တောင်သူများ ၀န်ထုပ်ဝန်ပိုးမဖြစ်စေဖို့အတွက် မြေခွန်နှုန်းထား ပြင်ဆင်သတ်မှတ်ခြင်းမလုပ်ခဲ့လို့ စိုက်ပျိုး/မွေးမြူ ၀န်ကြီးဆို

တောင်သူများ ၀န်ထုပ်ဝန်ပိုးမဖြစ်စေဖို့အတွက် မြေခွန်နှုန်းထား ပြင်ဆင်သတ်မှတ်ခြင်းမလုပ်ခဲ့လို့ စိုက်ပျိုး/မွေးမြူ ၀န်ကြီးဆို - Property News in Myanmar from iMyanmarHouse.com
1 Dec 2016 10:43 am တွင် တင်ခဲ့သည်
1006 ကြိမ် ကြည့်ရှု့ပြီး
တောင်သူလယ်သမားများ အခွန်အခ ၀န်ထုပ်ဝန်ပိုးမဖြစ်စေဖို့အတွက်
မြေခွန်နှုန်းထားများကို ပြင်ဆင် သတ်မှတ်မှာ မဟုတ်ဘူးလို့
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးအောင်သူက ယမန်နေ့က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်မှာ
ပြောကြားခဲ့ပါတယ်။

လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက တောင်သူလယ်သများအတွက်
ခေတ်နဲ့ လျော်ညီတဲ့ မြေခွန်နှုန်းထားများ ပြင်ဆင်
သတ်မှတ်သွားရန် အစီအစဉ်ရှိ၊မရှိ မေးမြန်းခဲ့ရာမှာ
ပြည်ထောင်စုဝန်ကြီးဌာက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ တောင်သူများကို စည်းကြပ်နေတဲ့ မြေခွန်နှုန်းကို
တိုးမြှင့်သတ်မှတ်လိုက်ပါက နိုင်ငံအတွက် အခွန်အများအပြား
ရရှိမှာ ဖြစ်သော်လည်း တောင်သူများအတွက် ၀န်ထုပ်ဝန်းပိုး
မဖြစ်စေရေးအတွက် မြေခွန်နှုန်းထားကို ပြင်ဆင်သတ်မှတ်မှု
မပြုလုပ်ခဲ့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သူ ကပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒအရ မြေယာခွန်ကို တိုင်းဒေသကြီး၊
ပြည်နယ်လွှတ်တော်မှ သက်ဆိုင်ရာ ဒေသအတွင်း
အာဏာသက်ရောက်စေရန်အတွက် ဥပဒေပြု ဆောင်ရွက်ခွင့်
ရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့က မြေခွန်ကို
ကောက်ခံရမယ့် တာဝန်လည်းရှိပါတယ်။

မြေခွန်နှုန်းထားတိုးမြှင့်ကောက်ခံရေးမှာ တိုင်းဒေသကြီး၊
ပြည်နယ် များမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ရေးဆွဲပြီး
အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရရှိရေးဆောင်ရွက်ရမယ့်
ကိစ္စဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက
ဆက်လက်ပြောကြားခဲ့ပါတယ်။

ယမန်နေ့က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာပဲ
ပြည်မဲဆန္ဒနယ်ကမှ ဒေါက်တာခင်စိုးစိုးကြည်က
မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေရာမှာ
ကျေးရွာအရောက် သွားရောက်ချေးပေးတဲ့ ပုံစံ
ပြောင်းလဲဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
စိုက်ပျိုးစရိတ်ချေးငွေကို အချိန်မီလွယ်ကူစွာ ရရှိစေရေးအတွက်
အစိုးရကို တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service