ရန်ကုန် စတော့အိတ်ချိန်းတွင် တစ်နှစ်အတွင်း ကျပ် ၇၀ ဘီလီယံခန့် အရောင်းအဝယ် ဖြစ်ခဲ့

ရန်ကုန် စတော့အိတ်ချိန်းတွင် တစ်နှစ်အတွင်း ကျပ် ၇၀ ဘီလီယံခန့် အရောင်းအဝယ် ဖြစ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
6 Dec 2016 10:32 am တွင် တင်ခဲ့သည်
1061 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ် ချိန်းတွင် တစ်နှစ်တာအတွင်း ကျပ်ဘီလီယံ ၇၀ ဖိုးခန့်ရှယ်ယာအရောင်းအဝယ်ဖြစ်ခဲ့ပြီး မေလမှစတင်ကာ ရှယ်ယာအရောင်းအဝယ်များ ဆက်တိုက်ကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သတင်းရရှိသည်။

ရန်ကုန်စတော့အိတ်ချိန်း၌ ရှယ်ယာစတင်ရောင်းချသည့် မတ်လတွင် ကျပ် ၂၄ ဘီလီယံ ကျော်ဖြင့် အများဆုံးရောင်းချခဲ့ပြီး နိုဝင်ဘာတွင် ကျပ် ၂ ဒသမ ၂ ဘီလီယံကျော်ရှိ၍ အနည်းဆုံးရှယ်ယာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။

ရန်ကုန် စတော့အိတ်ချိန်း ဧပြီတွင် ရှယ်ယာရောင်းချမှုသည် ကျပ် ၅ ဒသမ ၈ ဘီလီယံကျော်သို့ ကျဆင်းခဲ့သော်လည်း မေလတွင် ကျပ် ၁၆ ဒသမ ၂ ဘီလီယံကျော် အထိ ပြန်လည်မြင့်တက်ခဲ့သည်။ သို့သော် ဇွန်လတွင် ကျပ် ၆ ဒသမ၈ ဘီလီယံကျော်သို့ အရောင်းအ ဝယ်ပြန်လည်ကျဆင်းခဲ့ပြီး ရောင်းအားဆက်တိုက်ကျဆင်းခဲ့သည်။ အောက်တိုဘာတွင် ကျပ် ၄ ဘီလီယံကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်။

ရန်ကုန် စတော့အိတ်ချိန်း တွင် မတ်လနှင့် ဧပြီများ၌ FMI ကုမ္ပဏီတစ်ခုတည်းသာ ရှယ်ယာ အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး မေ၊ ဇွန်နှင့် ဇူလိုင်လများတွင် သီလဝါ အများပိုင် ကုမ္ပဏီ ထပ်တိုးကာ ရှယ်ယာရောင်းချခြင်းဖြစ်သည်။ တတိယမြောက်ကုမ္ပဏီဖြစ်သည့် မြန်မာနိုင်ငံသားဘဏ်သည် သြ ဂုတ်မှစတင်ပြီး ရှယ်ယာရောင်းချ ခဲ့သည်။

‘‘အစပိုင်းမှာ စတော့ရှယ် ယာကို လူတွေက စိတ်ဝင်စားကြ ပါတယ်။ ဒါကြောင့် အဝယ်များခဲ့ တာပါ။ နောက်ပိုင်း အဝယ်မရှိ တော့ ရှယ်ယာဈေးတွေ ကျပြီး အရောင်းအဝယ်ပါးခဲ့တယ်။ ဘာ ကြောင့်လဲဆိုတော့ ကုမ္ပဏီတွေ က ရှယ်ယာအဟောင်းတွေကို ပြန်ရောင်းတာပဲရှိတယ်။ ရှယ်ယာသစ်ထုတ်ရောင်းတာမရှိတော့ စိတ်ဝင်စားမှုမရှိတော့တာ’’ ဟု ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ်ပြုလုပ် သည့် အမျိုးသမီးတစ်ဦးက ပြော ကြားသည်။

ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာ ၉ ရက်တွင် ဖွင့် လှစ်ခဲ့ပြီး အများပိုင်ကုမ္ပဏီများ ရှယ်ယာရောင်းချမှုကို ၂၀၁၆ မတ်လတွင် စတင်ရောင်းချခဲ့သည်။ လက်ရှိတွင် အများပိုင် ကုမ္ပဏီ သုံးခုဖြင့် စတော့ရှယ်ယာများ အ ရောင်းအဝယ်ပြုလုပ်နေသည်။

‘‘စတော့အိတ်ချိန်း အစပျိုး ချိန်မှာတော့ အချိန်ယူရဦးမယ်။ တစ်နှစ်အတွင်းမှာ အောင်မြင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အများပိုင် ကုမ္ပဏီတွေများလာပြီး ရှယ်ယာ ရင်းနှီးမြှုပ်နှံ့ဖို့လို့ မြင်လာဖို့ အရေး ကြီးတယ်။ ဒါကြောင့် အောင်မြင် ပြီး ကုမ္ပဏီ ဆယ်ခုလောက် အ နည်းဆုံးရှိမယ်ဆို အောင်မြင်လာ မယ်’’ဟု Thura Swiss ၏အမှု ဆောင် အရာရှိချုပ် ဒေါက်တာ အောင်သူရက ပြောသည်။

Credit:7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service