ဟန်းနီးမွန်းစုံတွဲများနှင့် စီးပွားရေးသမားများအတွက် စုံတွဲအိပ်ယာထိုင်ခုံကို Qatar Airways ပြသ

ဟန်းနီးမွန်းစုံတွဲများနှင့် စီးပွားရေးသမားများအတွက် စုံတွဲအိပ်ယာထိုင်ခုံကို Qatar Airways ပြသ - Property News in Myanmar from iMyanmarHouse.com
10 Mar 2017 9:38 am တွင် တင်ခဲ့သည်
2008 ကြိမ် ကြည့်ရှု့ပြီး
ကာတာနိုင်ငံပိုင် Qatar Airways လေကြောင်းလိုင်းက ချစ်သူဇနီးမောင်နှံများ
အထူးသဖြင့် ဟန်းနီးမွန်းခရီးထွက်လာသည့် စုံတွဲများ၊ မိသားစုများ၊ သူငယ်ချင်းများနှင့်စီးပွားရေးလုပ်ဖော်ကိုင်ဖက်များအတွက် လေယာဉ်ခရီးစဉ်တစ်လျှောက်အေးအေးလူလူစကားစမြည်ပြောဆို၍ ယှဉ်လျက်လဲလျောင်းအိပ်စက်လိုက်ပါလာနိုင်မည့်
စုံတွဲအိပ်ယာ-လေယာဉ်ထိုင်ခုံသစ်တစ်မျိုးကို မိတ်ဆက်ပြသလိုက်ပြီဖြစ်သည်။

ယင်းသည် လေကြောင်းလောက၌ စီးပွားရေးတန်း လေယာဉ်ခန်းတွင် ထားရှိသည့်ပထမဆုံးစုံတွဲအိပ်ယာထိုင်ခုံဖြစ်လာမည် ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ Qatar Airways နဲ့ ဟန်းနီးမွန်းခရီးထွက်လိုက်ပါ။
တိတ်တိတ်လေးနေပေးဖို့တော့ လိုမယ်နော်" ဟု Qatar Airways ၏
အမှုဆောင်အရာရှိချုပ် အက်ဘာ အယ်လ်ဘာကာက ITB Berlin
ခရီးသွားလုပ်ငန်းပြပွဲတွင် ၎င်းထိုင်ခုံကို မိတ်ဆက်ပြသပြီးနောက် အရွှန်းဖောက်၍ပြောကြားခဲ့သည်။

QSuite ဟု အမည်ပေးထားသည့် ထိုထိုင်ခုံသည် ယခင်ထွက်ရှိဖူးသမျှ စုံတွဲအိပ်ယာထိုင်ခုံအမျိုးအစားများထက် ပိုမိုပြင်လွယ်ပြောင်းလွယ်၊ သက်သောင့်သက်သာရှိသည်။

ယင်းထိုင်ခုံများကို ဖွဲ့စည်းထားပုံမှာ စီးပွားရေးတန်းလေယာဉ်ခန်း၏ အလယ်လမ်းတွင်စုံတွဲထိုင်ခုံနှစ်ခုကို ၎င်းတို့အကြား၌ ရုပ်သံဖန်သားပြင်များ ခြားထား၍ မျက်နှာချင်းဆိုင်ဖွဲ့ထားခြင်းဖြစ်သည်။ လေးယောက်စုံညီ စီနင်းလိုက်ပါလိုပါက ထိုဖန်သားပြင်များကို
ဘေးတို့အလွယ်တကူဖယ်ရှား၍ စီးနင်းနိုင်မည်ဖြစ်သည်။

စုံတွဲထိုင်ခုံတစ်ခုကိုသာ အသုံးပြုလိုပါက ထိုရုပ်သံဖန်သားပြင်များ
ကို ကာလိုက်ခြင်းအားဖြင့် မျက်နှာချင်းဆိုင်မှစုံတွဲခုံနှင့်
မသက်ဆိုင်တော့ဘဲ သီးသန့်မူလစုံတွဲခုံတစ်ခုံ
ဖြစ်မည်ဖြစ်ကြောင်း Qatar Airways က တမြန်နေ့ (မတ် ၈) တွင် ထုတ်ပြန်ခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ဟန်းနီးမွန်းစုံတွဲများနှင့် စီးပွားရေးသမားများအတွက် စုံတွဲအိပ်ယာထိုင်ခုံကို Qatar Airways ပြသ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service