သီလ၀ါ အထူးစီးပွားရေးဇုန်တွင် စက်မှုထုတ်ကုန်လုပ်ငန်း ရင်းနှီးမှု အများဆုံးဖြစ်

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် စက်မှုထုတ်ကုန်လုပ်ငန်း ရင်းနှီးမှု အများဆုံးဖြစ် - Property News in Myanmar from iMyanmarHouse.com
22 Dec 2016 10:39 am တွင် တင်ခဲ့သည်
621 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ ပထမဦး ဆုံး အထူးစီးပွားရေးဇုန်ဖြစ်သည့် သီလ၀ါအထူးစီးပွားရေးဇုန်တွင် လက်ရှိအထိ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု လုပ်ငန်းငါးမျိုးဝင်ရောက်ထား ပြီး ယင်းတို့အနက် စက်မှုထုတ် ကုန်လုပ်ငန်းသည် ၇၆ ရာခိုင်နှုန်း ကျော်ဖြင့် အများဆုံးဝင်ရောက် ထားကြောင်း သတင်းရရှိသည်။

အဆိုပါ အထူးစီးပွားရေးဇုန် တွင် ၀င်ရောက်ထားသည့် လုပ် ငန်းများမှာ စက်မှုထုတ်ကုန်လုပ် ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ၀န် ဆောင်မှုနှင့် ရောင်းဝယ်ရေးလုပ် ငန်းနှင့် အိမ်ရာလုပ်ငန်းတို့ဖြစ်ပြီး လုပ်ငန်း စုစုပေါင်း ၇၅ ခု ၀င် ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံ မှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

‘‘အားလုံးကို ခြုံပြောရမယ် ဆိုရင် သီလ၀ါမှာ စက်မှုလုပ်ငန်း က လေးပုံသုံးပုံ ၀င်ရောက်တယ် လို့ ပြောရမယ်’’ဟု ၎င်းက ဆက် လက်ပြောသည်။

အဆိုပါ သီလ၀ါအထူးစီးပွား ရေးဇုန်တွင် ၀င်ရောက်ရင်းနှီးမြှုပ် နှံထားသည့် လုပ်ငန်းအားလုံး၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၉၀၀ ကျော်ဖိုးရှိ သည်။ ယင်းတို့အနက် စက်မှု ထုတ်ကုန်လုပ်ငန်းမှာ လုပ်ငန်း အားလုံး၏ ၇၆ ရာခိုင်နှုန်းကျော် ဖြင့် အများဆုံးဖြစ်ပြီး သယ်ယူပို့ ဆောင်ရေးလုပ်ငန်းမှာ ၈ ရာခိုင် နှုန်းဖြင့် ဒုတိယ အများဆုံးဖြစ် သည်။ ၇ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ၀န်ဆောင်မှုလုပ်ငန်း၊ ထို့နောက် ကုန်သွယ်ရေးလုပ်ငန်းက ငါးခု၊ အိမ်ရာလုပ်ငန်း တစ်ခုဖြင့် အသီး သီး ၀င်ရောက်ရင်းနှီးမြှုပ်နှံထား ကြောင်း အဆိုပါကော်မရှင်မှ သိရသည်။ သီလ၀ါ အထူးစီးပွားရေး ဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံ လိုသည့် အနောက်နိုင်ငံများသည့် မြန်မာနိုင်ငံတွင် ထုတ်ကုန်ထုတ် လုပ်ပြီး ဥရောပနိုင်ငံများသို့ ပြန် လည်တင်ပို့သည့် လုပ်ငန်းများ ကို အဓိကသဘောကျကြောင်းဦးအောင်နိုင်ဦးက ပြောသည်။

လက်ရှိသီလ၀ါအထူးစီးပွား ရေးဇုန်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံ မှ ကုမ္ပဏီ ၇၉ ခုက လုပ်ငန်းများ လုပ်ကိုင်နေပြီး ၂၀၁၆ ပထမ ခြောက်လအတွင်း အမြတ်ငွေကျပ် ၁၁ ဘီလီယံရရှိခဲ့ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ (MTSH) က ကြေညာထားသည်။

MTSH သည် သီလ၀ါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မ တီ၊ JICA (ဂျပန်အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေး အေ ဂျင်စီ)၊ ဂျပန်ကုမ္ပဏီများပေါင်း စည်းသည့် MMSTD ကုမ္ပဏီတို့ ဖြင့် ပူးပေါင်းပြီး မြန်မာ-ဂျပန် သီလ၀ါဖွံ့ဖြိုးတိုးတက်ရေး လီမိ တက် (MJTD) အဖြစ် သီလ၀ါအ ထူးစီးပွားရေးဇုန်ကို အကောင်အ ထည်ဖော်နေခြင်းဖြစ်သည်။

MJTD သည် သီလ၀ါအထူးစီးပွားရေးဇုန်အပိုင်း (က)ကို မြေဧကဟက်တာ ၄၀၀ (ဧက ၁,၀၀၀) အကောင်အထည်ဖော်ခဲ့ပြီး အောက်တိုဘာ ၂၁ ရက်က အပိုင်း(ခ)တွင် မြေဧက ဟက်တာ ၁၀၀ အကောင်အထည်ဖော်ရန် ရှယ်ယာများနှင့်လက်မှတ်ရေးထိုးခဲ့သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service