ဒေါ်လာဈေးနှုန်းများ မြင့်တက်နေခြင်းအပေါ် ဆန်းစစ်လေ့လာခြင်း

ဒေါ်လာဈေးနှုန်းများ မြင့်တက်နေခြင်းအပေါ် ဆန်းစစ်လေ့လာခြင်း - Property News in Myanmar from iMyanmarHouse.com
1 Dec 2016 10:45 am တွင် တင်ခဲ့သည်
2062 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေအကြား ငွေလဲလှယ်နှုန်းသည် အောက်တိုဘာလဆန်းတွင် ၁၂၈ဝ ကျပ်ခန့်ရှိရာမှ ယခု နိုဝင်ဘာလနောက်ဆုံး ရက်သတ္တပတ်တွင် ၁၃၆ဝ ကျပ်ခန့်အထိ မြင့်တက်လာပါသည်။ ရာခိုင်နှုန်းအားဖြင့် ၆ ဒသမ ၂၅ ရာခိုင်နှုန်းခန့် မြန်မာ ငွေကြေးတန်ဖိုး ကျဆင်းသွားခြင်းဖြစ်ပါသည်။

ယင်းသို့ မြန်မာငွေတန်ဖိုးများစွာ ကျဆင်းရခြင်းအပေါ် အမေရိကန်ဒေါ်လာငွေကြေးတန်ဖိုးနှင့် အခြား နိုင်ငံတကာ ငွေကြေးတန်ဖိုးတို့၏ အတက်အကျ အခြေအနေများကိုလည်း လေ့လာကြည့်ရာ အမေရိကန်ဒေါ်လာညွှန်းကိန်း(USD Index)သည် (၂၁.၁၁.၂ဝ၁၆) ရက်နေ့တွင် ၁ဝ၁ ဒသမ ၄ အထိ မြင့်တက်ခဲ့သည့် အတွက် လွန်ခဲ့သော(၁၃)နှစ်ခန့်မှ ယခုအထိကာလအတွင်း အမြင့်ဆုံး မြင့်တက်ခဲ့ခြင်း ဖြစ်ပါသည်။

အမေရိကန်ဒေါ်လာညွှန်းကိန်းဆိုသည်မှာ နိုင်ငံတကာ ငွေကြေးများနှင့်ယှဉ်၍ အမေရိကန်ဒေါ်လာငွေကြေး အတက်အကျကိုဖော်ပြသော ညွှန်းကိန်းတစ်ခုဖြစ်ပါသည်။ လေ့လာမှုများအရ နိုင်ငံတကာငွေကြေးနှင့် အာဆီယံနိုင်ငံများ၏ ငွေကြေးတန်ဖိုးများသည် အမေရိကန်ဒေါ်လာနှင့်ယှဉ်လျှင် ဆက်တိုက်ကျဆင်းလျက်ရှိပြီး အာဆီယံ နိုင်ငံအချို့၏ ငွေကြေးတန်ဖိုးများသည် မြန်မာကျပ်ငွေထက် ပိုမို၍တန်ဖိုး ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

ယခု ၂ဝ၁၆ ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလအထိ ကာလအတွင်း မြန်မာကျပ်ငွေတန်ဖိုး ၆ ဒသမ ၂၅ ရာခိုင်နှုန်းခန့် ကျဆင်းချိန်တွင် ယူရိုငွေကြေးတန်ဖိုးသည် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ဂျပန် ယန်းငွေတန်ဖိုးသည် ၉ ဒသမ ၁၅ ရာခိုင်နှုန်းနှင့် မလေးရှား ရင်းဂစ်သည် ၇ ဒသမ ဝ၈ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ အချို့နိုင်ငံများတွင် ငွေကြေးတန်ဖိုးကျဆင်းမှုသည် မိမိတို့ နိုင်ငံထက် ပိုမိုများပြားကြောင်း တွေ့ရှိရပါသည်။ နိုင်ငံတကာအခြေအနေ သာမက မိမိတစ်နိုင်ငံတည်း အမြင်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုသည် အစိုးရနှင့်ဝန်ကြီးဌာနများ တာဝန်ရှိကြောင်း၊ မည်သို့ကျဆင်းစေရန် ပြုလုပ်မည်နည်းဟူသော ဆွေးနွေးမှုများ၊ ဝေဖန်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ကျပ်ငွေတန်ဖိုးကျဆင်းရခြင်း အခြားအကြောင်းတစ်ခုမှာ ကုန်သွယ်မှုကဏ္ဍတွင် သွင်းကုန်ပမာဏက ပို့ကုန်ပမာဏထက် ပိုမိုများပြားပြီး ကုန်သွယ်မှုကဏ္ဍလိုငွေပြမှု(Trade Deficit) ကာလကြာရှည်စွာ ဖြစ်ပေါ်နေမှုကြောင့် ဖြစ်ပါသည်။ အခြေခံစီးပွားရေးသီအိုရီအရ သွင်းကုန် ပမာဏက ပို့ကုန်ပမာဏထက် ပိုမိုများပြားနေခြင်းသည် တိုင်းပြည်အတွင်း အမေရိကန်ဒေါ်လာအပေါ် ဝယ်လိုအားကို မြင့်တက်စေပြီး တိုင်းပြည်၏ ငွေကြေးတန်ဖိုးကို ကျဆင်းစေပါသည်။

ကုန်သွယ်မှုကဏ္ဍလိုငွေပြမှု ဖြစ်ပေါ်လျက်ရှိသော်လည်း Non-trade ကဏ္ဍ (ဥပမာ-ရင်းနှီးမြှုပ်နှံမှု)မှ နိုင်ငံခြား ငွေစီးဝင်မှု မြင့်မားမည်ဆိုပါက မေခရိုစီးပွားရေးဝန်းကျင်နှင့် ငွေကြေးတန်ဖိုး အပေါ် သက်ရောက်မှုနည်းလာနိုင်ပါသည်။ လက်ရှိအခြေအနေအရ နိုင်ငံခြားငွေစီးဝင်မှုများ အေးနေချိန်၌ မြန်မာနိုင်ငံတွင် သွင်းကုန်ပမာဏသည် ပို့ကုန်ပမာဏထက် ပိုမိုများပြားနေသည့်အပြင် သွင်းကုန်ပစ္စည်းများအနက် စက်သုံးဆီ၊ သကြား စသည်တို့ကို Re-export အဖြစ် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ခြင်းများလည်း ရှိနေပါသည်။

ယင်းကုန်ပစ္စည်းများ တင်သွင်းသည့်အတွက် နိုင်ငံခြားငွေများ ပြည်ပသို့ စီးထွက်သွားသော်လည်း ၎င်းတို့ကို Re-export ပြုလုပ်ပြီးနောက် နိုင်ငံခြားငွေများ ပြည်တွင်းသို့ ပြန်လည်စီးဝင်မှု မရှိသည်ကို တွေ့ရှိရပါသည်။ အဆိုပါ Re-export သည် တရုတ်နယ်စပ်တွင် ပြုလုပ်ခြင်းဖြစ်၍ တရားဝင်လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ပြန်လည်ဝင်ရောက်ခြင်းမရှိဘဲ တရုတ်ယွမ်နှင့် မြန်မာကျပ်ငွေတို့သာ ပြန်လည်ရရှိပါသည်။

ယင်းအချက်သည်လည်း ပြည်တွင်း၌ အမေရိကန်ဒေါ်လာအပေါ် ဝယ်လိုအားမြင့်တက်စေရခြင်း အကြောင်းတစ်ခုဖြစ်ပါသည်။
၎င်းအပြင် အချို့သောပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်အတွက် လိုင်စင်လျှောက်ထားရာတွင် ကုန်ဝယ်အမှာစာ(Invoice)များ၌ မူလတန်ဖိုး ထက်လျှော့ပြပြီး ခြားနားငွေပမာဏအား ပြည်ပဘဏ်များရှိ ¤င်း၏ဘဏ်စာရင်းတွင် ထားရှိတတ်ပါသည်။

သို့ဖြစ်၍ မိမိနိုင်ငံမှ ပို့ကုန်များ၏ ရငွေအားလုံး ပြန်လည်ရရှိခြင်းမရှိသည့်အပြင် အဆိုပါငွေများအား ပြည်ပစာရင်းတွင်ထားရှိပြီး သွင်းကုန်လုပ်ငန်းရှင်များအတွက် လိုအပ်သော နိုင်ငံခြားငွေများကို Broker များမှတစ်ဆင့် ဘဏ်များထံသို့ အမြင့်ဈေးဖြင့် ပြန်လည်ရောင်းချကြရာ အမေရိကန်ဒေါ်လာလဲလှယ်နှုန်း မြင့်မားပြီး မြန်မာကျပ်ငွေတန်ဖိုးကို ကျဆင်းစေနိုင်ပါသည်။

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းစေရခြင်း အကြောင်းတစ်ခုမှာ မြန်မာနိုင်ငံ ဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားသူများသည် ၎င်းတို့၏ ဘဏ်စာရင်းမှ နိုင်ငံခြားငွေများကို ဘဏ်သို့ ပြန်လည်မရောင်းချဘဲ နိုင်ငံခြားငွေလိုအပ်သူများကို စာရင်းပြောင်း(Account Transfe)နည်းဖြင့် ရောင်းခွင့်ရှိနေသောကြောင့် ဖြစ်ပါသည်။ ဘဏ်များအနေဖြင့်လည်း ရောင်းဈေး၊ ဝယ်ဈေး ကွာဟမှု(Spread)ကို ပိုမိုကွာဟထားသည့်အတွက် ဘဏ်များသို့ နိုင်ငံခြားငွေပြန်လည်ရောင်းချရန် စိတ်ဝင်စားမှုနည်းသည်ကို တွေ့ရပါသည်။

အခြားနိုင်ငံများ၌ (ဥပမာ-ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ)နိုင်ငံခြား ငွေစာရင်းဖွင့်လှစ်ထားသူများသည် ပမာဏတစ်ခုအထိကိုသာ ၎င်းတို့၏ဘဏ်စာရင်းတွင် ထားရှိနိုင်ပြီး ယင်းထက်ကျော်လွန်သော ပမာဏကို ဘဏ်သို့ ပြန်လည်ရောင်းချရပါသည်။ ၎င်းသတ်မှတ်ချက်ကို Surrender requirement ဟု ခေါ်ဆိုပါသည်။

မြန်မာနိုင်ငံတွင်မူ ပို့ကုန်လုပ်ငန်းရှင်အချို့သည် ၎င်းတို့၏ နိုင်ငံခြားငွေ ဘဏ်စာရင်းတွင် ပမာဏများစွာကိုထားရှိပြီး ပြန်လည်ရောင်းချရာ တွင်လည်း ၎င်းတို့ကြိုက်ဈေးဖြင့် စာရင်းပြောင်း (Account Transfer)ရောင်းချ ကြသည်ကို တွေ့ရှိရပါသည်။ နိုင်ငံတကာတွင် ယခုကဲ့သို့ နိုင်ငံခြားငွေ ရောင်းချ၊ ဝယ်ယူခြင်းကို လိုင်စင်ရအဖွဲ့အစည်းများ (ဥပမာ-ဘဏ်များ)မှအပ မည်သူမျှ ဆောင်ရွက်ခွင့်မရှိသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံရှိ နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှုဥပဒေတွင်လည်း ထိုကဲ့သို့ ဆောင်ရွက်ခြင်းကို တားမြစ်ထားသော်လည်း တင်းကြပ်စွာ အကောင်အထည်ဖော်ဆောင်မှု မရှိသေးသည်ကို တွေ့ရှိရပါသည်။

၎င်းအပြင် အချို့သော မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်ပ တွင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ပြီး ပြည်ပဘဏ်များတွင် နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ထားရှိကာ ပို့ကုန်၊ သွင်းကုန်ပမာဏများကို အလျှော့အတင်း ပြုလုပ်၍ Under-invoice, Over-invoice များ ပြုလုပ်ခြင်း၊ ဟွန်ဒီ အရောင်းအဝယ်ပြုလုပ်၍ ဒေါ်လာဈေးကစားခြင်းများ ရှိသည်ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ ပြည်ပတွင် ဘဏ်စာရင်းဖွင့်လှစ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုပြုခြင်းတို့အတွက် ဗဟိုဘဏ်ထံမှ ခွင့်ပြုချက်ရယူရမည်ဖြစ်ပြီး ၎င်းတို့၏ နိုင်ငံခြားဘဏ်စာရင်း အသုံးပြုမှု အခြေအနေကိုလည်း ဗဟိုဘဏ်သို့ လစဉ်တင်ပြရမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ယင်းလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ ပြည်ပတွင်ဘဏ်စာ ရင်းဖွင့်လှစ်ထားမှုအခြေအနေအား ဗဟိုဘဏ်သို့ တင်ပြသတင်းပို့စေခြင်း၊ ပြည်ပရှိ နိုင်ငံခြား ဘဏ်များတွင် စာရင်းဖွင့်လှစ်ခြင်းအစား ပြည်တွင်းရှိ နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများတွင် စာရင်းဖွင့်လှစ်ရန် တွန်းအားပေးခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။ ယင်းသို့ ပြည်ပနိုင်ငံခြားဘဏ်စာရင်းမှ နိုင်ငံခြားငွေများ ပြည်တွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာခြင်းဖြင့် နိုင်ငံခြားငွေအပေါ် ရောင်းလိုအားများပြားပြီး မြန်မာကျပ်ငွေတန်ဖိုး ပြန်လည်မြင့်တက်စေနိုင်ပါသည်။

ကျပ်ငွေတန်ဖိုးကျဆင်းစေရခြင်း အကြောင်းတစ်ခုမှာ အမေရိကန်ဒေါ်လာ ဝယ်လိုအားကို မြင့်တက်စေနိုင်သည့် ပြည်တွင်းပေးချေမှုများတွင် နိုင်ငံခြား
ငွေဖြင့်ပေးချေ လက်ခံမှုပြုနေခြင်းတို့ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ဟိုတယ်၊ စားသောက်ဆိုင်၊ လေယာဉ်လက်မှတ်အေဂျင်စီ၊ နိုင်ငံတကာစာသင်ကျောင်း စသည်တို့တွင် မြန်မာကျပ်ငွေဖြင့် ဈေးနှုန်းသတ်မှတ်၍ မြန်မာကျပ်ငွေဖြင့်ပင် ပေးချေမှုများ ပြုလုပ်ရမည်ဖြစ်သော်လည်း အမေရိကန်ဒေါ်လာဖြင့် ပေးချေမှုများ ပြုလုပ်ရသည့်အတွက် အမေရိကန်ဒေါ်လာအပေါ် ဝယ်လိုအား မြင့်တက်မှုမှတစ်ဆင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းစေမှုများ ဖြစ်ပေါ်စေပါသည်။

သို့ဖြစ်ပါ၍ ပြည်တွင်းပေးချေမှုများကို ကျပ်ငွေဖြင့် ဈေးနှုန်းသတ်မှတ်ပြီး ကျပ်ငွေဖြင့်ပင် ပေးချေမှုပြုစေသည့်စနစ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်စေသင့်ပါသည်။
ထို့အပြင် ပြည်ပတွင်ဖြစ်ပေါ်လျက်ရှိသော အခြေအနေများဖြစ်သည့် အမေရိကန် ဗဟိုဘဏ်အတိုးနှုန်းတက်မည့်ကိစ္စ၊ အမေရိကန်ရွေးကောက်ပွဲ ရလဒ်စသည့်အချက်များသည်လည်း မြန်မာနိုင်ငံတွင်သာမက ဒေသတွင်း နိုင်ငံများ၏ ငွေကြေးတန်ဖိုးများကို ကျဆင်းစေသည့်အချက်များတွင် ပါဝင်လာပါသည်။

ထို့အပြင် မည်သည့်နေရာကမှန်းမသိ ပျံ့နှံ့လာသော ကောလာဟလများကလည်း မြန်မာငွေကြေးဈေးကွက်ကို သက်ရောက်မှုရှိလာသည်ကို တွေ့ရှိရပါသည်။ ဥပမာ- ဗဟိုဘဏ်တွင် နိုင်ငံခြားအရန်ငွေများ မရှိတော့သလောက် လျော့ကျသွားသည်ဆိုသည့်သတင်း၊ မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုများ တရားလွန်မြင့်တက်လာပြီဆိုသည့်သတင်း၊ ဗဟိုဘဏ်က ရည်ညွှန်းငွေ ဈေးနှုန်းတက်၍ ဒေါ်လာဈေးတက်ရသည်ဆိုသည့်သတင်း၊ ဝန်ကြီးဌာနများနှင့်ဗဟိုဘဏ်တို့အကြား ပေါင်းစပ်ညှိနှိုင်းမှု လုံးဝမရှိဆိုသည့် သတင်း စသည့် သတင်းများကလည်း ဒေါ်လာဈေးအပေါ် သက်ရောက်မှု အမျိုးမျိုး ဖြစ်ပေါ်လျက်ရှိပါသည်။

ဗဟိုဘဏ်ရှိ နိုင်ငံခြားအရန်ငွေများသည် အခြားနိုင်ငံများနှင့်ယှဉ်ပါက ပမာဏနည်းသော်လည်း ယခုနှစ်ပိုင်းအတွင်း အရန်ငွေများ မရှိတော့သလောက် လျော့ကျသွားသည်ဆိုခြင်းမှာမူ မဟုတ်ကြောင်း ဗဟိုဘဏ်မှ အကြီးတန်း အရာရှိတစ်ဦးက အတည်ပြုထားသည်ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ၏ မေခရိုစီးပွားရေးဝန်းကျင် ရေရှည်တည်ငြိမ်ရန်အတွက် နိုင်ငံခြားအရန်ငွေများကို ယခုထက်ပို၍ ပိုမိုများပြားလာစေရေး ဆောင်ရွက်ရန်နှင့် နိုင်ငံတကာ၌ အမေရိကန်ဒေါ်လာဈေးတက်နေချိန်တွင် အရန်ငွေများရောင်းချ၍ ဒေါ်လာ ဈေးဆွဲချရေးကို ဆောင်ရွက်ရန်မသင့်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့မှ အကြံဉာဏ်ပေးထားသည်ဟု သိရှိရပါသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းများ အလွန်မြင့်တက်လာသည် ဆိုသည့်အချက်မှာလည်း မှန်သင့်သလောက် မှန်ကန်ခြင်းမရှိသည်ကို တွေ့ရှိရ ပါသည်။ စားသောက်ကုန်ဈေးနှုန်းအချို့မြင့်တက်သွားသည်မှာ မှန်ပါသည်။ သို့သော် ငွေကြေးဖောင်းပွမှုနှုန်းမှာ ယခင် ၂ဝ၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းခန့် မြင့်တက်သွားသော်လည်း ယခု ၆ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။ ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရန်အတွက် ဈေးကွက်အတွင်းမှ နှစ်ပတ်တစ်ခါ ကျပ်ငွေ ဘီလီယံပေါင်းရာချီ၍ နုတ်ယူလျက်ရှိသည်ကို တွေ့ရှိရပါသည်။

ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲလှယ်နှုန်းသည် ဈေးကွက်ပေါက်ဈေးကို ဦးမဆောင်ဘဲ ဈေးကွက်ပေါက်ဈေးနောက်ကို လိုက်နေသည်ဆိုသောအ ချက်နှင့်၎င်းရည်ညွှန်းငွေလဲလှယ်နှုန်းတက်၍ ဒေါ်လာဈေးလိုက်တက်သည်ဆိုသည့် အချက်သည်လည်း မှန်ကန်မှုမရှိသည်ကို တွေ့ရှိရပါသည်။ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲလှယ်နှုန်းသည် ဈေးကွက်ပေါက်ဈေးကို ကိုယ်စားပြုရသည့်နှုန်းဖြစ်သည့်အတွက် ဈေးကွက်ပေါက်ဈေးတက်လျှင် လိုက်တက်၍ ဈေးကွက် ပေါက်ဈေးကျလျှင် လိုက်ကျရမည်ဖြစ်ပါသည်။

သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းလျက်ရှိသည်ဟုလည်း သိရှိရပါသည်။

သို့သော် မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်က ဆောင်ရွက်လျက်ရှိသော(ဆောင်ရွက်ရန်မသင့်သော)အချက်များကို ချက်ချင်း ထိန်းချုပ်မှုများ ပြုလုပ်လိုက်ပါက စီးပွားရေးဈေးကွက်ပေါ် သက်ရောက်မှုများရှိလာနိုင်သည့်အတွက် ချင့်ချိန်၍ ဆောင်ရွက်သင့်သည့် အချိန်အတိုင်းအတာကို ဆက်လက်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးလျက်ရှိသည်ဟု သိရှိရပါသည်။

မြန်မာကျပ်ငွေတန်ဖိုး တည်ငြိမ်ရေးသည် သက်ဆိုင်ရာဝန်ကြီးဌာနများတွင် သာမကဘဲ စီးပွားရေးလုပ်ငန်းများအား ဝိုင်းဝန်းပေါင်းစပ်ညှိနှိုင်း၍ ရေရှည်ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါသည်။ နိုင်ငံတကာနှင့် မြန်မာနိုင်ငံထက် ပိုမိုတိုးတက်မှုမြင့်မားသည့် အခြားနိုင်ငံများတွင်ပင် ယခုအချိန်အထိ ထိန်းချုပ်ထားသည့်(ထိန်းချုပ်သင့်သည့်)အချက်များကို မြန်မာနိုင်ငံ၌ ထိန်းချုပ်ထားခြင်းမရှိသည်ကို တွေ့ရှိရပါသည်။ အချို့ကိစ္စများတွင် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည့် အချက်အလက်များနှင့်ပတ်သက်၍ အမှန်ကို အမှားထင်၊ အမှားကို အမှန်ထင်သည့်ကိစ္စများပင် ရှိလာခဲ့ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များကလည်း ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းအမြင် တစ်ခုတည်း ကိုမကြည့်ဘဲ ဆောင်ရွက်သင့်သည့်အချက်များနှင့် ထိန်းချုပ်သင့်သည့်အချက်များကိုပါ ရဲရဲဝံ့ဝံ့တင်ပြဆွေးနွေး၍ သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း နိုင်ငံတကာ ဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံအခြေအနေတို့ကို ပေါင်းစပ်၍ သင့်တော်သည့်မူဝါဒများကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင် လိမ့်မည်ဟု ယုံကြည်တိုက်တွန်းအပ်ပါသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service