ကန်ဒေါ်လာဈေး ၁,၃၉၀ ကျပ်ထိ စံချိန်တင် ရောက်ရှိ

ကန်ဒေါ်လာဈေး ၁,၃၉၀ ကျပ်ထိ စံချိန်တင် ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
13 Dec 2016 10:02 am တွင် တင်ခဲ့သည်
1865 ကြိမ် ကြည့်ရှု့ပြီး
ပြင်ပ ဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး စံချိန် တင်မြင့်တက်ပြီး ဗဟိုဘဏ်ရည် ညွှန်းငွေလဲနှုန်းနှင့် ကွာခြားမှုများ လာခြင်းကြောင့် ပုဂ္ဂလိကဘဏ် များက လူတစ်ဦးလျှင် ဒေါ်လာအ နည်းငယ်သာ ရောင်းချပေးနေ ကြောင်း သတင်းရရှိသည်။

ပြင်ပဈေးကွက်တွင် ဒီဇင် ဘာ ၁၂ ရက် ညနေက အမေရိ ကန်တစ်ဒေါ်လာလျှင် ၁,၃၉၀ ကျပ်ခန့်ဈေးရှိသည်။ သို့သော် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ၁,၃၀၈ ကျပ်သတ်မှတ်သဖြင့် ပုဂ္ဂလိကဘဏ် များက တစ်ဒေါ်လာ ၁,၃၃၁ ကျပ် မှ ၁,၃၃၅ ကျပ်အကြား ဈေးဖွင့် ခဲ့သည်။

ပုဂ္ဂလိက ဘဏ်များသည် ဈေးနှုန်းဖွင့်လှစ်၍ ဒေါ်လာရောင်း ချမှုအပေါ် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း၏ ၀ ဒသမ ၈ ရာခိုင်နှုန်းကိုသာ ဈေးနှုန်းအတိုးအလျှော့လုပ်ခွင့်ကို ဗဟိုဘဏ်ကပေးထားသဖြင့် ပြင်ပဈေးနှုန်းနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ခြင်းမရှိကြောင်း ပြည်တွင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ပြင်ပပေါက်ဈေးနှင့် ပုဂ္ဂလိ ကဘဏ်ဈေးသည် တစ်ဒေါ်လာ လျှင် ၆၀ ကျပ်ခန့် ကွာခြားနေခြင်း ကြောင့် ဒေါ်လာရောင်းချမှုကို လူ တစ်ဦးလျှင် ကျပ် ၁၀၀ မှ ၂၀၀ ခန့်သာ ရောင်းချပေးနိုင်ကြောင်း သိရသည်။

ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာတန်ဖိုး အပြောင်းအ လဲသည် ရက်ပိုင်းအတွင်း၊ အချိန် ပိုင်းအတွင်း ဖြစ်ပေါ်နေသည်။ ဒီဇင်ဘာ ၉ ရက် ရုံးပိတ်ရက်မတိုင်မီက တစ်ဒေါ်လာလျှင် ၁,၃၆၉ ကျပ်ဖြင့် ဈေးပိတ်ခဲ့သော အမေရိကန်ဒေါ်လာဈေးသည် ဒီဇင်ဘာ ၁၂ ရက် နံနက်ဈေးဖွင့်ချိန်တွင် ၁,၃၇၆ ကျပ်ဖြစ်ပြီး ညနေ၌ ၁,၃၉၀ ကျပ်သို့ မြင့်တက်လာ သည်။

ပြင်ပဈေးကွက်တွင် ဒေါ်လာဈေးမြင့်တက်လာရခြင်းသည် စင် ကာပူနိုင်ငံသို့ ငွေလွှဲမှုများခြင်း ကြောင့်ဟု ပြင်ပတွင် ငွေကြေးဝန် ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။ ပို့ကုန်၊ သွင်း ကုန်လုပ်ငန်းများအတွက် စင်ကာပူနိုင်ငံသို့ ငွေလွှဲမှုများခြင်း ကြောင့် ဒေါ်လာဈေး တက်လာ ကာ ပြင်ပ ငွေကြေးဈေးကွက်၌ ဒေါ်လာအရောင်းအဝယ်သည် ဝယ်လိုအားထက် ရောင်းလိုအား များနေကြောင်း သိရသည်။

ပြင်ပ ငွေကြေးဈေးကွက် တွင် ဒေါ်လာတန်ဖိုးမြင့်တက်ချိန် ၌ ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့် ပြည်တွင်းရွှေဈေး ကျဆင်းလာ သည်။

ဒီဇင်ဘာ ၉ ရက်တွင် တစ် အောင်စလျှင် ၁,၁၆၇ ဒေါ်လာရရှိခဲ့သော ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာ ၁၂ ရက်တွင် ၁,၁၅၅ ဒေါ်လာသို့ ကျဆင်းလာသည်။ ထို့အတူ ပြည်တွင်းရွှေဈေးမှာလည်း ၈၅၈,၀၀၀ ကျပ်မှ ၈၅၀,၀၀၀ ကျပ်သို့ ကျဆင်းသည်။

ပြင်ပဈေးကွက်တွင် ဒေါ်လာဈေး စံချိန်တင် မြင့်တက်လာမှု ကြောင့် ပုဂ္ဂလိက ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ဗဟိုဘဏ်က ဒီဇင်ဘာ ၅ ရက်၌ အမှာစာလေးစောင် ထုတ်ပြန်ခဲ့ရသည်။

ဗဟိုဘဏ်၏ ထုတ်ပြန်စာ တွင် ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့ပြီး ခြောက်လအတွင်း ပို့ ကုန်ရငွေ စာရွက်စာတမ်းများကို ဗဟိုဘဏ်သို့ တင်ပြပေးရန်၊ ကုန် သွယ်ရေးလုပ်ငန်းများမှ ရရှိသည့် နိုင်ငံခြားငွေများကို ဥပဒေနှင့်အညီ ပြည်တွင်းသို့ ပြန်လည်ပို့ ဆောင်ပေးရန်၊ ပြည်ပနိုင်ငံများ တွင် ငွေစာရင်းဖွင့်လှစ်ထားမှုများ ကို ဥပဒေနှင့်အညီ ပြောင်းလဲပြု လုပ်ရန်၊ ပြည်ပနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံပြီး ကုမ္ပဏီများ ဖွင့်လှစ် ထားသူများသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေများနှင့်အညီ ပြု လုပ်ရန် စသည့်ခေါင်းစဉ်များဖြင့် ထုတ်ပြန်ခဲ့သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service