ရန်ကုန်မြို့လယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ရောက်ရှိလုပ်ကိုင်နေသည့် တရားမ၀င် နိုင်ငံခြားသားအလုပ်သမားများအား နိုဝင်ဘာ တတိယပတ်မှ စတင်စစ်ဆေးတော့မည်

ရန်ကုန်မြို့လယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ရောက်ရှိလုပ်ကိုင်နေသည့် တရားမ၀င် နိုင်ငံခြားသားအလုပ်သမားများအား နိုဝင်ဘာ တတိယပတ်မှ စတင်စစ်ဆေးတော့မည် - Property News in Myanmar from iMyanmarHouse.com
16 Nov 2016 11:06 am တွင် တင်ခဲ့သည်
1087 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့လယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နေသည့် တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများကို နိုဝင်ဘာ တတိယပတ်မှစ၍ စစ်ဆေးမည်ဖြစ်ကြောင်း ပန်းပဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။

ထိုသို့ဝင်ရောက်စစ်ဆေးနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနရှိ ဆောက်လုပ်ရေးလုပ်ငန်း စာရင်းများကို တရားဝင်တောင်းခံမည်ဖြစ်ကြောင်း ဦးသန်းနိုင်ဦးက ပြောကြားသည်။

“အစ်ကိုတို့ အဲဒီကိစ္စကို ရှေ့အပတ်ထဲ လောက်မှာ ၀င်စစ်မယ်။ စည်ပင်မှာ အဲဒီ ဆောက်လုပ်ရေး လုပ်ငန်းစာရင်းတွေ တောင်းမယ်။ ဒီကိစ္စကို အစ်ကိုနဲ့ ကျောက်တံတား လွှတ်တော်ကိုယ်စားလှယ်ပူးပေါင်းပြီး စလုပ်မယ်။ အဓိက ကတော့ အစ်ကိုတို့က ၅၀၀၀ တန် ဆိုင်တွေကိုပါ ၀င်စစ်ရင်းနဲ့ မြို့လယ်ခေါင်က ဆောက်လုပ်ရေး လုပ်ငန်းတွေကို အရင်စစစ်မှာပေါ့” ဟု ဦး သန်းနိုင်ဦးက ပြောကြားသည်။

ယင်းသို့စစ်ဆေးရန်အတွက် သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်၊ မြို့နယ်အခွန်၊ လ၀ကတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ ဖွဲ့စည်းကာ ၀င်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ၀င်ရောက်စစ်ဆေးရာတွင် တရားမ၀င်လုပ်ကိုင်နေသည့် နိုင်ငံခြားသား အလုပ်သားများတွေ့ရှိပါက လတ်တလောတွင် အရေးယူမည်မဟုတ်ဘဲ ပညာပေး၊ အသိပေးသည့်အဆင့်သာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“သူတို့ ဒီကိုဘယ်လိုဗီဇာနဲ့လာတယ်။ ဘယ်လို လုပ်ကိုင်ဆောင်ရွက်တယ်ဆိုတာတွေကို သူတို့ကို စစ်ဆေးမှာပါ။ သူတို့ကို အတင်းအကျပ်ကြီး မဟုတ်ဘဲ အစ်ကိုတို့က သတိပေး၊ ပညာပေးတဲ့ သဘောပေါ့။ အရေးယူဖို့မဟုတ်ပါဘူး။ အဓိက ကတော့ အရေးယူဖို့ကို အရင်မသွားဘူး။ အရင်ကတည်းက လျော့နည်းခဲ့တဲ့ စည်းကမ်းတွေကို ပြန်လည်ထိန်းသိမ်းဖို့ပါ။ ဒီနိုင်ငံမှာ စီးပွားရေးလာလုပ် မယ်ဆိုရင် ဘယ်လိုမျိုးတွေနဲ့မှ လာလုပ်လို့ ရတယ်ဆိုတာကို အဓိကထားပြောမှာပေါ့။ နောက်တစ်ခါဆိုရင်တော့ အရေးယူမှုအပိုင်း တွေလာမှာပေါ့” ဟု ဦးသန်းနိုင်ဦးက ဆက်လက် ပြောကြားသည်။

ယင်းကဲသို့သော တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများသည် ရန်ကုန်မြို့လယ် ပန်းပဲတန်းမြို့နယ်ရှိ ယခင်ဗိုလ်ချုပ်လဟာပြင် ဈေးနေရာတွင် ဆောက်လုပ်နေသည့် Junction City စီမံကိန်း၊ စမ်းချောင်းနှင့် ကမာရွတ်မြို့နယ်ရှိ Time City ၊ ဆူးလေရှိ Sule Square စသည့် အဆင့်မြင့် အဆောက်အအုံများတွင် ၀င်ရောက်လုပ်ကိုင်နေကြပြီး နိုင်ငံသားများထက် လစာများစွာရရှိကြောင်း၊ တရားမ၀င် လုပ်ကိုင်နေသူများကြောင့် တိုင်းပြည်အတွက် အခွန်မရရှိကြောင်းနှင့် ထို့ ကြောင့် ၎င်းတို့ကို ၀င်ရောက်စစ်ဆေးရန် လုပ်ဆောင်နေကြောင်း သိရသည်။

အလားတူ ရန်ကုန်မြို့၌ ပျံ့နှံလာသော ကြိုက်တာယူကျပ် ၅၀၀၀ တန်ဆိုင်များတွင် တရားမ၀င် တရုတ်လူမျိုး အလုပ်သမားများ လုပ်ကိုင်နေခြင်း ရှိမရှိကိုလည်း ၀င်ရောက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် လာရောက်လုပ်ကိုင်နေသည့် တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများအနက် တရုတ်နှင့် ဗီယက်နမ် လူမျိုးအများဆုံးဖြစ်ကြောင်း ဦးသန်းနိုင်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှု၊ ဟိုတယ်ခရီး၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ အားကစား၊ စီးပွားကူးသန်းစသည့် ကဏ္ဍများတွင် လာရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားသား အလုပ်သမားများမှာ တရားဝင်စာရင်း အရ ၃၉၂၈ ဦးရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ နှင့် အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က အောက်တိုဘာ ၆ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားထားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service