စတော့အိတ်စ်ချိန်းက စိတ်ဝင်စားမှု လျော့နည်းခြင်းနှင့်အတူအားရစရာမရှိသည့် အခြေအနေသို့ ရောက်ရှိနေ

စတော့အိတ်စ်ချိန်းက စိတ်ဝင်စားမှု လျော့နည်းခြင်းနှင့်အတူအားရစရာမရှိသည့် အခြေအနေသို့ ရောက်ရှိနေ - Property News in Myanmar from iMyanmarHouse.com
13 Dec 2016 10:59 am တွင် တင်ခဲ့သည်
994 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စ တော့အိတ်စ်ချိန်း စတင်ချိန်တွင် အောင် မြင်မှုရှိခဲ့သော်လည်း လက်ရှိအချိန် တွင်ပြည်သူများစိတ်ဝင်စားမှုလျော့ နည်းခြင်းနှင့်အတူအားရစရာမရှိ သည့်အခြေအနေသို့ရောက်ရှိနေ ကြောင်း စတော့အိတ်စ်ချိန်း တည် ထောင်မှုတွင် ပါဝင်ခဲ့သည့် ယခင်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်းဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် တွင် ပြု လုပ်သော Stocks & the Stock Market Seminar အခမ်းအနားတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာမောင်မောင်သိမ်းက''၂ဝ၁၆ ခုနှစ်အတွက်စတော့ အိတ်စ်ချိန်းနဲ့ပတ်သက်ပြီး သုံးသပ်ရမယ်ဆိုရင်အားရစရာတော့ သိပ်ပြီးမရှိပါဘူး။ စတင်ဖွင့်လှစ်ချိန်တုန်းက တော့အားကောင်းသလောက်အ လယ်မှာထိုင်း သွားတာပေါ့။ အခုအ ခြေအနေမှာတော့ အားရစရာမရှိပါဘူး''ဟု အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

ရန်ကုန်စတော့အိတ်စ်ချိန်းကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ တစ် နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း တစ်နှစ်တာအတွင်း စတော့ဈေး ကွက်မှာ မျှော်မှန်းထားသလောက် အောင်မြင်မှုမရရှိဘဲ ဈေးကွက်မှာ လေးလံနေသည့် အနေအထားသို့ ရောက်ရှိနေကြောင်း သိရသည်။

ဒေါက်တာမောင်မောင်သိမ်းက''ဒီလိုမျိုးစတော့မားကက်လူထု စိတ်ဝင်စားမှုနည်းပါးသွားပြီးတော့ ထိုင်းသွားတဲ့ အကြောင်းအရင်းကတော့ တချို့တွေကတော့ စီးပွားရေး ကြောင့်လို့ပြောကြတယ်။ နိုင်ငံ့စီးပွားရေး ဆိုတာ ကတော့ လေးငါး ခြောက်လလောက်အတွင်းမှာ သိပ်ပြီးပြောင်းလဲမှာ မဟုတ်ပါဘူး။ နိုင်ငံတော်၏ အတိုင်ပင်ခံပြောသွားခဲ့ တာကလည်း နှေးသွားတယ်လို့ပဲ ပြောတာပါ။ နှေးတယ် ဆိုတာကလည်း အရှိန်နည်း နည်းလောက်ပဲလျော့သွားတဲ့သဘောပါ။ ဒီကိစ္စကလည်းစတော့ မားကက်အပေါ်မှာ ဒီလောက်ကြီးလွှမ်းမိုးမှုမရှိပါဘူး။ အဓိကကတော့ လူထုရဲ့ စိတ်ဝင်စားမှုနဲ့ယုံကြည်မှုလျော့သွားတာလို့ထင်တယ်။ ဖွင့်စက ဘာ ကြောင့်အောင်မြင်လဲဆိုရင် လူထုစိတ် ဝင်စားမှုနဲ့ယုံကြည်မှု တအားများနေလို့ အောင်မြင်တယ်ပြောလို့ရတယ်''ဟု ထပ်မံပြောသည်။

ရန်ကုန်စတော့အိတ်စ်ချိန်း စတင်ချိန်တွင် လူထုစိတ်ဝင်စားမှုမြင့်တက်ခြင်းကြောင့် အောင်မြင်ခဲ့သော်လည်း နောက်ပိုင်းတွင် လူထုစိတ်ဝင်စားမှု လျော့ကျသွားခြင်းကြောင့် စတော့မားကက်အောင်မြင်မှုလျော့ကျ သွားခြင်းဖြစ်ပြီး စတော့ဈေးကွက် အောင်မြင်စေရန်အတွက် လူထုစိတ်ဝင်စားမှုပြန်လည်မြင့်တက်လာအောင် လုပ်ဆောင်နိုင်မည်ဆိုပါက အောင်မြင်လာမည်ဖြစ်ကြောင်းလည်း ဒေါက်တာ မောင်မောင်သိမ်းက သုံးသပ်ပြောကြားသည်။

စတော့ဈေးကွက်လေ့လာသူ ဦးကြီးမြင့်ကက''သီလဝါက လက်ရှိဈေးကွက်မှာလူကြိုက် အများဆုံး ဖြစ်နေတာပေါ့။ အဲဒါကြောင့်လဲ အရောင်းအဝယ်ကပုံမှန်ရှိတယ်။ FMI နဲ့မြန်မာနိုင်ငံသားများဘဏ်ကတော့ လူကြိုက် နည်းနေတယ်။ FMI ကဈေးငြိမ်တယ်။ အတက်အ ကျသိပ်မရှိဘူး။ ထိန်းထားနိုင်တယ်။မြန်မာနိုင်ငံသားများဘဏ်ကတော့ အဆိုးဆုံးပဲ။ ဘဏ်ဖြစ်တဲ့အတွက် လည်းသူ့ကိုစိတ်ဝင်စားမှုနည်းတယ်။ ရောင်းလိုအား ဝယ်လိုအားလည်း နည်းတယ်။ သူကတော့ ဈေးကွက်မှာအ ရောင်းအဝယ်အနည်းဆုံးဖြစ်နေတာ။ လက်ရှိ ပြည်တွင်းမှာက တ ခြားစီးပွားရေးတွေလည်း အေးနေချိန်မှာ ရွှေနဲ့ဒေါ်လာကဈေးကောင်းပြီး အကျိုးအမြတ် ရနေတော့ စတော့ဈေးကွက်ကိုလူစိတ်ဝင်စားမှု နည်းနေတယ်။ ပြည်တွင်းမှာ စတော့ဈေးကွက်အောင်မြင်လာဖို့ဆိုရင် အစိုးရပိုင်းကလည်း အားပေးဖို့လိုသလို တာဝန်ရှိသူတွေအနေနဲ့လည်း ဒီထက်ပိုပြီး အား ထည့်ဆောင် ရွက်ဖို့ လိုမယ်လို့ထင်ပါတယ်''ဟု ဒီဇင်ဘာ ၁၁ ရက်ကဒီမိုကရေစီတူဒေးကို ပြောသည်။

လက်ရှိစတော့ဈေးကွက် လူစိတ်ဝင်စားမှုပြန်လည်မြင့်တက်လာစေရန်အတွက် နိုင်ငံတော်အဆင့်မှလည်း အထောက်အပံ့များဖြင့် အားပေးကူညီသင့်ကြောင်းလည်း စတော့ဈေးကွက်လေ့လာသူများက သုံးသပ်ထားကြ သည်။

စတော့ဈေးကွက်လေ့လာသူ ဦးကြည်ရှိန်က ''လူထုစိတ်ဝင်စားမှု လျော့ရတဲ့အကြောင်းအရင်းတွေက အများကြီးရှိတယ်။ အဓိကကတော့ မြန်မာနိုင်ငံမှာ စတော့က အခုမှ စတာ၊ နောက်ပြီး လူထုကလည်း သိပ်ပြီးနားမလည်သေးဘူး။ ဒီချိန်မှ စတော့တွေဈေးကျတယ်ဆိုပြီး အသံတွေထွက်လာတော့ အကုန်လုံးက လန့်ကုန်ရော။ နောက်တစ်ချက်က စတော့ဆိုတာ ရေရှည်အတွက်ရင်းနှီးမြှုပ်နှံသင့်တဲ့ နေရာတစ်ခုပါ ဒါပေမယ့် ကာလတိုမှ တောက် လျှောက်အရှုံးပြနေတော့ အကုန်လုံးက ဒီဘက်ကို သိပ်ပြီးစိတ်မဝင်စားကြတော့ဘူး။ နိုင်ငံတော်အဆင့်ကလည်း ဒီကဏ္ဍကိုအားပေးအားမြှောက်မှု သိပ်ပြီးမရှိဘူး။ ဒီလိုအချက်တွေ ကြောင့် အခုလိုမျိုး လူထုစိတ်ဝင်စားမှု လျော့ကျသွားတာလို့ထင်တယ်''ဟု ဒီဇင်ဘာ ၁၁ ရက်က ဒီမိုကရေစီ တူဒေးသို့ ပြောသည်။ လက်ရှိရန်ကုန်စတော့အိတ်စ် ချိန်းတွင်သီလဝါအများပိုင် ကုမ္ပဏီ၊ မြန်မာနိုင်ငံသားများ ဘဏ်နှင့် FMI ကုမ္ပဏီတို့မှ အစုရှယ်ယာများရောင်း ချလျက်ရှိသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service