တောင်ကြီးမြို့ပတ်ဝန်းကျင်သစ်တောမြေတွေက ကျူးကျော်အိမ်တွေကို ဖျက် သိမ်းမယ်ဆိုရင် အားလုံး တစ် ပြေးညီ ပွင့်လင်းမြင်သာအောင် လုပ်ဆော င်ပေးဖို့ လိုတယ်လို့ သဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားနေသူ တွေနဲ့ ဒေ သခံတွေက ပြောပါတယ်။
လက်ရှိတောင်ကြီးမြို့ မြို့အဝင်အထွက်နေရာတွေမှာ ကျူုးကျော်ဆောက်လုပ် ထားတဲ့ အိမ်ခြေ ၃၀၀ နီးပါး ရှိ တယ်လို့ ဒေသခံလူမှုအဖွဲ့အစည်းတွေဆီက သိရပါတယ်။
တောင်ကြီးမြို့အဝင် ၊ အေးသာယာမြို့သစ်အနီး ၊ သစ်တောမြေလို့ သတ် မှတ်ထားတဲ့နေရာမှာ ကျုးကျော် ဆောက်လုပ်ထားတဲ့ နေအိမ် ၁၀၀ ခန့် ရှိ တယ် ။ လက်ရှိနေရာကနေ ဖယ်ရှားပေးဖို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဖေဖော်ဝါရီလ ၂၁ ရက်နေ့ရက်စွဲနဲ့ စာပို့ထားတယ်လို့ သိရပါ တယ်။
သည်နေအိမ်တွေရဲ့ အနီးပတ်ဝန်းကျင်မှာ ၁၆ ဧက ကျော်ကျယ်ဝန်းတဲ့ သ ရက်ခြံရှိတယ်။ ဖယ်ရှားပေးဖို့ စာ ပို့ထားတဲ့ စာရင်းမှာ အဲသည်ခြံ မပါဝင် ဘူးလို့ အေးသာယာမြို့သစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုဒေါ်လာ က ပြောပါတယ်။
သူက ‘ဒီခြံကို ပြောင်းရွှေ့ဖို့ မသိကျိုးကျွန်ပြုနေတယ် ၊ ဒီသရက်ခြံတောင် မ ဖယ်ပေးဘဲနဲ့ ငါတို့ကလဲ မဖယ်ပေး ဘူးဆိုပြီး သွားနေကြရင်းနဲ့ တဖြည်းဖြည်း များလာကြတာပါ’ လို့ ပြောတယ်။
လက်ရှိအချိန်မှာတော့ သည်နေရာဝန်းကျင်မှာ ဆောက်လက်စအိမ် ၃၆ လုံး နဲ့ ဆောက်ပြီးသား အခြေကျ နေ ထိုင်နေတဲ့ အိမ်ပေါင်း ၈၃ လုံးရှိတယ် ။ တဲ အိမ်နဲ့ ထရံအိမ်အမျိုးအစားအိမ်တွေ ဖြစ်တယ်လို့ သိရပါတယ်။ သစ်တေြာေ မတွေမှာ ကျူးကျော်ထားပြီး သည်မြေတွေကို ရောင်းစားနေသူတွေ ရှိနေရင် လည်း ထိရောက်စွာ အ ရေးယူကိုင်တွယ်သင့်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားနေတဲ့ ချယ်ရီမြေကွန်ရက်က ဒေါ်ချယ်ရီကျော် က ပြောပါတယ် ။
သူက ‘အကုန်ဖျက်ရင်တော့ သရက်ခြံလဲဖျက်ရမှာပေါ့ ၊ ပွင့်လင်းမြင်သာမှု ရှိ သလို ညီမျှမှုလဲ ရှိရမှာပေါ့ ၊ သရက် ခြံက ကျူးကျော်တယ်ဆိုရင်လဲ ဘယ်ေ လာက်ပဲ ဖြစ်နေနေ ဖျက်ရမှာပဲ ၊ နည်းဥပဒေတွေနဲ့ တိတိကျကျ မကိုင် တွယ် ဘူးဆိုရင် နောင်ဒီထက်ဆိုးလာမှာပေါ့’ လို့ဆိုတယ်။
လက်ရှိကျူးကျော်ဆောက်လုပ်ထားတဲ့ မြေနေရာတွေမှာ အစိုးရပိုင်မြေ ၊ သစ်တောပိုင်မြေဆိုပြီး ဆိုင်းဘုတ် တွေ လာရောက်စိုက်ထူထားပေမဲ့ မကြာ ခဏ ဖျက်ဆီးခံနေရတယ်လို့ သိရပါတယ်။
လက်ရှိအေးသာယာမြို့သစ်အနီး ကျူးကျော်နေထိုင်တဲ့ သူတွေဟာ လက်လုပ် လက်စား အောက်ခြေ ဝန်ထမ်း တွေ များပါတယ် ။ တကယ်နေစရာမရှိလို့ ယာယီတဲအိမ်တွေဆောက်ပြီး နေနေရတာကြောင့် စဉ်းစားပေးဖို့ လို အပ် တယ်လို့ နေထိုင်သူတွေက ဆိုပါတယ်။
‘ကျွန်တော်တို့မှာ တကယ်နေစရာမရှိဘူး ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုလဲ အသနားခံစာတင်ချင်တာ မလုပ်ပေး ဘူး’ လို့ လက်ရှိနေထိုင်သူ တစ်ဦးဖြစ် တဲ့ ဦးကျော်ခင်က ပြောပါတယ်။
လက်ရှိတောင်ကြီးမြို့နဲ့ အနီးဆုံးနေရာတွေမှာ ကျူးကျော် ဝင်ရောက်နေ ထိုင်နေတဲ့ မြေနေရာတွေမှာ နေရာ အ လိုက် မြေတစ်ကွက်ကို (ပေ ၄၀ ပတ်လည်) ကို ကျပ်သုံးသိန်းကနေ သိန်း ၅၀ အထိ ပေါက်ဈေးရှိတယ်လို့ သိရ ပါတယ်။
တောင်ကြီးမြို့ကနေ ဟိုပုံးမြို့ကို သွားရာလမ်းတစ်လျှောက် တောင်ကုန်းေ ပ်ါမှာ ကျူးကျော်မြေအဖြစ် သတ် မှတ်ထားတဲ့ မြေတွေမှာ လူနေထိုင် တာတွေ ပိုများလာပြီး အရောင်းအဝယ်တွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။
Credit: The Kumudra