မန္တလေးစည်ပင်ပိုင်မြေနှင့် အဆောက်အအုံငယ်များငှားရမ်းခ အမြင့်ဆုံး ငါးဆအထိ ဈေးမြှင့်မည်ဟုဆို

မန္တလေးစည်ပင်ပိုင်မြေနှင့် အဆောက်အအုံငယ်များငှားရမ်းခ အမြင့်ဆုံး ငါးဆအထိ ဈေးမြှင့်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
8 Dec 2016 10:47 am တွင် တင်ခဲ့သည်
1374 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီပိုင်မြေ နေရာနှင့် အဆောက်အအုံများကို ပုဂ္ဂလိကသို့ ငှားရမ်းခကို လာမည့် ဘဏ္ဍာနှစ်ကစတင်ကာ အမြင့် ဆုံး ငါးဆအထိ ဈေးနှုန်းတိုးမြှင့် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

စည်ပင်ပိုင်မြေနေရာများ၏ ငှားရမ်းခများဈေးနှုန်းတိုးမြှင့်ရာ တွင် ဟိုတယ်မန္တလေး၊ မင်းသား ကြီးဟိုတယ် စသည်ဖြင့် နှစ်ရှည် စာချုပ်ချုပ်ဆိုကာ ငှားရမ်းထား သည့် အဆောက်အအုံနှင့် မြေနေ ရာများ မပါဝင်သေးဘဲ တစ်နှစ် တစ်ကြိမ် သက်တမ်းတိုးစာချုပ် ချုပ်ကာ ငှားရမ်းသည့်မြေနေရာနှင့် အဆောက်အအုံငယ်များကိုသာ ဈေးနှုန်းတိုးမြှင့်မည်ဟု မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောကြား သည်။‘‘အရင်က ငှားရမ်းခဲ့တဲ့ အ ခြေခံဈေးနှုန်းတွေက နည်းလွန်း တဲ့အတွက် ဈေးမြှင့်တာပါ။ မြေ နေရာအနေအထားနဲ့ လုပ်ငန်း ကောင်း၊ မကောင်းအပေါ်မူတည် ပြီး ၅၊ ၄၊ ၃၊ ၂၊ ၁ ပေါ့။ အမြင့် ဆုံးငါးဆအထိဈေးနှုန်းတိုးမြှင့်မှာ ဖြစ်ပါတယ်’’ဟု ဦးသက်နိုင်ထွန်း ကပြောသည်။

မန္တလေးစည်ပင်ဥယျာဉ်နှင့် ကစားကွင်းဌာနအောက်ရှိ ဈေး ဆိုင်၊ ပန်းခြံ၊ ကစားကွင်း၊ကော်ဖီ ဆိုင် စသည့်မြေနေရာနှင့် အ ဆောက်အအုံငယ်များ ငှားရမ်း ခတိုးမြှင့်မည်ဟု ၎င်းကဆိုသည်။

ယခင်နှစ်များက စည်ပင်ပိုင် မြေနေရာနှင့် အဆောက်အအုံ ငှားရမ်းခများ ဈေးနှုန်းတိုးမြှင့်ရာ တွင် နှစ်စဉ်ငှားရမ်းခ၏ ၁၀ ရာ ခိုင်နှုန်းခန့်သာ ဈေးနှုန်းတိုးမြှင့်ခဲ့ ပြီး လက်ရှိတွင်ခေတ်ကာလပေါက် ဈေးများနှင့် ကွာခြားလွန်းနေ၍ ယခုကဲ့သို့ ငှားရမ်းခများ ဆချီတိုး မြှင့်ခြင်းဖြစ်သည်ဟု ဦးသက်နိုင် ထွန်းကပြောကြားသည်။

မြေနေရာနှင့် အဆောက် အအုံငှားရမ်းခ ဈေးနှုန်းများ တိုးမြှင့်နိုင်ရန် မန္တလေးမြို့တော် ၀န်နှင့် လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များက လည်း ငှားရမ်းခများ ဈေးတိုးပေး ရန်သဘောတူကြသည်ဟု ၎င်းက ပြောသည်။

အဆောက်အအုံနှင့်မြေနေ ရာ ၇၀ ခန့်၏ ငှားရမ်းခများကို တိုးမြှင့်မည်ဖြစ်ပြီး ထိုသို့ငှားရမ်း ခဈေးနှုန်းများ တိုးမြှင့်ပြီးပါကလာ မည့်ဘဏ္ဍာနှစ်တွင် မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မ တီအနေဖြင့် ကျပ်သန်း ကိုးရာခန့် ဘဏ္ဍာငွေပိုမိုရရှိမည်ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ ပန်းဥ ယျာဉ်နှင့် ကစားကွင်းဌာန အောက်ရှိ မန္တလေးကန်တော်ကြီး မှကစားကွင်း၊ ပန်းခြံ၊စားသောက် ဆိုင်နှင့် ကော်ဖီဆိုင်ငှားရမ်းခများ သည် ခေတ်ကာလနှင့်ကိုက်ညီ သော ဈေးနှုန်းများမဟုတ်တော့ဘဲ စည်ပင်အတွက် အခွန်ဘဏ္ဍာငွေ ပိုမိုရရှိနိုင်ရန် ခေတ်ကာလနှင့် အညီ ဈေးနှုန်းများပြောင်းလဲ ကောက်ခံသင့်ကြောင်း မန္တလေး တိုင်းဒေသကြီး စာရင်းစစ်ချုပ်ဦး ကျော်ဝင်းက ၂၀၁၃ ကတည်းက မန္တလေးတိုင်းဒေသကြီး လွှတ်တော်သို့ အကြံပြုပြောကြားခဲ့သည်။

ထို့အပြင် မြေကွက်ကျယ် များ၊ ဟိုတယ်များ၊ အခြားစည် ပင်ပိုင်မြေနေရာနှင့် အဆောက် အအုံများကို ပုဂ္ဂလိကသို့ ငှားရမ်း ခဲ့ရာတွင် အလွန်နည်းပါးသော ဈေးနှုန်းဖြင့် ငှားရမ်းထားခဲ့ပြီး မြို့ လူထုအတွက် နစ်နာသူများရှိနေ သည်ဟု မန္တလေးမြို့ခံများက ဝေ ဖန်မှုများရှိနေသည်။

Credit:7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service