နေပြည်တော်မှာ အခုဘဏ္ဍာနှစ်အတွက် မြေယာလျော်ကြေးပေးဖို့ ကျပ် သိန်း ၉၀၀၀ ကျော် ကျန်ရှိသေးတာကြောင့် အခုလကုန် အပြီး ပေးနိုင်ေ ရး ဆောင်ရွက်မယ်လို့ သိရပါတယ် ။
နေပြည်တော်မှာ မြေယာလျော်ကြေးတွေ ပြန်လည်ပေးအပ်ဖို့အတွက် ဘတ် ဂျက်ငွေ သိန်း ၉၀၀၀ ရှိနေပြီး ပြန်လည်ပေးအပ်ရမယ့် စာရင်းတွေ အတိအ ကျ တွက်ချက်ပြီး ဖြစ်တာကြောင့် စည်ပင်သာယာရေးကော်မတီရဲ့ ခွင့်ပြု ချက်ရတာနဲ့ လျော်ကြေးတွေကို ပြန်လည်ပေးအပ်မှာ ဖြစ်တယ် ။
‘၂၀၁၆ - ၂၀၁၇ ဘတ်ဂျက်က ခွင့်ပြုခဲ့တဲ့ သိန်း ၉၀၀၀ ဝန်းကျင်ရှိပါတယ် ၊ စာရင်းက အတိအကျတွက်ချက်ပြီးပါပြီ ၊ ခွင့်ပြုချက်ရတာနဲ့ ပေးသွားမှာပါ ၊ ဒါတွေကို အမြန်ဆုံးဆောင်ရွက်ပေးပါလို့ တောင်းဆိုထားတယ် ၊ မဟုတ်ရင် ဘတ်ဂျက်နှစ်မှာ မသုံးရင် နိုင်ငံတော်ကို ပြန်အပ်ရမှာ ဖြစ်တယ်’ လို့ နြေ ပည်တော် စည်ပင်သာယာရေး ကော်မတီက အဖွဲ့ဝင် ဦးမင်းသူက ပြော ပါတယ် ။
ဘတ်ဂျက်နှစ်ကုန်က ဧပြီလဖြစ်တာကြောင့် ဧပြီလ ၁ ရက်နေ့မတိုင်ခင် ယခု လ ကုန်မှာ သည်ငွေကို အပြီးပေးရမှာ ဖြစ်ပါတယ် ။ မပေးနိုင်ရင်တော့ အ စိုးရကို ပြန်အပ်ရမှာပါ ။ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှာ မြေယာလျော်ေ ကြး ပြန်လည်ပေးအပ်နိုင်ရန်အတွက် လွှတ်တော်မှာ ငွေကျပ်သိန်း ၂၀၀၀ ကို ထပ်မံတောင်းခံထားပါတယ် ။
ဥပဒေအရ သစ်တောမြေယာ လျော်ကြေးပေးရိုး ထုံးစံမရှိဘူးလို့လည်း သိရ ပါတယ် ။ ဒါပေမဲ့လည်း နေပြည်တော် တည်ဆောက်ရေးကာလမှာ သိမ်း ဆည်းခဲ့တဲ့ မြေအားလုံးကို အရင်အစိုးရလက်ထက်က လျော်ကြေးပေးချေခဲ့ တဲ့နှုန်းမှာ တစ်ဧကကို ဦးပိုင်ပေါက်လယ်မြေဆိုရင် သုံးသိန်းခွဲ ၊ ဥယျာဉ်ြ ခံမြေကို နှစ်သိန်းခွဲ ၊ သစ်တောမြေမှာ လုပ်ကိုင်စားသောက်တာ အမှန်တ ကယ် ပြနိုင်ရင် လယ်မြေကို နှစ်သိန်း ၊ ယာမြေကို တစ်သိန်း နှုန်း နဲ့ လျော်ေ ကြးပေးချေခဲ့တယ်လို့ သိရပါတယ် ။
၂၀၁၂ မတိုင်ခင်က သစ်တောမြေမှာ လုပ်ကိုင်စားသောက်နေ တဲ့ တောင် သူတွေဟာ ယာမြေကို စိုက်ပျိုးတဲ့အတွက် လျော်ကြေးငွေ တစ်သိန်းနှုန်းက အများဆုံး ရရှိခဲ့တယ် ။
ဦးပိုင်ပေါက်လယ်မြေ မြေခွန်ဆောင်ထားတဲ့ သုံးသီးစား လယ်ယာမြေကျေ တာ့ တစ်ဧကကို သုံးသိန်းနှုန်းနဲ့ပဲ လျော်ကြေးရရှိတာ ဖြစ်တာကြောင့် မျှတ မှု မရှိတဲ့ ပမာဏ ဖြစ်ပါတယ် ။
သဘာဝကျ ‘အဲဒီလိုတောင်သူတွေ လျော်ကြေးပြန်လည် တိုးမြှင့်ဖို့တောင်း ဆိုတာ သဘာဝကျပါတယ် ၊ အရင်အစိုးရက သတ်မှတ်ခဲ့တဲ့ နှုန်းတာအတိုင်း တွက်ချက်ခဲ့တာဖြစ်ပါတယ် ၊ ဒါပေမဲ့လဲ သိမ်းဆည်းခံ တောင်သူရဲ့ ၉၉ ရာ ခိုင်နှုန်းကို လျော်ကြေးငွေအနေနဲ့ ပြန်ပေးပြီးသားဖြစ်ပါတယ် ၊ နာမည်ေ ပါက် မကိုက်တာမျိုးတွေတော့ ရှိပါတယ်’ လို့ ဦးမင်းသူက ပြောပါတယ် ။
သစ်တောမြေက နာမည်ပေါက်မရှိတဲ့အတွက် မြေယာစိစစ်ရေးအဖွဲ့တွေက သူတို့ရဲ့သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ် ။နောက် ထပ် တိုးမြှင့်ပြီး လျော်ကြေးပြန်လည်ပေးအပ်ဖို့အတွက်ကိုလည်းမြေယာစိစစ်ရေးအဖွဲ့ကပဲ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။
တောင်သူတွေရဲ့ တောင်းခံမှု ၊ ပြောင်းရွှေ့စရာ မြေနေရာမရှိတာကြောင့် စည်ပင်သာာရေးကော်မတီအနေနဲ့ လျော်ကြေးပေးချေခဲ့တာ ဖြစ်ပါတယ် ။
Credit: The Modern