အဆင့်မြင့်အိမ်ရာ နိုင်ငံခြားငွေဈေး အပြောင်းအလဲပေါ်မူတည် ဈေးနှုန်းသတ်မှတ်လာ

အဆင့်မြင့်အိမ်ရာ နိုင်ငံခြားငွေဈေး အပြောင်းအလဲပေါ်မူတည် ဈေးနှုန်းသတ်မှတ်လာ - Property News in Myanmar from iMyanmarHouse.com
18 Nov 2016 10:59 am တွင် တင်ခဲ့သည်
1483 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ် ရေးလုပ်ငန်းအများစု ဈေးနှုန်းကျ ဆင်းမှုတွေရှိနေပေမဲ့ နိုင်ငံခြားငွေဈေး အပြောင်းအလဲများနေတာ ကြောင့် အဆင့်မြင့်အဆောက်အ အုံ အများစု ဒေါ်လာဈေးနှုန်းနဲ့သာ ဈေးကွက်ဖြန့်တာတွေ ရှိနေတယ် လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် အချို့ဆီက သိရပါတယ်။

‘ဈေးကွက်အနေနဲ့ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့က ၂၂ ထပ်အမြင့် အဆောက်အအုံတွေကို အခုမှ စဆောက်လာကြတာ ပုံမှန်အရောင်းအဝယ်နဲ့ဆိုရင် မြေစတူးတာနဲ့ ကောင်းတဲ့နေရာဆို အကုန်ရောင်းပြီးတယ်၊ အခုအချိန်မှာ ကျတော့ ကောင်းတဲ့နေရာတွေ တောင် ၃၀ ရာခိုင်နှုန်းလောက် ပြီးမှ ၁၀ ရာခိုင်နှုန်းလောက်ပဲ ဝယ် လိုအားလိုက်တယ်၊ အခုနောက်ပိုင်းဈေးကွက်က နိုင်ငံခြားတွေနဲ့ ရောင်းတယ်၊ ဒေါ်လာဈေးကို ကြည့်ပြီး ဈေးကစားလာကြ တယ်˘ လို့ ယူကေဆောက်လုပ်ရေးက ကိုထက်ဝေက ပြောပါတယ်။

နိုင်ငံခြားက တိုက်ရိုက်နီးပါး ဝင်ရောက်တဲ့ အဆင့်မြင့်အိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်းတွေကတော့ စီမံကိန်းအများစုဟာ ၈၀ ရာ ခိုင်နှုန်းလောက်အထိ တည်ဆောက်ပြီးစီးနေပြီဖြစ်ပါတယ်။ ပြည်တွင်းက ဆောက်လုပ်တဲ့ စီမံ ကိန်းအများစုကတော့ မြေပြင် တည်ဆောက်ရေးလုပ်ငန်းပိုင်းတွေမှာ ဖြည်းဖြည်းချင်းစတင်နေတဲ့ အခြေအနေနဲ့ လုပ်ငန်းရပ်ဆိုင်းခံထားရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။

လက်ရှိဈေးကွက်ထဲကို နိုင်ငံ ခြားက ထပ်မံဝင်ရောက်တဲ့ လုပ်ငန်းတွေမရှိသလောက် နည်းပါးနေပေမဲ့ ဝင်ရောက်ပြီး လုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာတော့ တည်ဆောက်မှုပြန်လည်ပြုပြင်ရတာနဲ့ ဒီဇိုင်းပြန်ပြောင်းရတာမျိုး တွေ မရှိသလောက် နည်းပါးနေ တယ်လို့ သိရပါတယ်။ သူတို့ရဲ့ ဈေးကွက်တွေကလည်း နိုင်ငံခြားသားနှစ်ရှည်အငှားနဲ့ အရောင်းတွေကို ဦးတည်ကြတာဖြစ်လို့ တစ် စတုရန်းပေဈေးနှုန်းကို ဒေါ်လာဈေးနဲ့ သတ်မှတ်တာတွေ များလာ ပါတယ်။

အခက်အခဲများနဲ့

ပြည်တွင်းက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ ပြည်ပ က လုပ်ငန်းတွေကို ယှဉ်ပြိုင်နိုင်ဖို့အတွက် တည်ဆောက်မယ့် အဆောက်အအုံကုန်ကျစရိတ် ဘတ်ဂျက်နဲ့ တည်ဆောက်တဲ့အခါ ကြာ မြင့်မယ့်အချိန်တို့ကို တစ်ခါတည်းတွက်ချက်ထားရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆောက်အအုံဆောက် လုပ်သူ အနေနဲ့  ဝယ်လိုအားအရေအတွက်ကို တွက်ချက်ပြီး ဆောက် လုပ်တာထက် ကိုယ်ပိုင်ရန်ပုံငွေ ဘတ်ဂျက်တွေနဲ့ ဆောက်လုပ်သင့် တယ်လို့ သိရပါတယ်။ ဆောက် လုပ်ရေးအများစုက ဘဏ်ချေးငွေနဲ့ မကင်းကြတာကြောင့် ဈေးကွက် မကောင်းချိန်မှာ ငွေကြေးလည်ပတ်ဖို့ အခက်အခဲကြုံရတာဖြစ်ပါတယ်။

ဆာက်လုပ်တဲ့ ကုမ္ပဏီတွေကိုလည်း ပြည်တွင်းက လုပ်ငန်းရှင်တွေထက် ပြည်ပက လာရောက် ဆောက်လုပ်တဲ့ ကုမ္ပဏီတွေကို အကျိုးတူ ငှားရမ်းဆောက်လုပ်ကြတာဖြစ်ပြီး အခုလို ဈေးကွက်အေးနေချိန်မှာ ပြည်ပက ဆောက်လုပ် ရေးလုပ်ငန်းရှင်တွေက စောင့်ကြည့်တာမျိုးတွေကြောင့် ကြန့်ကြာတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

‘အခုက အဆင့်မြင့်အိမ်ရာတွေ အကုန်နီးပါးက ကိုယ်ပိုင် ငွေကြေးနဲ့ လည်ပတ်နေရတာ၊ ဒီအချိန်မှာ ငွေမလိုက်နိုင်တဲ့ စီမံကိန်းက ရပ်တန့်ပြီးကျန်ခဲ့မှာပဲ”လို့ အံ့ထူးဆောက်လုပ်ရေးက မန်နေဂျာကိုမင်းမင်းက ပြောပါတယ်။

ဝယ်လိုအားပြောင်းလဲလာ

တိုက်ခန်းအများစုရဲ့ ဝယ်လို အားအခြေအနေကတော့ မြို့တွင်း တိုက်ခန်းတွေထက်အသစ် ဆောက်လုပ်တဲ့ တိုက်ခန်းတွေရဲ့ ဝယ်လက်ဟာ တဖြည်းဖြည်း လျော့နည်းနေတာဖြစ်ပါတယ်။ ဒါ့ အပြင် ရောင်းချတဲ့ တိုက်ခန်းတွေ ရဲ့ ဈေးနှုန်းတွေကလည်း ယေဘုယျအားဖြင့် ၄၀၊ ၄၅ ရာခိုင်နှုန်း လောက်အထိ ကျဆင်းနေတာ ကြောင့် ဈေးနှုန်းမြင့်မားတဲ့ ကွန်ဒို တိုက်ခန်းတွေလည်း တဖြည်း ဖြည်း ဝယ်လက်ပျောက်လာတာ ဖြစ်ပါတယ်။

အခုလက်ရှိဈေးကွက်အနေအထားကတော့ ဝယ်လက်လုံးဝ ပျောက်တာမျိုး မဟုတ်ဘဲ အမှန် တကယ်နေထိုင်သူဈေးကွက်ရှိနေသေးတဲ့ အနေအထားတွေ ဖြစ်ပေါ်နေပါတယ်။

လက်ရှိရန်ကုန်မြို့တွင်းမှာ ဆောက်လုပ်အကောင်အထည် ဖော်နေတဲ့ အဆင့်မြင့်ကွန်ဒိုတိုက် ခန်းတွေရဲ့ ဈေးနှုန်းတွေကတော့ တစ်စတုရန်းပေကို ဒေါ်လာ ၂၀ဝ ဝန်းကျင်မှ ဒေါ်လာ ၄၀ဝ ဝန်းကျင် လောက်အထိ ကျသင့်တာကြောင့် ကွန်ဒိုတိုက်ခန်းတစ်ခန်းရဲ့ ဈေး နှုန်းတွေဟာ အနည်းဆုံးဒေါ်လာ ၂၀,ဝ၀ဝ လောက်အထိ ဈေးကွက် ရှိနေတယ်လို့ သိရပါတယ်။ နောက် ပိုင်းဆောက်လုပ်လာကြတဲ့အဆင့်မြင့်အိမ်ရာစီမံကိန်းတွေကတော့ မြို့တွင်းကမြေနေရာတွေထက် မြို့တွင်းနဲ့ ဆက်စပ်ပြီး လူ စိတ်ဝင်စားမှုများတဲ့နေရာ တွေမှာ အိမ်ရာတွေဆောက်လုပ် အ ကောင်အထည်ဖော်လာကြပါတယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service