မြို့ပတ်ရထားလမ်းမြှင့်တင်ရေးစီမံကိန်းနှင့် မလွတ်ကင်းသည့်အိမ်ထောင်စုများကို လာမည့်နှစ်ဆန်းတွင် ပြန်လည်နေရာချပေးမည်ဟုဆို

မြို့ပတ်ရထားလမ်းမြှင့်တင်ရေးစီမံကိန်းနှင့် မလွတ်ကင်းသည့်အိမ်ထောင်စုများကို လာမည့်နှစ်ဆန်းတွင် ပြန်လည်နေရာချပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
23 Nov 2016 9:21 am တွင် တင်ခဲ့သည်
1015 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ပတ်ရထား လမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း ကို လာမည့် ဧပြီတွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းနှင့်မလွတ်ကင်းသည့် အိမ်ထောင်စု များ ပြန်လည်နေရာချထားရေး အစီအစဉ်ကို ၂၀၁၇ ပထမလေး လပတ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည်ဟု မြန်မာ့ မီးရထားမှ သတင်းရရှိသည်။

‘‘ရန်ကုန်မြို့ပတ်လမ်းတစ် လျှောက်မှာ ငြိစွန်းနိုင်တဲ့ ဈေးဆိုင်လေးတွေ၊ အိမ်လေးတွေအပါအ ဝင် နေထိုင်ကြတဲ့ စီးပွားရေးလုပ် ကြသူတွေ ထိခိုက်မှုတွေ ရှိရင် ဘယ်လိုစောင့်ရှောက်မှုတွေ လုပ်မလဲဆိုတာ ညှိနှိုင်းပေါင်းစပ်မှုပြု လုပ်ခဲ့ပါတယ်။ ရွှေ့ပြောင်းရင် ထိခိုက်နစ်နာနိုင်မယ့် အိမ်လေး တွေ၊ ဈေးဆိုင်လေးတွေကို ဆုံးရှုံး နစ်နာမှုအလိုက် လျော်ကြေးပေး ဆောင်ရွက်ပေးမယ်ဆိုတာ မိဘ ပြည်သူတွေနဲ့ ဆွေးနွေးဖြစ်ခဲ့ပါ တယ်’’ ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်)အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။

မြို့ပတ်လမ်းတစ်လျှောက် ပြန်လည်နေရာချထားပေးရမည့် မီးရထားရဲအိမ်ခန်းနှင့် ဝန်ထမ်း များအဆောက်အအုံ ၁၄ လုံး၊ လူကူးခုံးကျော်တံတား တစ်စင်း တည်ဆောက်ရေးအတွက် အိမ်တစ်လုံး၊ ကော်ဖီဆိုင်နှစ်ဆိုင်၊ ပြည်သူလူထုနေ အဆောက်အအုံ ရှစ်လုံး၊ စိုက်ပျိုးနေရာငါးနေ ရာနှင့် ဈေးဆိုင်ငယ် လေးဆိုင် ပါဝင်ပြီး စုစုပေါင်း ၃၄ နေရာကို ပြန်လည် နေရာချထားပေးမည် ဖြစ်သည်။

အဆောက်အအုံ ဖျက်သိမ်း ပြောင်းရွှေ့ရခြင်းကြောင့် ထိုက် သင့်သော ငွေကြေးကို သယ်ယူ ပို့ဆောင်စရိတ်အဖြစ် ပေးအပ် ခြင်း၊ ပြောင်းရွှေ့နေရာတွင် အခြေကျရန် လူတစ်ဦးစီအတွက် ထိုက် သင့်သော ငွေကြေးများ ကရုဏာ ကြေးအဖြစ် ပေးအပ်မည် ဖြစ် ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း ပိုင်း အဆင့်မြှင့်တင်ရာတွင် မလွတ်ကင်းသော ပျံကျဈေးသည် သုံးဦး၊ တညင်းကုန်းဘူတာ၌ ၁၈၃ဦး၊ သမိုင်းဘူတာ၌ ၁၃၁ ဦး၊ ကန်ဘဲ့ဘူတာ၌ ၁၂ ဦးနှင့် ကြည့်မြင်တိုင်ဘူတာ၌ ၁၇ ဦးတို့ကို မြန်မာ့မီးရထားကလာမည့် ဒီဇင်ဘာကစ၍ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို လာမည့် ၂၀၁၇ ဧပြီတွင် စတင် အကောင်အထည်ဖော် ဆောင် ရွက်မည်ဖြစ်ရာ အဆင့်မြှင့်တင် ရာတွင် ရထားသံလမ်းများအပြင် ဇလီဖားတုံးများ လူကူးခုံးကျော်တံ တားများ၊ အချက်ပြစခန်းများ၊ ပလက်ဖောင်း၊ ရထားဘူတာနှင့် ဘူတာရုံအဆောက်အုံများကို လည်း တစ်ပါတည်း အဆင့်မြှင့် တင်မည်ဖြစ်သည်။

‘‘အဆင့်မြှင့်တင်ရာမှာ နှစ် ပိုင်းခွဲထားပါတယ်။ ပထမတစ် ပိုင်းက နိုင်ငံခြားအကူအညီနဲ့ ဆောင်ရွက်တဲ့ အပိုင်း၊ ကျန်တဲ့ ဒုတိယအပိုင်းက နိုင်ငံတော်ဘတ် ဂျက်နဲ့ ဆောင်ရွက်တဲ့အပိုင်းပါ။ နိုင်ငံတော်ဘတ်ဂျက်နဲ့လုပ်တဲ့အ ပိုင်းမှာ လမ်းအဆင့်မြှင့်တင်ရေး၊ ပလက်ဖောင်းတွေ၊ ဘူတာတွေ၊ စင်္ကြံတွေ၊ ရေမြောင်းတွေ၊ မြေ ထိန်းနံရံတွေအားလုံးကို လုပ်သွား မယ်’’ဟု ဦးထွန်းအောင်သင်းက ပြောသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း ပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း တွင် ဂျပန် ဂျိုက်ကာမှ ODA ချေး ငွေအမေရိကန်ဒေါ်လာ ၂၀၆ သန်းဖြင့် DMU အဆင့်မြှင့်ရထားတွဲ ခြောက်တွဲပါ တွဲဆိုင်း ၁၁ ဆိုင်း ဝယ်ယူရန်နှင့် ရထားကားလမ်း ကူး ၂၅ နေရာ၌ အချက်ပြ စနစ်သစ်များ တပ်ဆင်ရန် ဆောင်ရွက်မည် ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service