လိုင်စင်မရှိသည့် နိုင်ငံခြားသားအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများကို သက်ဆိုင်ရာသံရုံးများက သတိပေးသဖြင့် လျော့နည်းလာ

လိုင်စင်မရှိသည့် နိုင်ငံခြားသားအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများကို သက်ဆိုင်ရာသံရုံးများက သတိပေးသဖြင့် လျော့နည်းလာ - Property News in Myanmar from iMyanmarHouse.com
5 Dec 2016 10:52 am တွင် တင်ခဲ့သည်
1367 ကြိမ် ကြည့်ရှု့ပြီး
လိုင်စင်မရှိဘဲ လုပ်ကိုင် နေသည့် နိုင်ငံခြားသားအိမ်ခြံမြေ အကျိုးဆောင်များကို သက်ဆိုင် ရာသံရုံးများက အသိပေးတားမြစ် သဖြင့် ဈေးကွက်အတွင်း လျော့ နည်းလာကြောင်း သတင်းရရှိ သည်။

သက်ဆိုင်ရာသံရုံးများက ၎င်းတို့၏ နိုင်ငံသားများကို ၀က်ဘ် ဆိုက်မှတစ်ဆင့် အသိပေးညွှန် ကြားချက်များ ထုတ်ပြန်ပြီးနောက် နိုဝင်ဘာနောက်ဆုံးပတ်ကစတင် ကာ လျော့နည်းလာခြင်းဖြစ် ကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း တရားမ၀င် အိမ်ခြံမြေအကျိုးဆောင်များ လုပ် ကိုင်နေသည်ကို တွေ့ရှိပါက တိုင်ကြားနိုင်သည်ဟု တရားဝင် ကြေညာပြီးနောက် သက်ဆိုင်ရာ သံရုံးအချို့ကလည်း သတိပေးမှု များပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ လျော့နည်းခြင်းဖြစ်သည်ဟု ၀ါဝါ၀င်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ရှင်ကပြောသည်။

‘‘သင်္ဃန်းကျွန်းဘက်မှာဆို ရင် ကုမ္ပဏီနေရာတွေပါပြောင်း သွားတယ်။ တချို့ဆို ဆိုင်းဘုတ် တောင်မဖြုတ်သွားဘူး’’ဟု ၎င်း ကဆိုသည်။

အများစုသည် တရုတ်နှင့်စင် ကာပူလူမျိုးအချို့က လာရောက် ၍ တရားမ၀င်လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု အဆိုပါလုပ်ငန်းရှင် ကပြောသည်။

လိုင်စင်မရှိဘဲ လုပ်ကိုင်နေ သည့် နိုင်ငံခြားသားအိမ်ခြံမြေအ ကျိုးဆောင်များစာရင်းကို အတိ အကျပြုစုနေပြီး မကြာမီ တရားဝင်တိုင်ကြားမည့် အစီအစဉ်များ လည်းရှိကြောင်း ရန်ကုန်တိုင်း အိမ်ခြံမြေအသင်းဥက္ကဋ္ဌ ဦးစိုင်း ခွန်နောင်ကပြောသည်။

လက်ရှိ လွှတ်တော်တွင် ရေးဆွဲလျက်ရှိသော အိမ်ခြံမြေ ၀န်ဆောင်မှုဥပဒေကြမ်း ထွက် ပေါ်လာပါက အဆိုပါကိစ္စသည် ပြေလည်နိုင်ကြောင်း ၎င်းကသုံး သပ်သည်။

MIC အနေဖြင့် လုပ်ကိုင်နေ မှုများရှိပါက တိုင်ကြားနိုင်ကြောင်း ပြောကြားခဲ့သော်လည်း လာ ရောက်တိုင်ကြားသူ တစ်စုံတစ် ရာမရှိသေးကြောင်း ရင်းနှီးမြှုပ် နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦး စီးဌာန ညွှန်ကြားရေးမှူးကပြော ကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခန့် ကစ၍ နိုင်ငံခြားသားအချို့သည် လိုင်စင်လျှောက်ထားရယူခြင်း မရှိဘဲ ပြည်တွင်းရှိကျွမ်းကျင် ၀န် ထမ်းများခေါ်ယူကာ အိမ်၊ခြံ၊ မြေ ကဏ္ဍတွင် လာရောက်လုပ်ကိုင် လျက်ရှိပြီး အရေအတွက် များ ပြားလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား သားသည်ဝန်ဆောင်မှုလုပ်ငန်း များ လုပ်ကိုင်မည်ဆိုပါက ပြည် တွင်းလုပ်ငန်းရှင်များနှင့်သာ ပူး ပေါင်းဆောင်ရွက်ရမည်ဖြစ် ကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ဖော်ပြထားသည်။

လုပ်ကိုင်လိုပါက တရားဝင် လိုင်စင်ရရှိရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန သို့ တင်ပြ၍ တရားဝင်လိုင်စင် လျှောက်ထား လုပ်ကိုင်ရမည်ဖြစ် ကြောင်း အတည်ပြုပြဋ္ဌာန်းထား သည်။

‘‘အခုလာလုပ်နေတဲ့သူတွေ က သူတို့နိုင်ငံက နိုင်ငံသားလာ ရင်သူတို့အချင်းချင်း ပေါင်းပြီး မြေ၀ယ်၊ တိုက်ခန်းဝယ်လုပ်ကြ တာ။ နိုင်ငံခြားသားကလည်း သူ တို့လူအချင်းချင်းဆို ပိုယုံကြည်တဲ့ သဘောဖြစ်နေတယ်။ အခုလုပ် နေတာက တကယ်တမ်းတော့ တရားမ၀င်ပါဘူး။ ပြည်တွင်းက အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းရှင်တွေကိုလည်း ပိုထိခိုက်ပါ တယ်’’ဟု ဦးစိုင်းခွန်နောင်ကဆို သည်။

နိုင်ငံခြားသားလုပ်ငန်းရှင် များ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီး မြှုပ်နှံထားမှုသည် မေလအထိ စာ ရင်းများအရ ၃၅ ခုရှိကြောင်း ရင်း နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနက ထုတ်ပြန် ထားသည်။

Credit:7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service