တန်ဖိုးနည်းအိမ်ရာတည်ဆောက်မှု အခန်းအကျယ်လျှော့ချပြီး ကျပ်သိန်းတစ်ရာအောက် ရောင်းချနိုင်ရေး ဆောင်ရွက်မည်ဟုဆို

တန်ဖိုးနည်းအိမ်ရာတည်ဆောက်မှု အခန်းအကျယ်လျှော့ချပြီး ကျပ်သိန်းတစ်ရာအောက် ရောင်းချနိုင်ရေး ဆောင်ရွက်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
5 Dec 2016 9:32 am တွင် တင်ခဲ့သည်
1753 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးနည်းအိမ်ရာစီမံ ကိန်းများကို ကျပ်သိန်း ၁၀၀ အောက်ဖြင့်ရောင်းချနိုင်ရေး အခန်း အကျယ်လျှော့ချ တည်ဆောက်ရန် စီစဉ်နေကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ သတင်းရရှိသည်။

လက်ရှိအနိမ့်ဆုံးဈေးဖြင့် ရောင်းချနေသည့် ကျပ်သိန်း ၁၂၀ တန်တိုက်ခန်းများသည် အမှန်တ ကယ်ဝယ်ယူ နိုင်မှုနည်းပါးနေသဖြင့် နောက်ပိုင်းအသစ်တည်ဆောက်မည့်အိမ်ရာစီမံကိန်းများတွင်ကျပ်သိန်း၁၀၀အောက်ဖြင့် ၀ယ်ယူနိုင်ရန်စီစဉ်နေခြင်းဖြစ်သည်ဟုဆိုသည်။

ယခင်အိမ်ရာစီမံကိန်းများ သည် ပေ ၂၀ x ၄၀အခန်းများဖြစ် ၍ ဈေးနှုန်းလျှော့ချရောင်းချနိုင် ခြင်းမရှိခဲ့ပေ။

လာမည့် ၂၀၁၇တွင် ကျန် စစ်မင်းအိမ်ရာနှင့် သီလ၀ါတို့၌ အသစ်တည်ဆောက်ရန် တင်ဒါ ခေါ်ယူထားပြီဖြစ်ရာ အဆိုပါအိမ် ရာစီမံကိန်းများတွင် စတင်နိုင်ရန် ရည်ရွယ်ထားသည်။

လက်ရှိတွင် အိမ်ရာဝယ်ယူ ရေးစနစ်ကို ဘဏ်စုဆောင်းငွေ များဖြင့် ၀ယ်ယူနိုင်သည့်အလေ့ အကျင့်ရရှိစေရန်အတွက်လည်း စတင်နေပြီဖြစ်ပြီး ဆောက်လုပ် ရေးဝန်ကြီးဌာနသည် တန်ဖိုးနည်း အိမ်ရာစီမံကိန်းသုံးခုမှ အခန်း ၆၀၀ကျော်ကို ဘဏ်ချေးငွေဖြင့် စတင်ရောင်းချနိုင်ရန် ပြင်ဆင်နေသည်။ တန်ဖိုးနည်းအိမ်ရာစီမံကိန်း များကို အစိုးရအနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးတွဲတည် ဆောက်မှသာအခန်းတန်ဖိုးသက် သက်သာသာဖြင့် ရောင်းချနိုင် မည်ဖြစ်ကြောင်း ဧရာမြန်မာ ဆောက်လုပ်ရေးလုပ်ငန်းရှင်ဦး ၀င်းစိုးကသုံးသပ်သည်။

အစိုးရသစ်ထက်လက်တွင် တစ်နိုင်ငံလုံး၌ တန်ဖိုးနည်းအိမ် ရာ အခန်းပေါင်း ၈၀၀,၀၀၀ခန့်တည်ဆောက်ရန်ရည်ရွယ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောကြားထားသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service