ကန်ထရိုက်တိုက်ခန်း ဆောက်လုပ်မယ့်နေရာရဲ့ အထပ်မြင့်ရရှိမှုစောင့်ကြည့်လာ

ကန်ထရိုက်တိုက်ခန်း ဆောက်လုပ်မယ့်နေရာရဲ့ အထပ်မြင့်ရရှိမှုစောင့်ကြည့်လာ - Property News in Myanmar from iMyanmarHouse.com
22 Nov 2016 10:18 am တွင် တင်ခဲ့သည်
1224 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးအရောင်းဈေးကွက်အတွင်း အခန်းဈေးနှုန်း၊ ဆောက်လုပ်မယ့်နေရာရဲ့ အထပ်မြင့်ပေရရှိမှုတို့ကို စောင့်ကြည့်ရတဲ့အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

အခု ဆောက်လုပ်ရေးအများစုက အထပ်မြင့်ပေများများရတဲ့ နေရာတွေကိုလေ့လာပြီး လာကြတာများတယ်၊ အရင်က အတွင်းဘက်တွေကိုဆောက်လုပ်တာများပေမဲ့ အခုက လူသိများတဲ့လမ်းတွေမှာ ဆောက်လုပ်လာကြ တာများတယ်လို့ အံ့ထူးဆောက်လုပ်ရေးက မန်နေဂျာ ကိုမင်းမင်းက ပြောပါတယ်။

ရောင်းချမှုတွေ

လက်ရှိရောင်းချမှုတွေကတော့  ပထမထပ်ကစတင်ကာ အရောင်းဖွင့်တာတွေရှိ ပြီး မြေညီထပ်ကိုတော့ ဈေးကွက်ကိုလေ့လာပြီး အရောင်းပိတ်ထားတာတွေရှိနေပါတယ်။

မြေညီထပ် အခန်းဈေးနှုန်းတွေကတော့ အနည်းဆုံးလူသိများတဲ့ လမ်းမကျယ်တွေမှာဆို ကျပ်သိန်း ၁၀ဝ၀ ကျော်က စတင်ခေါ်ကြပြီး ကျပ်သိန်း ၃၀ဝ၀ လောက်အထိဈေးကွက် အပြောင်းအလဲရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်း လူစိတ်ဝင်စားမှုများတဲ့ နေရာတွေမှာတော့ ၂၄ နာရီ စီးတီးမတ် ဆိုင်ခွဲတွေကို ကုမ္ပဏီတွေနဲ့ ပူးပေါင်းဖွင့်လှစ် ကြတာမျိုးတွေကြောင့် ကန်ထရိုက် စိတ်ဝင်စားတဲ့ မြို့နယ်တွေမှာ ခေတ်စားနေတဲ့ဈေးကွက်တစ်ခု လည်း ဖြစ်ပါတယ်။

ဈေးကွက်ထဲမှာရှိတဲ့ အတွင်းကွက် ဈေးနှုန်းတွေကတော့ နောက်ပိုင်းလူစိတ်ဝင်စားမှု အနည်းအများပေါ်မူတည်ပြီး သိန်း ၄၀ဝ လောက်အထိကျဆင်းနေပြီး အတွင်းပိုင်း နေရာတွေမှာတော့ မြေညီထပ်ကို သိန်း ၄၀ဝ ဝန်းကျင်လောက်သာဈေးကွက်ရှိပါတယ်။

ဈေးနှုန်းတွေကတော့ အထပ်တစ်ဆင့်ကို ကျပ်သိန်း ၅၀ လျှော့ခေါ်ကြပြီး အပေါ်ဆုံး ထပ်ဈေးနှုန်းတွေကတော့ ၁၈ ပေ x ၅၅ ပေကို ကျပ်သိန်း ၁၈၀ လောက်အထိပေါက် ဈေးတွေရှိနေပါတယ်။  အရစ်ကျစနစ်ကိုတော့အတွင်း ကွက်တွေမှာသာ ဦးစားပေးရောင်း ချကြပြီး အပြင်လမ်းမတန်းတွေမှာတော့ လက်ငင်းဈေးကွက်သာများပြားနေတာဖြစ်ပါ တယ်။

အရစ်ကျကိုတော့ အရင်က ၁၂ လအထိသာလက်ခံကြပြီး အခုနောက်ပိုင်းမှာတော့ ၁၈ လ မှ၂၄ လအထိအမျိုးမျိုးပြောင်းလဲလက်ခံပြီး ဈေးနှုန်းရဲ့ပထမအရစ်ကိုတော့ အများစုက ၃၀ ရာခိုင်နှုန်းလောက် တောင်းတာတွေရှိတယ် လို့သိရပါတယ်။

ကန်ထရိုက်ဝင်ရောက်မှု

နေရာရွေးချယ်မှုကတော့ ရပ်ကွက်အတွင်း လူသိများတဲ့လမ်းတွေကိုရွေးချယ် ကြတာများပြီး ရပ်ကွက်အလိုက်ရွေးချယ်မှုတွေကတော့ ကန်ထရိုက်အဝင်များတဲ့ နေရာတွေကို ရွေးချယ်တာတွေများသလို ကန်ထရိုက်မရှိသေး တဲ့နေရာတွေကို စတင်ဝင်ရောက်ဆောက်လုပ်တာတွေလည်း ရှိတယ်လို့သိရပါတယ်။ ကန်ထရိုက် မရှိသေးတဲ့ နေရာတွေရဲ့ပြဿနာတွေကတော့ နောက်ပိုင်းအထပ်မြင့်ကို အရင် ဆောက်ထားတဲ့ ကန်ထရိုက်တိုက်ရဲ့အမြင့် ကိုကြည့်ပြီးပေးတာတွေရှိလို့ ကန်ထရိုက် တိုက်မဝင်တဲ့ နေရာတွေမှာဝင်ပြီး သားလမ်းထက် အမြင့်ပေမရရှိတာတွေဖြစ်ပေါ်နေ ပါတယ်။

မြေကွက်ဈေးနှုန်းတွေကတော့ ကျပ်သိန်း ၁၅၀ဝ ဝန်းကျင်လောက် မြေတွေများပြီး မြေညီထပ်တိုက်ခန်းဈေးက မြေတန်ဖိုးကိုကျေနိုင်တဲ့အထိ ဈေးကွက်ရှိနေပါတယ်။ ကန်ထရိုက် ဝင်ရောက်မှုတွေကတော့ လက်ရှိမှာ သာကေတ၊ သင်္ဃန်းကျွန်း နဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာ အဝင်များပြီး ဈေးနှုန်းတွေကိုတော့နေရာအလိုက် လျှော့ရောင်းတာတွေရှိသလို ဈေးမခေါ်ဘဲစောင့်ကြည့်နေတာတွေလည်းရှိတယ်လို့ သိရပါတယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service