တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂ဝ၁၆ ခုနှစ်တွင် ခန့် မှန်းခြေ ၆.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံကိန်းပညာရှင် တစ်ဦးက ဇန်နဝါရီလ ၁ဝ ရက်တွင်ပြောကြားလိုက်သည်။
ကမ္ဘာ့  ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးတရုတ်နိုင်ငံသည် ၂ဝ၁၆ ခုနှစ် ပထမ ၊ ဒုတိယ ၊ တတိယ လေးလပတ်များအတွင်း စီးပွားရေးတိုးတက်မှုနှုန်းတူညီခဲ့ကြောင်း တရုတ်နိုင်ငံအမျိုးသားဖွံ့ ဖြိုးတိုးတက်မှု နှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ညွှန်ကြားရေးမှူးXu Shaoshi က ပြောကြားခဲ့သည်။
ထို့ ပြင် ၂ဝ၁၆ ခုနှစ်တွင် စားသုံးမှုပမာဏသည် ၇၁ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ရာ ပြီးခဲ့သော နှစ်ကထက် ၁၃ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း Xu က ပြောသည်။
တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယွမ်ငွေ ၇ဝ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၁ဝ.၁ ထရီလီယံ ) ထိရှိခဲ့ရာ ယွမ်ငွေ ၅ ထရီလီယံထိ တိုးတက်ခဲ့ကြောင်း နှင့် အဓိကစီးပွားရေးလုပ်ငန်းများတွင် မှတ်သားထိုက်သော ဖွံ့ ဖြိုးတိုးတက်မှုပမာဏဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF) ကထုတ်ပြန်သော အစီရင်ခံစာ၌ ၂ဝ၁၆ ခုနှစ် ကမ္ဘာ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုတွင် တရုတ်နိုင်ငံ၏ ပါဝင်မှုသည် ၁.၂ ရာခိုင်နှုန်း (သို့ မဟုတ်) ၃ဝ ရာခိုင်နှုန်းကျော်ထိ ရှိနေရာ ၊ ယင်းအနေအထားတွင် အမေရိကန်နိုင်ငံက ဝ.၃ ရာခိုင်နှုန်းသာ ပါဝင်လျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည။
Credit: Xinhua