စင်္ကာပူအခြေစိုက် အိမ်ခြံမြေကုမ္ပဏီ UOL က သြစတေးလျရှိ ဟီလ်တန်ဟိုတယ်ကို ကန်ဒေါ်လာ ၁၇၅ သန်းဖြင့် ဝယ်ယူ

စင်္ကာပူအခြေစိုက် အိမ်ခြံမြေကုမ္ပဏီ UOL က သြစတေးလျရှိ ဟီလ်တန်ဟိုတယ်ကို ကန်ဒေါ်လာ ၁၇၅ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
8 Mar 2017 12:19 pm တွင် တင်ခဲ့သည်
819 ကြိမ် ကြည့်ရှု့ပြီး
စင်္ကာပူအခြေစိုက် အိမ်ခြံမြေကော်ပိုရေးရှင်း UOL က သြစတေးလျရှိ ဟီလ်တန်မဲလ်ဘုန်း ဆောက်သ်ဝါ့ဖ်ဟိုတယ်ကို သြစတေးလျဒေါ်လာ
သန်း ၂၃၀ (ကန်ဒေါ်လာ ၁၇၅ သန်း) ဖြင့် ဝယ်ယူရန် သဘောတူညီချက်ရရှိခဲ့ကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

UOL သည် ကမ္ဘာကျော်ဟိုတယ်အုပ်စုများဖြစ်သော Pan Pacific နှင့် Park royal တို့၏ မိခင်ကုမ္ပဏီ ဖြစ်သည်။
ဝယ်ယူမည့်ဟိုတယ်မှာ ယာရာမြစ်ကမ်းဘေးတွင် တည်ရှိပြီး အခန်းပေါင်း ၃၉၆ ခန်း ပါဝင်ကြောင်း စင်္ကာပူစတော့အိတ်ချိန်းတွင် ကြေညာချက်တစ်ရပ်၌ ဖော်ပြသည်။

ရောင်းချသူမှာ နယူးယောက်စတော့အိတ်ချိန်း စာရင်းဝင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Host Hotels and Resorts, Inc နှင့် သြစတေးလျ အိမ်ခြံမြေ developer ဖြစ်သော Plenary တို့ ဖြစ်ကြသည်။
ဟိုတယ်၏ စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းမီတာ ၃၀၆၈၈ (၃၃၀၀၀၀ စတုရန်းပေ) ရှိသည်။

၉၉ နှစ်အငှားသက်တမ်းရှိသည့်အနက် တည်ဆောက်ခဲ့သည်မှာ ၈ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ရာ ၉၁ နှစ်အငှားသက်တမ်းကျန်ရှိသေးသည်။
၂၀၁၇ မေလ ၃၁ ရက်တွင် အပြီးသတ်အရောင်းအဝယ်ပြုလုပ်နိုင်မည်
ဟု ရောင်းသူဝယ်သူနှစ်ဘက်လုံးက မျှော်လင့်ထားသည်။
“ယခုဝယ်ယူမှုကြောင့် ကုမ္ပဏီပိုင် သြစတေးလျမှာရှိရင်းစွဲ ဟိုတယ်တွေနဲ့ စုပေါင်းလည်ပတ်နိုင်အား မြင့်တက်လာစေမယ့် အခွင့်အလမ်းရရှိလာမှာဖြစ်ပါတယ်” ဟု ကုမဏီ၏
ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

UOL သည် ၂၀၁၁ ခုနှစ်တွင် Pan Pacific Perth ဟိုတယ်ကို သြစတေးလျတွင် ဖွင့်လှစ်ခဲ့ရာ ကုမ္ပဏီ၏ ပထမဆုံးသြစတေးလျဟိုတယ်တစ်ခုလည်း ဖြစ်လေသည်။
Parkroyal ဟိုတယ်များသည် ဆစ်ဒနီနှင့် မဲလ်ဘုန်းမြို့ ကြီးများတွင်လည်း ဖွင့်လှစ်ထားပြီး ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စင်္ကာပူအခြေစိုက် အိမ်ခြံမြေကုမ္ပဏီ UOL က သြစတေးလျရှိ ဟီလ်တန်ဟိုတယ်ကို ကန်ဒေါ်လာ ၁၇၅ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
စင်္ကာပူအခြေစိုက် အိမ်ခြံမြေကုမ္ပဏီ UOL က သြစတေးလျရှိ ဟီလ်တန်ဟိုတယ်ကို ကန်ဒေါ်လာ ၁၇၅ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
စင်္ကာပူအခြေစိုက် အိမ်ခြံမြေကုမ္ပဏီ UOL က သြစတေးလျရှိ ဟီလ်တန်ဟိုတယ်ကို ကန်ဒေါ်လာ ၁၇၅ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service