သန်လျင်ဗိုလ်ချုပ်ရွာက စလစ်မြေများ ဂရန်သစ် ရလိုသလား၊ "မြေယာစီမံခန့်ခွဲမှု ရှိတဲ့ ရုံး" ကို သွားပါလား

သန်လျင်ဗိုလ်ချုပ်ရွာက စလစ်မြေများ ဂရန်သစ် ရလိုသလား၊ "မြေယာစီမံခန့်ခွဲမှု ရှိတဲ့ ရုံး" ကို သွားပါလား - Property News in Myanmar from iMyanmarHouse.com
30 Nov 2016 9:20 am တွင် တင်ခဲ့သည်
3199 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေ အရောင်းအဝယ်တွေ အေးသွားသည့် အချိန်ရောက်မှ ခြံမြေကွက်များ ဝယ်လိုသူအချို့ကိုလည်း ယခုတလော ရပ်ကွက်အတွင်း လှုပ်လှုပ်ရှားရှား သွားလာနေသည်ကို မြင်တွေ့သည်။ ခြံမြေကွက် ဝယ်လိုသည်ဆိုသော်လည်း "မြေကွက်ရရင်ပြီးရော၊ ဈေးပေါဖို့ပဲ လိုတယ်" ဟုပြောပြီး ဝယ်ချင်ကြသူများတော့ မဟုတ်ကြပါ။

ငြိမ်းချမ်းသာယာသော နယ်မြေ၊ ဝယ်သူတွေ ရှာဖွေနေ

နိုင်ငံတော် အစိုးရမှ တရားဝင် မြို့ကွက်ချထားပေးသော နေရာလည်းဖြစ်ရမည်။ ဆိတ်ငြိမ်အေးချမ်းတဲ့ ရပ်ကွက်လည်း ဖြစ်ရမည်။ လေကောင်းလေသန့်လည်း ရရမည်။ ရေမီး အပြည့်အစုံလည်း ရှိရမည်။ ရန်ကုန်မြို့တွင်းသို့ သွားလျင်လည်း အနီးဆုံးဖြစ်ရမည်။ ပိုင်ဆိုင်မှု ခိုင်မာသည့် မြေမျိုးလည်းဖြစ်ရမည်။ အရှုပ်အရှင်းလည်း ကင်းရမည်...စသည်ဖြင့် ဝယ်သူတို့က သူတို့၏ ဆန္ဒကို တင်ပြလေ့ရှိသည်။

အောင်ချမ်းသာရပ်ကွက်နဲ့ မဝေးလှတဲ့ ဗိုလ်ချုပ်ရွာ

ဝယ်သူတို့ဆန္ဒအတိုင်း ပြည်ဖို့ လမ်းညွှန်ပေးပါဆိုလျင်ဖြင့် အိမ်ခြံမြေ အကျိုးဆောင်ပွဲစားများက အကြာကြီး စဉ်းစားမနေတော့ဘဲ သံလျင်၊ ဗိုလ်ချုပ်ကျေးရွာသို့ ဆွဲခေါ်သွားတတ်ကြသည်။ ဗိုလ်ချုပ်ကျေးရွာမှာ သံလျင်၊ ကျောက်တန်းသွားကားလမ်းမကြီး၌ အနောက်ဘက်တွင် ရှိသည်။ ဗိုလ်ချုပ်ကျေးရွာဟု နာမည်တွင်နေသော်လည်း တစ်ချိန်က ကျူးကျော်ရပ်ကွက်တစ်ခုဖြစ်ခဲ့သည်ဟု သိရသည်။ အောင်ချမ်းသာရပ်ကွက်၏ ကျောကပ်ဟု ပြောလျင်လည်း ရသည်။

ရပ်ကွက် စည်ကားတာခြင်း မတူညီသည့် ဗိုလ်ချုပ်ရွာ

ဗိုလ်ချုပ်ရွာတွင် မြေကွက် ဝယ်ခဲ့သော မိတ်ဆွေတစ်ဦး၏ ကျေးဇူးကြောင့် ထိုရပ်ကွက် အနေအထားကို ယခုအထိ ကျွန်ုပ်၏မျက်စိထဲက မထွက် သေးပါ။ ဗိုလ်ချုပ်ရွာဟု အလွယ်တကူ ခေါ်နေကြသော်လည်း လူနေကျဲသော ရပ်ကွက်များရှိသလို အမှန်တကယ် စည်ကားနေသော ရပ်ကွက်ကြီးများ ရှိနေသည်။ စည်ကားသော ရပ်ကွက်တွင်မူ အိမ်ခြံဝင်းအတွင်း၌ ကြီးမားသော သီးပင်းစားပင်ကြီးများကို မြင်တွေ့ရခြင်းအားဖြင့် လူနေထိုင်ခွင့် ရခဲ့သည်မှာ (၁၀)စုနှစ်ကျော်ခဲ့ပြီဟု ခန့်မှန်းကြည့်နိုင်သည်။

ဗိုလ်ချုပ်ရွာက လက်တစ်ဝါးစာ မြေပိုင်ဆိုင်မှု စာရွာ

ဗိုလ်ချုပ်ရွာသို့ မြေကွက် ဝယ်ဖို့သွားခဲ့စဉ်က ပိုင်ဆိုင်မှု စာရွက်စာတမ်းများကို ပြပါဟု တောင်းကြည့်သည့်အခါ မြေချပါမစ်လည်းမဟုတ် ဂရန်မြေလည်း မဟုတ် ညစ်နွမ်းနေသည်။ လက်တစ်ဝါးစာရှိသည့် စာရွက်တစ်ရွက်ကို ထုတ်ပြသည်။ အဆိုပါ လက်တစ်ဝါးစာခန့်ရှိသည့် ဈေးနှုန်းက မသေးလှ၊ ကာလပေါက်ဈေး သိန်းနှစ်ရာကျော် ရှိနေသည်။

မယုံမရှိနဲ့ မြေစာရင်းမှာ သွားစစ်ကြည့် အမှန်ဖြစ်ပါ၏ တဲ့

အဆိုပါ ဝါကျင့်ကျင့် စာရွက်လေးကိုပင် စလစ်စာရွက်ဟု ပြော၍ ရောင်းဝယ်နေကြသည်။ ထိုစာရွက်လေး၏ ရှေ့ဘက် ကျောဘက်တို့တွင် မြေကွက်ရသူ၏ အမည်၊ မှတ်ပုံတင်၊ အဘအမည်တို့ ပါရှိပြီး အစိုးရဌာန၏ စည်းတံဆိပ် အဝိုင်းနှင့် ရွှေ့ပြောင်းရပ်ကွက် မှ ယခင်က (ရ.ဝ.က) ဥက္ကဋ္ဌ၏ လက်မှတ်နှင့် စည်းတံဆိပ်တုံးတို့ကို တွေ့ရသည်။ ပိုင်ဆိုင်မှုကလည်း မယုံချင်စရာ ပုံပြင်လိုပါပဲ မှန်ကန်မှုရှိမရှိ သံလျင်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန သို့ သွားရောက်၍ ငယ်စာရင်းနှင့်တိုက်ဆိုင်စစ်ဆေးကြည့်ရာ တာဝန်ခံများက စာရွက်စာတမ်းမှန်ကန်ပြည့်စုံကြောင်း ရှင်းပြကြသည်။ သို့သော် ထိုစာရွက် လုံးဝပျောက်လို့ မရကြောင်း ထိုစာရွက်အသေးလေး ပျောက်သွားခဲ့လျှင် ဂရန်များ ချထားပေးသည့်အခါ ဂရန်လျှောက်ခွင့်မပြုတော့ကြောင်း သိခဲ့ရသည်။ ထိုကြောင့်လည်း သန်လျင် ဗိုလ်ချုပ်ရွာက စလစ်မြေ ဝယ်ယူထားသူတိုင်း စလစ်စာရွက်မပျောက်ဖို့ အထူးဂရုစိုက်ရသည်။မြေပေါ်တွင် အိမ်ဆောက်နေထိုင်ခွင့် ရ၍ တော်သေးသည်။

သန်လျင် ဗိုလ်ချုပ်ရွာနယ်မြေ ၁၃(ခ)အရေး ရင်မအေးနိုင်လို့မေး

သို့သော် အထက်ပါနေရာအဖြစ် သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာနေမြေ ၁၃(ခ)ရှိ မြေများမှာမူ လူနေထိုင်ရန်အလို့ငှာ ဥပဒေနှင့်အညီ ချထားပေးသော်လည်း နေအိမ်ဆောက်လုပ်ခွင့် လျှောက်ထား၍ မရသော မြေနှင့်မြို့နယ်စည်ပင် သာယာနယ်နိမိတ်အတွင်းပါသော်လည်း နေအိမ်တည်ဆောက်ခွင့်မရသေးသည့်မြေများလည်း ရှိသေးကြောင်း သိရသည်။ အဆိုပါ ဗိုလ်ချုပ်ရွာနယ်မြေ ၁၃(ခ)မြေများနှင့်ပတ်သတ်၍ မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည်ကို သိရှိလို၍ သံလျင်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် က တိုင်းလွှတ်တော်တွင် မေးမြန်းထားသည်ကို ၂၃.၁၁.၂၀၁၆ မြို့တော်သတင်းတွင် ဖတ်ရသည်။

၃၀(ဃ) နှင့် ၃၀(ခ) အတိုင်း ဆောင်ရွက်ပေးမည်

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ လက်အောက်ရှိ မြို့နယ်စည်ပင်သာယာရေး လယ်ယာမြေများကို အခြားနည်းဖြင့် အဆိုပြုခွင့်ပေးထားသော မြေများကို ၃၀(ဃ) နှင့် ၃၀(ခ) တို့တွင် ပြဌာန်းထားသည့်အတိုင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

မြေယာစီမံခန့်ခွဲမှုများရှိသူများ

အဆောက်အဦး ဆောက်လုပ်ခြင်းကိုမူ သက်ဆိုင်ရာမြို့နယ်အလိုက် ထုတ်ပြန်ထားသည့် ဥပဒေစည်းကမ်းများနှင့် ဆောက်လုပ်ခွင့်ပြုပေးမည်ဟု သိရသည်။ ကျန်နေအိမ် ဆောက်လုပ်ခွင့်အနက် ဆောက်လုပ်ခွင့် မရသေးသည်များကို အခြားနည်းဖြင့် ဆောက်လုပ်ခွင့်ရနိုင်ရေးအတွက် မြေယာစီမံခန့်ခွဲပိုင်ခွင့်ရှိသူအဖြစ် မြို့နယ်အထွေအထွေအုပ်ချုက်ရေးမှူးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့က မြေယာစီမံခန့်ခွဲမှုများကို ပြုလုပ်ပေးလျက် ရှိသည်ဟု သိရသည်။

"မြေနှင့် ပတ်သတ်သည့် မူဝါဒများကို ဥပဒေလုပ်ထုံးလုပ်နည်းလုပ်နည်းများနှင့်အညီ တရားဝင်မြေများအဖြစ် သတ်မှတ်ပေးရန် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကာ သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက် နိုင်သည်" ဟု ရန်ကုန်မြို့တော်ဝန်ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဖြေကြားသွားသည်ကို တွေ့ရသည်။

အရင်းစစ်တော့ အမြစ်မြေက ထွေ/အုပ်ရုံးနှင့်လယ်မြေ စီမံဌာနက အဓိက

အထက်ပါအတိုင်း ဝန်ကြီး၏ ပြောကြားချက်များကို လေ့လာရခြင်းဖြင့် ဘိုးဘွားပိုင်မြေ ဂရန်မြေများကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဂရန်မြေ မရရှိသေးသော လယ်ယာမြေများကို မူ လယ်ယာမြေ ဥပဒေပုဒ်မ ၃၀(ဃ) နှင့် ၃၀(ခ)တို့အရ အခြားနည်း အသုံးပြုခွင့်ရအောင် ဆောင်ရွက်ပေးသွားတော့မည်ဟု ဆိုလိုပါသည်။

ထို့အတူ အဆောက်အဦးများ ဆောက်လုပ်ခွင့်ရရန် သက်ဆိုက်ရာမြို့နယ် များတွင် ဆောင်ွက်ပေးနိုင်သည်ဟု သိရသဖြင့် မြေကွက် ဝယ်ထားသူများ အမြန်ဆုံးသွားရောက်စုံစမ်းသင့်ပါသည်။ ထို့အပြင် ဆောက်လုပ်ခွင့် မရသေးသည့် မြေနှင့်ကျန်နေအိမ်များကိုလည်း တရားဝင်မြေများအဖြစ် သတ်မှတ်ပေးရန် သံလျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့တွင် သွားရောက်စုံစမ်းနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service