ဆော်ဒီအာရေးဘီးယား မြို့ပြလူနေနှင့် ပို့ဆောင်ရေးကဏ္ဍတွင် ကန်ဒေါ်လာ ၇၀၀ ဘီလီယံအထိ အကုန်အကျခံကာ ဆောက်လုပ်ရေးစီမံကိန်းများ အကောင်အထည်ဖော်လျက်ရှိ

ဆော်ဒီအာရေးဘီးယား မြို့ပြလူနေနှင့် ပို့ဆောင်ရေးကဏ္ဍတွင် ကန်ဒေါ်လာ ၇၀၀ ဘီလီယံအထိ အကုန်အကျခံကာ ဆောက်လုပ်ရေးစီမံကိန်းများ အကောင်အထည်ဖော်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
8 Mar 2017 12:22 pm တွင် တင်ခဲ့သည်
916 ကြိမ် ကြည့်ရှု့ပြီး
ဆော်ဒီအာရေးဗီးယားတွင် တစ်ကီလိုမီတာအမြင့်ရှိမည့် Jeddah Tower အပါအဝင် ထိပ်တန်း ဆောက်လုပ်ရေးစီမံကိန်းကြီး ၁၀ ခု၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၉၂ ဘီလီယံ တန်ကြေးရှိနေသည်။

ဆော်ဒီဆောက်လုပ်ရေးဈေးကွက်ကို ၂၀၁၇ ခုနှစ်အတွင်း ဆက်လက်မောင်းနှင်ကာ နိုင်ငံတကာ အာရုံစိုက်မှုရစေမည့် အဓိကစီမံကိန်းများမှာ ဖျော်ဖြေရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်ရာသစ်ဆောက်လုပ်မှုများ ဖြစ်ကြသည်။

လက်ရှိ ဆောက်လုပ်နေသော စီမံကိန်းများကို လေ့လာမည်ဆိုလျှင် မြို့ပြဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍဆိုင်ရာ ဆောက်လုပ်ရေးစီမံကိန်းများမှာ ဆော်ဒီအာရေးဘီးယား စုစုပေါင်းစီမံကိန်းများ၏ ၆၈ ရာခိုင်နှုန်းရှိပြီး တန်ဖိုးအားဖြင့်
ကန်ဒေါ်လာ ၇၀၀ ဘီလီယံဖိုးခန့်အထိ ရှိနေသည်။

တစ်ကီလိုမီတာ အမြင့်ရှိ Jeddah Tower တွင် အထပ်ပေါင်း ၂၅၂ ထပ်ပါဝင်ပြီး ကြမ်းခင်းဧရိယာ ၂၄၅၀၀၀ စတုရန်းမီတာ ရှိသည်။
အဆိုပါ အဆောက်အအုံတွင် ရုံးခန်းနေရာများ၊ အခန်း ၂၀၀ ပါ Four Seasons ဟိုတယ်၊ ပရိဘောဂအပြည့်အစုံပါ လူနေခန်း ၁၂၁ ခန်း၊ အခြားလူနေခန်းပေါင်း ၃၆၀ ခန့် ပါဝင်မည် ဖြစ်သည်။

Jeddah Tower ဆောက်လုပ်မှုအတွက် ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလံယံကုန်ကျမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားသည်။

စည်ပင်သာယာရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက အဓိကကဏ္ဍကြီးသုံးရပ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဖော်ဆောင်ရန် ရည်မှန်းထားရာ အဆောက်အအုံသစ်များ၊ ရင်ပြင်များနှင့် တူးမြောင်းများ ဖြစ်ကြသည်။

မြို့တော် ရီယာ့ဒ်ရှိ စီမံကိန်းများအနက် စီမံကိန်းကြီး ၄ ခုမှာ အကောင်အထည်ဖော် ဆောက်လုပ်နေဆဲ ဖြစ်သည်။
အိုးအိမ်ဝန်ကြီးဌာနမှ ဆောက်လုပ်သော ဒါဟီယက် အယ်လ် ဖာဆန်စီမံကိန်းတွင် လူနေအိမ်ပေါင်း ၁၀၀၀၀၀ ပါဝင်မည် ဖြစ်သည်။

ယင်းစီမံကိန်းတွင် လူနေအိမ်များ၊ လူနေခန်းများအပြင် ပညာရေးဆိုင်ရာ အဆောက်အအုံများ၊ ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး အဆောက်အအုံများ ပါဝင်မည်ဖြစ်သည်။
ဒါဟီယက် အယ်လ် ဖာဆန်စီမံကိန်းအတွက် ကန်ဒေါ်လာ ၂၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ၊ မတ်လတွင် အပြီးသတ်နိုင်ရန် ရည်မှန်းထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဆော်ဒီအာရေးဘီးယား မြို့ပြလူနေနှင့် ပို့ဆောင်ရေးကဏ္ဍတွင် ကန်ဒေါ်လာ ၇၀၀ ဘီလီယံအထိ အကုန်အကျခံကာ ဆောက်လုပ်ရေးစီမံကိန်းများ အကောင်အထည်ဖော်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service