တန်ဖိုးနည်းတိုက်ခန်းများကို ၀ယ်ယူပြီး တစ်ဆင့် ပြန်လည်ရောင်းချပါက အမည်ပျက်စာရင်းသွင်းမည်

တန်ဖိုးနည်းတိုက်ခန်းများကို ၀ယ်ယူပြီး တစ်ဆင့် ပြန်လည်ရောင်းချပါက အမည်ပျက်စာရင်းသွင်းမည် - Property News in Myanmar from iMyanmarHouse.com
2 Dec 2016 9:21 am တွင် တင်ခဲ့သည်
3807 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံတော်ထံမှဝယ်ယူကာတစ်ဆင့်ပြန်လည်ရောင်းချခြင်း၊ အိမ်ရာစည်းကမ်းချက်များကို ဖောက်ဖျက် ကြောင်း စိစစ်တွေ့ ရှိရပါက Black list (အမည်ပျက်)စာရင်းသွင်းကာ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မူက နိုဝင်ဘာ ၂၃ ရက်တွင် မြန်မာတိုင်း(မ်)ကိုပြောသည်။

အမှန်တကယ် အိမ်ရာလိုအပ်သူများ အတွက်သာ ရောင်းချရန် ရည်ရွယ်ထား သည့်အတွက်ယခုကဲ့သို့စည်းကမ်းထားရှိရခြင်းဖြစ်ပြီးအမှန်တကယ် နေထိုင်ခြင်း ရှိမရှိကိုလည်း မကြာခဏကွင်းဆင်းစစ် ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်မြင့်မြင့်မူက "ပြန်ရောင်းစားဖို့ ယူထားတာဆိုရင် သူ့ကို Black list ကြေညာမှာဖြစ်ပါတယ်။အဲဒီစာရင်းဝင် သွားရင်တော့ နောက်ပိုင်းမှာ တန်ဖိုးနည်း အိမ်ရာ ၀ယ်ယူခွင့်လျှောက်လို့ မရတော့ပါဘူး။ ပုဂ္ဂလိကတွေ ဆောက်တဲ့အပြင် အခန်းပဲ ၀ယ်ရတော့မယ်။ ဘဏ်ချေးငွေနဲ့ ၀ယ်ထားတဲ့ အခန်းတွေဆိုရင် အခန်းတွေ မှာ အမှတ်အသားတွေ သွားကပ်ထားမှာ ဖြစ်သလို မကြာခဏလည်းဘဏ်က အိုးအိမ် နဲ့ပေါင်းပြီး မြေပြင်မှာ သွားရောက်စစ်ဆေး မှာ ဖြစ်ပါတယ်။ မနေဘဲနဲ့ ငှားတာပြန်ရောင်းတာ လုပ်ထားလို့မရဘူး။ တကယ်အိမ်ရာ လိုအပ်တဲ့သူတွေကိုပဲ ဦးတည်တာဖြစ်တဲ့
အတွက် မနေနိုင်သေးဘူး၊ လောလောဆယ် အဆင်မပြေနိုင်သေးဘူးဆိုရင်တောင် ပိတ်ထားရမှာ
ဖြစ်ပါတယ်။ ငှားတာတောင် ငှားခွင့် ပေးမထားပါဘူး"ဟု ၎င်းက ပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် အိမ်ရာစည်းကမ်းချက် များအရ တိုက်ခန်းလျှောက်ထားသူများ အနေဖြင့် အိမ်ပိုင်မရှိကြောင်း ကတိခံဝန် ချက်ပါ တစ်ပါတည်း
တင်ပြရမည်ဖြစ်သည်။ အိမ်ပိုင်ရှိသူများ၊ နိုင်ငံတော်ထံမှ တိုက်ခန်း ရရှိထားပြီးသူများဖြစ်ကြောင်းစိစစ်တွေ့ရှိ ရပါက တိုက်ခန်းဝယ်ယူခွင့်ကို ပယ်ဖျက် မည့်အပြင် ပေးသွင်းထားသည့် တိုက်ခန်း
တန်ဖိုး၏ ငါးရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ခုနှိမ်ကာ တိုက်ခန်းကို ပြန်လည်သိမ်းယူ မည်ဖြစ်သည်။

ထို့ပြင် တိုက်ခန်း လျှောက်ထားသူများ သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိတိုက်ခန်းတစ်ခန်း ကိုသာရွေးချယ်လျှောက် ထားရန် ကန့်သတ်ထားသည်။

တန်ဖိုးနည်းနှင့် တန်ဖိုးသင့်တိုက်ခန်း ၀ယ်ယူခွင့် ရရှိထားသူများသည် ငါးနှစ် အတွင်း လွှဲပြောင်းရောင်းချခြင်း မပြုလုပ်ရန် တားမြစ်ထားသလို ငါးနှစ်ပြည့်မြောက်သည့် အချိန်တွင်ပြန်လည်ရောင်းချလိုပါကလည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကသတ်မှတ်ထားသည့်ဈေးနှုန်းများဖြင့်သာ ရောင်းချရန် စည်းကမ်းချက်များတွင် ဖော်ပြထားသည်။

"တကယ်နေစရာအခက်အခဲရှိတဲ့သူတွေရစေချင်တဲ့အတွက်အိမ်ရာစည်ကမ်းစည်းမျဉ်းတွေနဲ့အညီမကြာခဏ စိစစ် မှာပါ။ စည်းမျဉ်းစည်းကမ်းတွေကိုလည်း တရားဝင် ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါ
တယ်"ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က နိုဝင်ဘာ ၂၄ ရက်တွင်ပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဆောက်လုပ်ပြီးစီးနေပြီဖြစ် သည့် ယုဇန၊
ကနောင်နှင့် ရွှေလင်ပန်း တန်ဖိုး နည်းအိမ်ရာစီမံကိန်များရှိ တိုက်ခန်းများကို ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ် တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ် ထားသူများအနက် ပထမအရစ် တိုက်ခန်း တန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ပြည့်မီအောင် ငွေပေးသွင်းထားပြီးသူများကို ဦးစားပေး
ရောင်းချမည်ဖြစ်သည်။

ဩဂုတ်လကုန်မှ အောက်တိုဘာလ ၃၁ ရက်အထိ ပထမ အရစ် ၃၀ ရာခိုင်နှုန်း ပေးသွင်းထားသူပေါင်း ၁,၃၁၁ ယောက်စာရင်းကို နိုဝင်ဘာ ၂၂ ရက်တွင် အများပြည်သူတို့ကို ကြေညာခဲ့ပြီး ဖြစ်သည်။

ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ်များဖြစ်သည့် လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းနှင့် သန်လျင်မြို့နယ်များတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တန်ဖိုးနည်းတိုက်ခန်းပေါင်း ၈,၀၀၀ ကို ဆောက်လုပ် မည်ဖြစ်သည်။

Credit: Myanmar Time
တန်ဖိုးနည်းတိုက်ခန်းများကို ၀ယ်ယူပြီး တစ်ဆင့် ပြန်လည်ရောင်းချပါက အမည်ပျက်စာရင်းသွင်းမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service