါဘူး၊ ပြိုကျခဲ့တယ်ဆိုရင် ပိုဆိုးတယ်၊ အခန်းက ကိုယ်ပိုင် တိုက် ခန်းတွေ ပါဆိုပြီး လက်ဆုပ်လက်ကိုင်ပြစရာမရှိတော့ဘူးဆိုတော့ ပြန်ရဖို့လဲ မရှိတော့ပါဘူး၊ ဒါပေမဲ့ ကိုယ့်အခန်း ပြန်ရဖို့ကို စရိတ်ပေးပြီး ပြန်တောင်းလို့ ရတယ်လို့ ရှေ့နေ ကိုအောင်က ပြောပါတယ်။
ဝယ်ယူထားတဲ့ တိုက်ခန်းတွေမှာ သက်တမ်းကုန်သွားတာ ဖြစ်ဖြစ်၊ ပြိုကျ ပျက်စီးသွားလို့ ကိုယ်နေတဲ့ အခန်းကို ပြန်လိုချင်တယ်ဆိုရင်တော့ တိုက် ခန်းတွေ ပြန်လည်တည်ဆောက်တဲ့အခါမှာ ကုန်ကျစရိတ်တွေကို ကျခံပေးေ ဆာင် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
သည်လိုမြေပိုင်ရှင်တွေရှိတဲ့တိုက်ခန်းမှာ အခန်းတွေကို ပြန်လည် လိုချင် တယ်ဆိုရင်တော့ ပိုင်ရှင်ကို တောင်းဆိုလို့ရပါတယ်။ အခန်းအတွက် ကုန်ကျ စရိတ်အနည်းငယ်ထည့်ပြီး အခန်းကို ပြန်လည် ယူနိုင်တယ်။
အခန်းစရိတ်စိုက်တဲ့အခါမှာ တိုက်ခန်းအသစ်တွေ ဝယ်သလောက်ဈေးကြီး မပေးရဘဲ အနည်းငယ်သာ ပေးဆောင်ရမှာဖြစ်ပါတယ်။
သည်အကြောင်းရင်းက အရင်တိုက်ဟောင်းမှာ မြေပိုင်ရှင် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်စာတမ်းတွေ ရှိနေတာကြောင့် အရင် အခန်း ပိုင်ရှင်ဖြစ်နေတာကြောင့် အခန်းပြန်တောင်းနိုင်တာလို့ သိရပါတယ်။
Credit: The Kumudra