အောင်မြင်ကျော်ကြားသူများ၏ ဘ၀များ

အောင်မြင်ကျော်ကြားသူများ၏ ဘ၀များ - Property Knowledge in Myanmar from iMyanmarHouse.com
16 Feb 2017 12:24 pm တွင် တင်ခဲ့သည်
3296 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အတုယူအားကျစရာကောင်းသော အောင်မြင်ကျော်ကြားသူများ၏ ဘ၀များ

အမှန်တကယ် အလေးအနက်ထားပြီးအောင်မြင်ချင်သူများအတွက် အကောင်းဆုံးသောနည်းလမ်းတခုမှာ အောင်မြင်ကျော်ကြားသူများ၏ ဘ၀ဖြတ်သန်းပုံများကိုလေ့လာသင်ယူပြီး လက်တွေ့ကျကျ အကောင်အ ထည်ဖော် ရန်ဖြစ်သည်။

အောင်မြင်လိုသောစိတ်ရှိသူတော်တော်များလည်း ဘ၀တွင်ကျရှုံးမှုများ ကြုံတွေ့ရလေ့ရှိတတ်ကြပါတယ်။ အဘယ်ကြောင့် ဆိုသော် အောင်မြင် သူများ၏ သာယာလှပသော ဘ၀ကိုသာမြင်တွေ့ကြတတ်ပြီး လက်ရှိ ဘ၀ ကို ရောက်ဖို့ ဘယ်လိုရုန်းကန်ဖြတ်သန်းခဲ့ရလည်းဆိုတာ မမြင်နိုင်၊ မသိနိုင် ခဲ့ကြလို့ပါ။

အောင်မြင်သော သူများ၏ ဘ၀ဖြတ်သန်းပုံကိုသိရှိခြင်းအားဖြင့် သင်လည်းပဲ ဘယ်လိုအတုယူကျော်ဖြတ်နိုင်မလဲ သင့်အတွက်ကော ဘယ်လို အခွင့် အရေးတွေ ရရှိပြီး ပန်းတိုင်ကိုရောက်ဖို့ဘယ်လိုလျှောက်လမ်းရမလဲဆိုတာ သင်ခန်းစာယူနိုင်မှာပါ။

ကျွန်တော်ဝေမျှလိုသော အကြောင်းအရာလေး ကတော့ အောင်မြင်ကျော် ကြားသူများ၏ အတိုချုန်းထားတဲ့ဘ၀သင်ခန်းစာလေးတွေပါ။ အခက်အ ခဲတွေ ကိုကျော်ဖြတ်ပြီး အများလေးစား ဂုဏ်ယူတဲ့ ဘ၀ကိုရောက်ရှိခဲ့ ပုံလေးပေါ့။

Soichiro Honda – ဟွန်ဒါကုမ္ပဏီကိုတည်ထောင်ထားသူပေါ့။ ဟွန်ဒါလို့ ဆိုလိုက်တာနဲ့ မသိသူမရှိလောက်ဖြစ်တဲ့ကမ္ဘာကျော်ကားအမျိုးအစားပါ။ တချိန်ကဟွန်ဒါ မတည်ထောင်ခင် တိုယိုတာကား ကုမ္ပဏီမှာ ၀န်ထမ်းအဖြစ် အလုပ်လျှောက်စဉ် မိမိနှင့်သင့်တော်သောနေရာမရှိဟု အငြင်းခံလိုက်ရသူ တဦးဖြစ်ခဲ့ပါတယ်။ စိတ်ဓာတ်မကျတဲ့အပြင် မခံချင်စိတ်ဖြင့် ကြိုးစားသဖြင့် ယခုအချိန်မှာ တိုယိုတာနှင့်အပြိုင်ကုမ္ပဏီတခုအဖြစ် ရပ်တည်နေနိုင်ပါပြီ။ သင်လည်းပဲ ဘယ်လိုပဲအငြင်းခံရပါစေ သင်ရောက်လိုသော ပန်းတိုင် ကို ရောက်အောင် သွားပါ။

Stephen King- နာမည်ကြီးစာရေးဆရာတဦးလို့ လူသိများတဲ့ စတီဗင်ကင်း ဟာ ဆိုရင်လည်းပဲ ပထမဦးဆုံးဝတ္တုကိုဖြန့်ချီရန်ကြိုးစားရာတွင်ဘယ်လိုမှ အစဉ်မပြေခဲ့ပဲ အမှိုက်ပုန်းထဲအထိမိမိစာအုပ်ကိုစွန့်ပစ်ခဲ့ပြီး ဇနီးမယား၏ အားပေး၊ တိုက်တွန်းမှုဖြင့် အမှိုက်ပုန်းထဲကပြန်လည်ကောက်ယူ
ကာနောက် တကြိမ် ဖြန့်ချီရန် ကြိုးစားရာမှ အစပြုကာအောင်မြင်ကျော်ကြား သူ တဦးဖြစ်လာခဲ့သည်။ သင်ခန်းစာအနေဖြင့် ကိုယ့်ကိုကိုယ်ယုံကြည်ပါ ဘယ်သူမှလက်မခံသေးခင်ကာလမှာ စိတ်ရှည်၊ဇွဲရှိစွာကိုယ်သွားလိုသော ခရီးကိုရောက်အောင်သွားပါ။

Thomas Edison- သောမတ်စ်အဲဒီစင် လို့ဆိုလိုက်ရင်တော့ လူအများ သိပြီးတဲ့ အတိုင်း မီးသီးတလုံးထွန်းလင်းဖို့အတွက် မီးသီးပေါင်း ၉၉၉လုံးကို အရင်စမ်းသပ်ခဲ့ရာ မအောင်မြင်သေးပဲ အလုံးတထောင်ရောက်မှ ပင်အောင်မြင်စွာ တည်ထွင်နိုင်ခဲ့တာပါ။ မဆုတ်မနစ်ကြိုးပမ်းမှုအတွက် အံအားသင့်စရာကောင်းပေမယ့် သူ့ရဲ့တုံ့ပြန်မှုကတော့ မအောင်မြင်ခဲ့သော မီးသီးတလုံးကိုစမ်းသပ်တိုင်းဒါဟာနည်းလမ်းအမှန်မဟုတ် မီးသီး မီးထွန်း လို့ရတဲ့ အထိထပ်ကာတလဲလဲ ကြိုးစားခဲ့သူ တဦးဖြစ်သည်။ သင်လည်းပဲ ဘ၀တွင်ဘယ်လိုကျရှုံးမှုများစွာကြုံတွေ့နေပါစေ သောမတ်စ်အဲဒီစင်ရဲ့ ဘ၀သင်ခန်းစာကိုယူက သင်လိုချင်သောဘ၀မျိုးဖြစ်အောင် ကြိုးစားပါ။

Oprah Winfrey- ကမ္ဘာ့အချမ်းအသာဆုံး အမျိုးသမီးတွေထဲကတဦးဖြစ်တဲ့ ရုပ်သံတင်ဆက်သူ အိုပရာဟာ ဆိုရင်လည်းပဲသူမရဲ့ဘ၀ ယခုလိုမဖြစ်ခင်စဉ် က အလုပ်မှတကြိမ်အထုတ်ခံရဖူးပြီး ရုပ်သံလောကကိုဝင်စ က သူမနဲ့ မကိုက်ညီနိုင်ဟု အပြောခံခဲ့ရဖူးသူဖြစ်သည်။ သူမလည်း မည်သို့သော အခါကမျှ အရှုံးသမားလို့ မခံယူပဲရုန်းကန်ကြိုးစားရာမှ ယခုလိုအများ အထင်ကြီးလေးစားရတဲ့ လူတဦးအဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ။

Bill Gates – ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် မိုက်ကရိုဆော့ဖ်ကို တည်ထောင် သူဘေးလ်ဂိတ်ဟာဆိုရင်လည်း တချိန်ကအခြားကုမ္ပဏီတခုမှာ ပရောဂျက် တခုအတွက် ၎င်း၏အိုင်ဒီယာကို အဆိုတင်သွင်းရာ အငြင်းခံခဲ့ရဖူးပါတယ်။ သူလည်းပဲလူတကာအထင်ကြီးလေးစားတဲ့ ဘေးလ်ဂိတ်ဖြစ်လာပြီ မဟုတ် ပါလော။

ထိုအောင်မြင်ကျော်ကြားသူများရဲ့ ဘ၀သင်ခန်းစာများကိုအမိအရ ရယူပြီး သင့်ဘ၀အတွက် အကျိုးရှိအောင် လက်တွေ့အသုံးချနိုင်မယ်ဆိုရင် သင် လည်းပဲ သင်လိုချင်သော အောင်မြင်သောဘ၀ကိုပိုင်ဆိုင်နိုင်မှာပါ။

ကျွန်တော်အတွက်တော့ဘ၀သင်ခန်းစာများအဖြစ်ရရှိလိုက်တာကတော့……………….

၁) အငြင်းခံရခြင်းများစွာရှိခဲ့သော် ကိုယ့်ဘ၀အတွက် အရှုံးသမားအဖြင့် မခံယူရန်
၂) ရှုံးနိမ့်ခဲ့ဖူးခြင်းကို ပြသနာတခုဟု မထင်မှတ်ရန်
၃) ကိုယ့်ကိုလက်မခံသူများဟာ ကိုယ့်အကြောင်းကို မသိသောသူများ အဖြစ် သာ မှတ်ယူရန်
၎) ဘယ်သူလက်ခံခံ မခံခံ ကိုယ့်ကိုကိုယ် ယုံကြည်မှုအမြဲတမ်းရှိရန်

ဘ၀တွင် ဘယ်လိုပင် ခက်ခဲကြမ်းတမ်းပါစေ မလျှော့သော ဇွဲဖြင့် ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။


Credit: Bagan Mart

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service