တရုတ်၏ ကုန်သွယ်ရေးမှာဥရောပကိုရောက်ရှိရေး မြန်မာက ဖြတ်လမ်း ဖြစ်လာမှာလား

တရုတ်၏ ကုန်သွယ်ရေးမှာဥရောပကိုရောက်ရှိရေး မြန်မာက ဖြတ်လမ်း ဖြစ်လာမှာလား - Property News in Myanmar from iMyanmarHouse.com
6 Dec 2016 10:16 am တွင် တင်ခဲ့သည်
1338 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံနှင့် ဒုတိယအားအကောင်းဆုံး နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် ချင်းရွေဟော်ဒေသ၏ တစ်ဖက်နိုင်ငံမြို့ဖြစ်သော မိန့်တင်မြို့ဘက်တွင် စီးပွားရေးဇုံကဲ့သို့သော စီမံကိန်း အကြီးအစားတစ်ခုကို တည်ဆောက်ရန် အကြီးအကျယ်ပြင်ဆင်လျှက်ရှိသည်။

" ကျနော်တို့နိုင်ငံဘက်က တော့ အကြီးအကျယ်ပြင်ဆင်နေပါပြီ အဆွေတော် တို့ဘက်ကလဲ လိုက်လျောညီထွေစွာ တိုးတက်အောင်လုပ်ဖို့ အကြံပြုချင်ပါတယ် ' ဟု မိန့်တင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ အရာရှိတစ်ဦးဖြစ်သူ က မြန်မာပြည်မှ လာရောက်လည်ပတ်သည့် အယောက်၅၀ ထက်မနည်းပါဝင်သော အစိုးရ၀န်ထမ်း များအား ရှင်းပြနေခြင်းဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေးစခန်းငယ်ဖြစ်သော မိန့်တင်မြို့တွင် နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်အား တိုးချဲ့ခြင်းနှင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ လာမည့် အဝေးပြေးလမ်းမသစ်ကြီးနှင့် ချိတ်ဆတ်ပြီး မြန်မာနိုင်ငံဘက် ချင်းရွေဟော်သို့ တိုက်ရိုက်ဝင်ရောက်ရန် ပြင်ဆင်နေခြင်းလဲဖြစ်သည်။

အထက်ပါစီမံကိန်းအပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်ချိတ်ဆက်ရန် ၁၅၃ကီလိုမီတာကွာဝေးသော လင်ချန်းဆိုသည့်မြို့မှ ချင်းရွေဟော်သို့အမြန်လမ်းများ၊မီးရထားလမ်းနှင့်ဥမှင်လမ်း များ အပါအ၀င်၂၃ဒသမ ၆ဘီလီယံ နီးပါးရင်းနှီးမြှပ်နှံမှုများဖြင့် တည်ဆောက်နေပြီဖြစ်သည်။

ပထ၀ီဝင် အနေအထား အရ နယ်မြေချင်းလွန်စွာနီးကပ်သော တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကိုဖြတ်သန်းပြီး အန္ဒိယသမုဒ္ဒရာမှတဆင့် ၄င်း၏ ကုန်စည်များ ဥရောပသို့ အချိန်မှီတင်ပို့နိုင်ရန် အတွက် လမ်းကြောင်းသစ်ကို မြန်မာအစိုးရအား မကြာခဏ ဖိအားပေးနေသော လမ်းပိုင်းလည်းဖြစ်သည်။

လက်ရှိ ကုန်သွယ်မှု အများဆုံးဖြစ်နေသော မူဆယ် မြို့ဘက်မှ ဖြတ်သန်းခြင်းထက်လမ်းကြောင်းအားဖြင့် ပိုသာသော ချင်းရွေဟော် လမ်းကြောင်း ကို အသုံးပြုပြီး ချင်းရွေဟော် - သိန်းနီ- လားရှိုးမြို့မှ တဆင့် မန္တလေး ကျောက်ဖြူရေနက်ဆိပ်ကမ်း တွင်၎င်း၏ ကုန်စည်များကိုပုံပြီး ဥရောပသို့တင်ပို့နိုင်ရန်ကမ္ဘာ့အင်အားကြီး တရုတ်နိုင်ငံက ပြင်ဆင်နေခြင်းဖြစ်သည်။

" မူဆယ်လမ်းက ရှည်တယ် သက်တမ်းကလဲကြာနေပြီ သူတို့ လမ်းအူကြောင်းအသစ်ရှာ တာ ရည်ရွယ်ချက်ကတော့ရှင်းပါတယ် မြန်မာနိုင်ငံကိုဖြတ်ပြီး ကျောက်ဖြူ ဆိပ်ကမ်းသူတို့ရဲ့ကုန်စည်တွေကိုပုံမယ် ပြီးရင် ဥရောပဘက်ထိ အန္ဒိယသမုဒ္ဒရာကိုသုံးပြီး ပို့မှာ " ဟုနိုဝင်ဘာလဆန်းက တရုတ်နိုင်ငံကမြန်မာနိုင်ငံမှ အစိုးရ အရာရှိများ ဖိတ်ကြားသော ခရီးစဉ်တွင်ပါဝင်ခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ညွန်ကြားရေးမှူး အဆင့် ရှိသူကဆိုသည်။

ဦးသိန်းစိန် အစိုးရလက်ထပ်က ညှိုနှိုင်းမှု အချို့ အဆင်မပြေခဲ့သော်လည်း နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်၏ သြဂုတ်လအတွင်းက တရုတ်နိုင်ငံ ခရီးစဉ်တွင် သဘော တူညီမှု အချို့ရရှိခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံမှ အစိုးရအဖွဲဝင်များက တရားဝင်ပြောကြားထားပြီဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ တရုတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံ ကြား ပူးပေါင်း ဆောင်ရွက်ရန် လက်မှတ်ထိုးခဲ့သော သဘောတူ စာချုပ်များတွင် လမ်းအူကြောင်းသစ်၏ အရေးပါသော ကွမ်းလုံ တံတားသစ်ကို တည်ဆောက်ပေးနိုင်ရန် အထိပင် သဘောတူညီမှု အချို့ရရှိခဲ့သည်။

အရပ်သားအစိုးရသစ်ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်နှင့် တရုတ်သံအမတ်ကြီး မစ္စတာဟွန်လျန်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် အဆိုပါ လမ်းကြောင်းသစ်မှာ ပိုမိုအသက်ဝင်လာခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညှိုနှိုင်းရေးမှူး အဆင့် ရှိသူ က ပြောသည်။

တရုတ်ပြည်တွင်း ယူနန်ပြည်နယ် ခွင်းမင်းမြို့မှဖောက်လုပ်လာသော ၆ လမ်းသွားလမ်းမကြီးသည် တရုတ်မြန်မာနယ် စပ်အထိ ဖောက်လုပ်ပြီးစီးတော့မည်ဖြစ်သည်။

လမ်းအူကြောင်းအသစ်သည် အရင်းအနှီးနှင့် နည်းပညာသုံးက ဖြောင့်တန်းသော ၆ လမ်းသွားသို့မဟုတ် ၄ လမ်းသွားလမ်းမတခု သည်ချင်းရွေဟော်မှ မန္တလေးနှင့်နမ့်ခမ်းကြား ပေါ်လာနိုင်ပါသည်။ ထိုသို့သောလမ်းမတခုပေါ်လာပါက မန္တလေးမှ တရုတ်နယ်စပ်ထိမောင်းနှင်ချိန် ၅ နာရီခန့်သာ ကြာမြင့်တော့မည်ဖြစ်သည်။

တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးအတွက် ဖြောင့်တန်း၍ အန္တရာယ်ကင်းသော အမြန်လမ်းမတခုလိုအပ် သည်မှာအမှန်ပင်ဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် လမ်းဖောက်ရန် တရုတ်တို့ကမ်းလှမ်းလာသည်ကို ကြိုဆိုမည်သာဖြစ်သည်။

သို့ သော် အဆိုပါလမ်းမဖောက်လုပ်ရန် တရုတ်နိုင်ငံမှ အင်တိုက်အားတိုက် ပါဝင်နေသည်မှာ နယ်စပ်ကုန်သွယ်ရေးသက်သက်ကြောင့်မဟုတ်နိုင်ပေ။ တရုတ်တို့အနေနှင့် မြန်မာပြည်ကိုဖြတ်၍ အိန္ဒိယသမုဒ္ဒရာသို့ ထိုးဖောက်မည့်လမ်းကြောင်းကိုအမြန်ဆုံး အကောင် အထည်ဖော်ချင်နေသောဆန္ဒပင်ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်တွင် စက်မှုဇုန်နှင့် ရေနက် ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရန် ကုမ္ပဏီခြောက်ခု ဖြင့် ဖွဲ့စည်းထားသော
တရုတ်အ စိုးရပိုင် CITIC Consortium က တင်ဒါအောင်မြင်ထားသည်။
တရုတ် CITIC Consortium သည် စီမံကိန်းနှစ်ခုစလုံးအတွက် အမေရိကန်ဒေါ်လာ ကိုးဘီလီယံ ရင်းနှီးမြှုပ်နှံပြီး မြေဧက ၄,၂၀၀ ကျော် အသုံးပြုမည်ဟုဆိုသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
တရုတ်၏ ကုန်သွယ်ရေးမှာဥရောပကိုရောက်ရှိရေး မြန်မာက ဖြတ်လမ်း ဖြစ်လာမှာလား - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service