မြေလွတ်၊ မြေရိုင်းများ လုပ်ပိုင်ခွင့် ရရှိပြီးနောက် ဆက်လက်လုပ်ကိုင်ခြင်းမရှိပါက ပြန်လည် အပ်နှံ ရန် ကြေညာ

မြေလွတ်၊ မြေရိုင်းများ လုပ်ပိုင်ခွင့် ရရှိပြီးနောက် ဆက်လက်လုပ်ကိုင်ခြင်းမရှိပါက ပြန်လည် အပ်နှံ ရန် ကြေညာ - Property News in Myanmar from iMyanmarHouse.com
20 Dec 2016 10:44 am တွင် တင်ခဲ့သည်
951 ကြိမ် ကြည့်ရှု့ပြီး
မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိပြီးနောက် ဆက်လက် လုပ်ကိုင်ခြင်းမရှိပါက ပြန်လည်အပ်နှံရန် ကချင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့က ဒီဇင်ဘာ ၁၉ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ကချင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများ မပြဋ္ဌာန်းမီ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့မှ ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာ ဦးရေ ၃၀၃ ဦးအား မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း ဧရိယာ ၅၉၀၄၆၀ ဒသမ ၈၃ ဧကကို နှစ် ၃၀ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးခဲ့ကြောင်း သိရသည်။

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်လုပ်ကိုင်နိုင်ခြင်း၊ အသုံးပြုနိုင်ခြင်း မရှိပါက ဤအမိန့်ကြေညာစာ ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ပြန်လည်အပ်နှံရန် အကြောင်းကြားကြောင်း ထုတ်ပြန်ခဲ့သည်။

လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးခဲ့သော်လည်း ၂၀၁၂ ခု နှစ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ အခန်း (၇) တွင် ဤဥပဒေ မပြဋ္ဌာန်းမီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့၏ ခွင့်ပြု မိန့်အရ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသော ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး ပုဒ်မ ၂၂ ပုဒ်မခွဲ(ဂ)တွင် 'မူလခွင့်ပြု ကာလထက် ကျော်လွန်သည့်အထိ ဖော်ထုတ် လုပ်ကိုင် အသုံးပြုခြင်း မရှိသေးသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို နိုင်ငံတော်က ပြန်လည် သိမ်းယူပြီးဖြစ်သည်ဟု မှတ်ယူရမည်' ဟု အမိန့်ကြေညာချက်အတွင်း ဖော်ပြခဲ့သည်။

အလားတူ ပုဒ်မ ၂၂ ပုဒ်မခွဲ(ဃ)တွင် 'မူလခွင့်ပြုကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်း ဆောင်ရွက်ရန် ပျက်ကွက်ကြောင်း သို့မဟုတ် စည်းကမ်းချက်ကို ချိုးဖောက်ကြောင်းတွေ့ရှိပါက အာမခံကြေးကိုနိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းမည့်အပြင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကို ပြန်လည် ရုပ်သိမ်းခံရမည်' ဟုလည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများသည် 'မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြု ခွင့် ရရှိပြီးနောက် ဆက်လက် လုပ်ကိုင်နိုင်ခြင်း၊ အသုံးပြုနိုင်ခြင်း မရှိပါကဗဟိုကော်မတီသို့ ပြန်လည်အပ်နှံရမည်'ဟု ပြဋ္ဌာန်းထားသည်ဟု ကြေညာခဲ့သည်။

လုပ်ကိုင်ခွင့်၊ အသုံးပြု ခွင့်ရရှိပြီးနောက် ဆက်လက် လုပ်ကိုင်နိုင်ခြင်း အသုံးပြုနိုင်ခြင်း မရှိသည့် မြေဧရိယာ တစ်စိတ်တစ်ဒေသအား ပြန်လည်အပ်နှံသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြေစာရင်း ပုံစံ(၁၀၅)၊မြေပုံမူရင်းသုံးပုံကို လုပ်ပိုင်ခွင့်၊အသုံးပြုခွင့်ရရှိခဲ့သည့် မြေဧရိယာအတွက် မြေစာရင်းပုံစံ(၁၀၅)၊ မြေပုံ မူရင်းတစ်ပုံ၊ တစ်စိတ်တစ်ဒေသ ပြန်လည် အပ်နှံမည့် မြေဧရိယာအတွက် မြေစာရင်းပုံစံ ၁၀၅ ၊မြေပုံ မူရင်းတစ်ပုံ၊ ကျန်ရှိသည့် မြေဧရိယာအတွက် မြေစာရင်းပုံစံ ၁၀၅ ၊ မြေပုံမူရင်း တို့ကို တင်ပြရမည်ဟု သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service