သီလ၀ါအထူးစီးပွားရေး ဇုန် အပိုင်း(ခ) အကောင်အထည် ဖော်ပြီး တစ်ပတ် အတွင်း MTSH ကုမ္ပဏီ ရှယ်ယာတန်ဖိုး ၁၂ ရာ ခိုင်နှုန်းခန့် မြင့်တက်ကာ ရှယ်ယာ အရေအတွက်လည်း ၃၅,၀၀၀ ကျော် အရောင်းမြင့်တက်လာခဲ့ သည်။
ဖေဖော်ဝါရီ ၂၄ ရက်တွင် MTSH (သီလ၀ါအထူးစီးပွားရေး ဇုန် အများပိုင် ကုမ္ပဏီ) ရှယ်ယာ သည် ကျပ် ၄,၂၀၀ ပေါက်ဈေးရှိ သော်လည်း မတ်လ ၃ ရက်တွင် ကျပ် ၄,၇၀၀ အထိ မြင့်တက်ခဲ့ သည်။ ထို့အပြင် ဖေဖော်ဝါရီ ၂၄ ရက်တွင် အစုရှယ်ယာ အရေအ တွက် ၆,၀၀၀ ကျော် အရောင်း အ၀ယ် ရှိသော်လည်း မတ်လ ၃ ရက်၌ အစုရှယ်ယာ ၃၅,၀၀၀ ကျော်အထိ အေ ရာင်းအ၀ယ်ဖြစ် ခဲ့သည်။
အဆိုပါ ဈေးနှုန်းသည် ရန် ကုန်စတော့အိတ်ချိန်းတွင် ဈေး နှုန်းနှင့် ရှယ်ယာ ၀ယ်လိုအား ကျ ဆင်းနေသည့် MTSH ကုမ္ပဏီ အတွက် ၂၀၁၇ အတွင်း ပထမဦး ဆုံး ပြန်လည်မြင့်တက်လာသော ပမာဏများဖြစ်သည်ဟု MTSH ရှယ်ယာပိုင်ရှင်များကဆိုသည်။
‘‘အပိုင်း(ခ)လုပ်တော့ သီ လ၀ါ ပြန်တက်လာတယ်။ ရှယ် ယာတွေ ပြန်လှုပ် တဲ့သဘောပဲ။ စီမံကိန်းတွေ စလာတော့ စီးပွား ရေးတွေ ပြန်အသက်ဝင်လာ တယ်’’ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။ MTSH သည် အမေရိကန် ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ သီလ၀ါ အထူးစီးပွားရေးဇုန်ကို ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခွင့် ရရှိထား သော ကုမ္ပဏီဖြစ်သည်။
အဆိုပါစီမံကိန်းတွင် မြေ ဧက ၆,၀၀၀ ကျော်ပါဝင်ပြီး အ ပိုင်း (က) စီမံ ကိန်းကို ၂၀၁၅ နှစ် ကုန်၌ ဖွင့်လှစ်ခဲ့သည်။ MTSH သည် ၂၀၁၇ ဇန်န၀ါရီ တွင် ရှယ် ယာပေါင်း ၂၁၀,၀၀၀ နှင့် အစု ရှယ်ယာတန်ဖိုး ကျပ်သန်း ၉၀၀ ဖိုး အရောင်းအ၀ယ်ဖြစ်ပြီး ဖေ ဖော်ဝါရီ၌ ရှယ်ယာပေါင်း ၂၀၀,၀၀၀ေ ကျာ်နှင့် အစုရှယ် ယာတန်ဖိုး ကျပ်သန်း ၈၅၀ ဖိုး အရောင်းအ၀ယ်ဖြစ်ခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် စာရင်းဝင်ကုမ္ပဏီဖြစ်သည့် FMI ကုမ္ပဏီ သည့် ၎င်း၏ Landmark စီမံကိန်းအသစ်စတင်ပြီး နောက် ကိုးရက်အတွင်း FMI ကုမ္ပဏီရှယ်ယာဈေး ၄၀ ရာခိုင် နှုန်း မြင့်တက်လာခဲ့သည်။
Credit: 7DayDaily