အထူးစီးပွားရေးဇုန်များ နှင့်စပ်လျဉ်း၍ လုပ်ရမည့်ကိစ္စများ မလုပ်မိခြင်း၊ အမုန်းမခံနိုင်ခြင်း၊ ကျွမ်းကျင်ပိုင်နိုင်မှု မရှိခြင်းနှင့် လုပ်ငန်းများပြီးစီးအောင် မဆောင် ရွက်နိုင်ခြင်းတို့ကြောင့် ပြည်သူများနစ်နာမည်ကို စိုးရိမ်မိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၅ ရက်တွင် မြန်မာအထူးစီး ပွားရေးဇုန် ဗဟိုအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ၌ ပြောကြားသည်။
အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံတ ကာစီးပွားရေးအဖွဲ့အစည်းများ၏ အောင်မြင်မှုဖြင့် နိုင်ငံတည်ငြိမ်မှု နှင့် စီးပွားရေးဖွံ့ဖြိုးမှုအပေါ် နိုင်ငံ တကာမှ ယုံကြည်မှု ရရှိရေးကို လည်း တည်ဆောက်ရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောကြားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးစီးပွားရေးဇုန်များ တည်ထောင်လုပ်ကိုင်ခြင်းသည် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်သည်ဟု စီး ပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။ အာရှစီးပွားရေးကို ဦးဆောင်နေသည့် တရုတ်နိုင်ငံ သည် အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်တည်ဆောက်နိုင်ခြင်းကြောင့်ဟု ဆိုသည်။
‘‘အထူးစီးပွားရေးဇုန်နဲ့ နိုင်ငံ့ စီးပွားရေးတွန်းတင်ဖို့က ကြိုဆိုပါ တယ်။ ဒါပေမဲ့ အခြေခံအဆောက်အအုံပိုင်းကို တိတိကျကျ ဖော် ဆောင်ပေးဖို့ လိုပါတယ်’’ ဟု မြန် မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။
အထူးစီးပွားရေးဇုန်တွင် ရင်း နှီးမြှုပ်နှံလုပ်ကိုင်လိုသည့် နိုင်ငံတ ကာလုပ်ငန်းရှင်များသည် အခြေ ခံအဆောက်အအုံပိုင်းဖြစ်သော လမ်း၊ လျှပ်စစ်၊ ရေ၊ ရေဆိုးစွန့်ပစ်မှု စသည်တို့ အဆင်သင့်ရှိနေရန် တောင်းဆိုထားကြောင်း၊ အခြေခံကောင်းများကို ဦးစွာ တည် ဆောက်အကောင်အထည်ဖော် ပေးရန် လိုအပ်ပြီး နိုင်ငံတကာအ ဆင့်နှင့်အညီ တည်ဆောက်ပေး နိုင်မှသာ မြန်မာနိုင်ငံသို့ ရင်းနှီး မြှုပ်နှံမှုများ လာရောက်မည်ဖြစ် ကြောင်း ဒေါက်တာမောင်မောင် လေးက ပြောသည်။
၂၀၁၅ စက်တင်ဘာတွင် စတင်လည်ပတ်သော သီလဝါအ ထူးစီးပွားရေးဇုန် မြန်မာ-ဂျပန်သီ လဝါဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် အမှုဆောင်အရာရှိချုပ် မစ္စတာ တာကာရှီက ‘‘မြန်မာစီးပွားရေး တိုးတက်မှုအတွက် ရည်ရွယ်ထား ပါတယ်’’ဟု သီလဝါအထူးစီးပွား ရေးဇုန်အကောင်အထည်ဖော်ရ ခြင်းရည်ရွယ်ချက်ကို ရှင်းပြသည်။ဂျပန်နှင့် မြန်မာနှစ်နိုင်ငံ ပူး ပေါင်းပြီး မြေဟက်တာ ၂၄၀၀ ကျော်တွင် အကောင်အထည်ဖော် တည်ဆောက်နေသည့် သီလဝါ အထူးစီးပွားရေးဇုန်သည် တစ်နှစ်ကျော် ကြာမြင့်ချိန်အထိ ၄၀၅ ဟက်တာ(ဧက ၁၀၀၀ ကျော်)ကို သာ အကောင်အထည်ဖော်နိုင် သည်။
စီမံကိန်း ၁၀၁ ဟက်တာ (၂၅၂ ဧကကျော်)အကျယ်အဝန်း ရှိသော ဇုန်ဘီစီမံကိန်းကို ၂၀၁၆ နှစ်အကုန်တွင် စတင်ရန် မူလက စီစဉ်သော်လည်း ဒေသခံများနှင့် အစိုးရအကြား မြေယာပြဿနာ ကို ပြေလည်အောင် မညှိနှိုင်းပါက အချိန်ကြာမြင့်နိုင်သည်ဟု ဆို သည်။
မြန်မာနိုင်ငံတွင် အထူးစီး ပွားရေးဇုန်များ အကောင်အထည်ဖော်ရာ၌ နိုင်ငံတကာက သတ်မှတ်ထားသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှု သုံးသပ်လေ့ လာချက်များ၊ လူမှုရေးထိခိုက်မှု သုံးသပ်လေ့လာချက်များပြုလုပ် ပြီးမှသာ အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။
မြန်မာနိုင်ငံတွင် အထူးစီး ပွားရေးဇုန်သုံးခုကို အကောင်အ ထည်ဖော်ရန် ယခင်အစိုးရလက် ထက်တွင် စတင်ခဲ့သည်။ သီလဝါ အထူးစီးပွားရေးဇုန်သည် စီးပွားဖြစ်လည်ပတ်နေပြီး ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် များကိုလည်း ဆက်လက် အ ကောင်အထည်ဖော်ရန် စီစဉ်ထား သည်။
အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီများ ပြန်လည်ဖွဲ့စည်းမှုကို အောက်တိုဘာ ၁၂ ရက်တွင် တရားဝင် ထုတ်ပြန်ပြီး ဒေါက်တာ စိုးဝင်းက ဥက္ကဋ္ဌအ ဖြစ် ကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှု ကော်မတီကို ဦး ဆောင်သည်။ ဒေါက်တာဆက် အောင်က သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ဆက်ယူပြီး ဒေါက်တာထွန်းနိုင်က ထားဝယ်အထူးစီးပွားရေးဇုန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။
အထူးစီးပွားရေးဇုန်များ သည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုနှင့် တိုက်ရိုက်ဆက်စပ်နေ ခြင်းကြောင့် သီလဝါ၊ ထားဝယ်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီ မံခန့်ခွဲမှုကော်မတီဝင်များအနေ ဖြင့် စေတနာရှေ့ထားပြီး ပေးဆပ်လိုမှုဖြင့် အစွမ်းကုန် ကြိုးစား ဆောင်ရွက်ရန် မြန်မာအထူးစီး ပွားရေးဇုန်ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက မြန်မာအထူးစီးပွားရေးဇုန် ဗဟို အဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲ၌ ပြော ကြားခဲ့သည်။
Credit: 7DayDaily