စစ်တောင်းစက္ကူစက်ရုံ မြေဧက ၇၀၀ ခန့်ကို တစ်နှစ် ကျပ်သိန်း ၄၀၀ ကျော်ဖြင့် ရွှေသံလွင်ကုမ္ပဏီသို့ နှစ် ၃၀ ငှားရမ်းထား

စစ်တောင်းစက္ကူစက်ရုံ မြေဧက ၇၀၀ ခန့်ကို တစ်နှစ် ကျပ်သိန်း ၄၀၀ ကျော်ဖြင့် ရွှေသံလွင်ကုမ္ပဏီသို့ နှစ် ၃၀ ငှားရမ်းထား - Property News in Myanmar from iMyanmarHouse.com
30 Nov 2016 10:09 am တွင် တင်ခဲ့သည်
3825 ကြိမ် ကြည့်ရှု့ပြီး
မွန်ပြည်နယ် ကျိုက်ထိုရှိ စစ်တောင်းစက္ကူစက် ရုံ မြေဧရိယာ ဧက ၇၀၀ ခန့်ကို တစ်နှစ်လျှင် ကျပ်သိန်း ၄၀၀ ကျော်မျှဖြင့် ယခင်အစိုးရလက်ထက်က ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီသို့ နှစ် ၃၀ ငှားရမ်းခဲ့ကြောင်း စက်မှု ဝန်ကြီးက အမျိုးသားလွှတ်တော် ၌ နိုဝင်ဘာ ၂၉ ရက်တွင် ပြော ကြားသည်။

ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီ က စက်ရုံစုများ ဖော်ထုတ်နိုင်ရန် လျှောက်ထားခဲ့ရာ ၂၀၁၅ မှ ၂၀၄၅အထိ ငှားရမ်းထားကြောင်း ဝန် ကြီးဦးခင်မောင်ချိုက ပြောကြား ခဲ့သည်။

သို့ဖြစ်၍ မြေဧက ၇၀၀ ခန့် (၆၉၈ ဧက)ကို တစ်လလျှင် ကျပ်၃၅ သိန်းခန့်ဖြင့် ငှားရမ်းထားခြင်းဖြစ်ကြောင်း မွန်ပြည်နယ် အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးလှမြင့်၏ မေးမြန်းမှုကို ဝန်ကြီးက လာရောက်ဖြေကြားခဲ့ခြင်းဖြစ်သည်။

‘‘မြေကို နှစ် ၃၀ ငှားရမ်းလိုက်လို့ ကာလပေါက်ဈေးနဲ့တွက်ရင် ကျပ်သိန်းပေါင်း နှစ်သောင်း ကျော်ခန့် နစ်နာပါတယ်’’ဟု ဦးလှမြင့်က ပြောသည်။

စက္ကူစက်နှင့်ပတ်သက်၍ စုစုပေါင်း ကျပ် ၁၁ ဘီလီယံကျော် ခန့် နစ်နာခဲ့ရသဖြင့် အစိုးရက ပြန် လည်သုံးသပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။ စက် ရုံရှိ အဆောက်အအုံများ၊ စက် နှင့် စက်ပစ္စည်းကို ပုံသေပိုင် ပစ္စည်းလက်ကျန်တန်ဖိုး (Book Value) ဖြင့် ကုမ္ပဏီသို့ ရောင်းချခဲ့ခြင်း ကြောင့် နိုင်ငံတော်အနေဖြင့် နစ် နာဆုံးရှုံးမှုမရှိပါကြောင်း စက်မှု ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ သည်။

၂၀၁၁ စက်တင်ဘာက ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေးသဘောတူညီ ချက်အရ စစ်တောင်းစက္ကူစက်ကို တစ်နှစ်လျှင် ကျပ်သိန်း ၂၀၀ ကျော်ဖြင့် ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီ သို့ ၁၀ နှစ် စာချုပ်ချုပ်ဆို ငှားရမ်း ခဲ့သည်။ သို့သော် အရှုံးပေါ်သည် ဟုဆိုကာ ကုမ္ပဏီက ၂၀၁၂ တွင် ကုန်ထုတ်လုပ်မှု လုံးဝရပ်ဆိုင်းခဲ့ ပြီး စက်ရုံကို Industrial Complexအသွင်ဖြင့် ဆောင်ရွက်ခွင့်ပြုရန် နိုင်ငံတော်သမ္မတရုံးသို့တင်ပြခဲ့ ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် သမ္မတရုံးက ညွှန်ကြားခဲ့သည်။

စက်ရုံမြေကို စက်မှုဝန်ကြီး ဌာနက မြေအသုံးချမှုစီမံခန့်ခွဲမှု ကော်မတီသို့ ပြန်လည်အပ်နှံခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနက စက်ရုံ မြေကို နိုင်ငံတော်၏ စီမံခန့်ခွဲပိုင် ခွင့်ရှိသော မြေအဖြစ် မွန်ပြည် နယ်အစိုးရအဖွဲ့သို့ ၂၀၁၄ တွင် လွှဲပြောင်းပေးခဲ့သည်။

စက်ရုံမြေဧရိယာ ၉၂၆ ဧက အနက် ၆၉၈ ဒသမ ၄၂ ဧကကို ရွှေ သံလွင် ဟိုင်းဝေးကုမ္ပဏီက စက်​ရုံစုများ ဖော်ထုတ်နိုင်ရန် စက်မှု/ စီးပွားမြေငှားဂရန်လျှောက်ထား ခဲ့ပြီး တစ်နှစ်လျှင် မြေငှားရမ်းခငွေ ကျပ်သိန်း ၄၀၀ ကျော်မျှဖြင့် ၂၀၁၅ မှ ၂၀၄၅ အထိ ငှားရမ်း ထားသည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့က ဖြေကြားထားကြောင်း စက်မှုဝန်ကြီးက လွှတ်တော်တွင် ဖြေကြားခဲ့သည်။

Credit:7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service