အမေရိကန်တွင် ညစ်ညမ်းကားများရိုက်ကူးခဲ့သည့် နေအိမ်ကြီးကို ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းခန့်ဖြင့် ရောင်းချမည်

အမေရိကန်တွင် ညစ်ညမ်းကားများရိုက်ကူးခဲ့သည့် နေအိမ်ကြီးကို ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းခန့်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
5 Dec 2016 10:51 am တွင် တင်ခဲ့သည်
6235 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် တည်ရှိကာ ညစ်ညမ်းကားများရိုက်ကူးခဲ့သည့် နေအိမ်ကြီးကို ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းခန့်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
၁၉၉၇ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် ‘Boogie Nights’ အမည်ရှိ ဇာတ်ကားကိုလည်း အဆိုပါနေအိမ်ကြီးတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

နေအိမ်ပိုင်ရှင်မှာ ညစ်ညမ်းကားများရိုက်ကူးထုတ်လုပ်သည့် ဂျက်ခ်ဟော်နာ၏ နေအိမ်ဖြစ်ပြီး ကန်ဒေါ်လာ ၁ ဒသမ ၄၉ သန်းဖြင့် ဈေးခေါ်ထားခြင်း ဖြစ်သည်။

နေအိမ်အတွင်း အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၆ ခန်း ပါဝင်သည့် ယင်းနေအိမ်ကြီးတွင် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သည်။
သရုပ်ဆောင် မိုက်ကယ်စတိန်း ပါဝင်သရုပ်ဆောင်ထားသည့် Dirk Diggler ဇာတ်ကားကိုလည်း ယင်းနေအိမ်ကြီးတွင်ပင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

အဆိုပါဇာတ်ကားတွင် တည်နေရာကို ဆန်ဖာနန်ဒိုတောင်ကြားဟု ဖော်ပြထားသော်လည်း အမှန်တကယ်ရိုက်ကူးခဲ့သည်မှာ ဇာတ်ကားအတွင်းဖော်ပြထားသည့်နေရာ၏ အရှေ့ဘက် ၃၅ မိုင်ခန့်ဝေးကွာသော ကယ်လီဖိုးနီးယားပြည်နယ်၊ ကိုနီဗာရှိ ယခုနေအိမ်ကြီးတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

နေအိမ်ကို ၁၉၅၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ခြံဝန်းအကျယ်အ၀န်းမှာ ၁ ဒသမ ၃၅ ဧက ရှိသည်။
နေအိမ်အတွင်းတွင် ဘတ်စ်ကက်ကစားရန် ကျယ်ကျယ်ဝန်းဝန်းရှိသည့် ခန်းမတစ်ခုပါဝင်သည်။

ခြံဝန်းအတွင်း ဧည့်ဂေဟာ ၂ ခု၊ တင်းနစ်ကွင်းနှင့် မြင်းဇောင်းများလည်း ပါဝင်သည်။
အဆိုပါနေအိမ် အရောင်းဈေးကွက်သို့ ရောက်ရှိနေသည်မှာ ပြီးခဲ့သော နိုဝင်ဘာ ၁၉ ရက်ကတည်းကဖြစ်ပြီး ယခုတိုင်ရောင်းမထွက်သေးချေ။

ယင်းနေအိမ်ကြီးသည် တသီးတသန့်ဖြစ်ကာ လုံခြုံမှုရှိခြင်းကြောင့် ၀ယ်လက်အနေဖြင့် R-rated ကိုယ်ပိုင်ဇာတ်ကားများ ရိုက်ကူးနိုင်ရန် ကောင်းမွန်ကြောင်း ဈေးကွက်တင်သည့်ကုမ္ပဏီက မှတ်ချက်ပေးထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်တွင် ညစ်ညမ်းကားများရိုက်ကူးခဲ့သည့် နေအိမ်ကြီးကို ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းခန့်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် ညစ်ညမ်းကားများရိုက်ကူးခဲ့သည့် နေအိမ်ကြီးကို ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းခန့်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် ညစ်ညမ်းကားများရိုက်ကူးခဲ့သည့် နေအိမ်ကြီးကို ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းခန့်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် ညစ်ညမ်းကားများရိုက်ကူးခဲ့သည့် နေအိမ်ကြီးကို ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းခန့်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် ညစ်ညမ်းကားများရိုက်ကူးခဲ့သည့် နေအိမ်ကြီးကို ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းခန့်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service