လူတယောက်အတွက် မြေဘယ်လောက် များများလိုအပ်သလဲ

လူတယောက်အတွက် မြေဘယ်လောက် များများလိုအပ်သလဲ - Property News in Myanmar from iMyanmarHouse.com
16 Nov 2016 10:14 am တွင် တင်ခဲ့သည်
1395 ကြိမ် ကြည့်ရှု့ပြီး
၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြေလွတ်မြေရိုင်းဧက လေးသန်းရှစ်သိန်းကျော်ကို လူ ၆၀၀၀ ကျော်ကို ချထားပေးခဲ့တယ်။ သိမ်းယူထားသူ များက အသုံးချမှုမရှိဘဲ ဒီအတိုင်းပစ်ထားတာကြောင့် တိုင်းပြည်အတွက် နစ်နာနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာ ထွန်းဝင်းတို့က နိုင်ငံတော်အဆင့်အစည်းအဝေးတခုတွင် မိန့်ကြားခဲ့ကြတာကို မှတ်သားမိပါတယ်။

လူတယောက်ကို ဧက ၇၀၀ လောက် လုပ်ပိုင်ခွင့်ပေးထားတယ်ဆိုပြီး ၀န်ကြီးဦးကျော်ဝင်းက ဆိုပါတယ်။ ဒုတိယ၀န်ကြီးဒေါက်တာထွန်းဝင်းက ''နီးစပ်ရာ နီးစပ်ရာတွေကို ကုမ္ပဏီကြီးတွေကျ ဧက ၅၀၀၀ ပေးတယ်။ ၅၀၀၀ တောင် ဆက်ပြီးတော့ နောက်နှစ် နောက်နှစ်တွေမှာ တိုးပေးတယ်။ တိုးပေးတော့ မြေတွေက အဟောသိကံဖြစ်တယ်။ တချိန်တုန်းက မြေကြီးအပေါ် စီမံခန့်ခွဲမှု အားနည်းတာကြောင့် အဟောသိကံဖြစ်တယ်။ တိုင်းပြည်ကလည်း ဆင်းရဲတယ်။ နိုင်ငံပိုင်စက်ရုံတွေ ရှုံးသလို မြေကြီးကလည်း အရှုံးပါပဲ။ အလဟဿမြေဧကငါးသန်းကို စပါးထုတ်မယ်ဆိုရင် ဆန်တင်းပေါင်း ခုနစ်သန်းလောက် ထုတ်နိုင်တယ်။ ဆန်တင်း ခုနစ်သန်းဆို လူဦးရေ လေးပုံသုံးပုံကို ကျွေးနိုင်တယ်။ သူတို့သိမ်းထားတဲ့မြေသည် တိုင်းပြည်ရဲ့ လူဦးရေ လေးပုံသုံးပုံကို ကျွေးထားနိုင်တဲ့ ဆန်ပမာဏကို သိမ်းယူထားတယ်ဆိုတာ မပြောရုံတမယ်ပဲ''လို့ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံဥပဒေအခန်း (၁) နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၃၇ (က)တွင် နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။ စစ်အစိုးရအဆက်ဆက်မှာ ပုဒ်မ ၃၇ (က)ကို အသုံးပြုပြီး တပ်မတော်က တပ်သစ်များ တည်ဆောက်ဖို့ မြေသိမ်းပါတယ်။ ၀န်ကြီးဌာနများက စီမံကိန်းများအတွက်ဆိုပြီး မြေသိမ်းလယ်သိမ်းပါတယ်။ အဲဒီလို သိမ်းယူရာတွင် လိုအပ်သည်ထက် ဧကပေါင်းများစွာ ပိုသိမ်းပါတယ်။ ပိုနေတဲ့မြေတွေကို မူလ လယ်သမားတွေ ဒါမှမဟုတ် အခြားလယ်သမားတွေကို သီးစားပြန်ချပေးပြီး ငှားစားပါတယ်။
နောက်တခုက စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောစိုက်ခင်းပျိုးထောင်ရေး၊ ဆီအုန်းစိုက်ခင်းများ ဖော်ထုတ်ရေးတို့ကို အကြောင်းပြပြီး ခရိုနီလုပ်ငန်းရှင်ကြီးများကို စစ်အစိုးရလက်ထက်က ဧကထောင်သောင်းချီပြီး မြေတွေချပေးခဲ့တယ်။ အဲဒီမြေတွေဟာ မြေလွတ်မြေရိုင်းဖြစ်ချင်ဖြစ်မယ်။ မြေစာရင်းဌာနမှာ စာရင်းမပေါက်ပေမယ့် နှစ်ပေါင်းများစွာကြာ တောင်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေတွေဖြစ်ချင်ဖြစ်မယ်။ ဒီမြေတွေကို ပလပ်မြေဆိုပြီး အာဏာပိုင်များနဲ့ပေါင်းကာ ခရိုနီတွေက သိမ်းခဲ့ ကြတယ်။ ဟန်ပြသဘော လုပ်ကိုင်ပြကြတယ်။

ပြည်ပမှ ရင်းနှီးမြှုပ်နှံသူတွေ ၀င်ရောက်လာရင် ဒါမှမဟုတ် မိမိတို့ ရယူထားတဲ့ မြေတွေအနီးမှာ စီမံကိန်းတွေပေါ်လာရင် အမြတ်တင်ရောင်းချဖို့ လောဘစိတ်ဖြင့် လက်ဦးမှု ယူထားရုံသက်သက်ပဲ ဖြစ်ပါတယ်။ ဒီအတွက် လုပ်ကိုင်စားသောက်နေကြတဲ့ တောင်သူတွေ ဘ၀ပျက်ကြရပါတယ်။
ဒီနေရာမှာ Leo Tolstoy ရဲ့ “How much Land a Man Need -? ” ဆိုတဲ့ ၀တ္ထုတိုလေးတပုဒ်ကို သတိရမိပါတယ်။ လူတယောက်အတွက် မြေဘယ်လောက်များများလိုအပ်သလဲတဲ့။

တခါတုန်းက ဖာဟွမ်ဆိုတဲ့ လယ်သမားတယောက်ရှိတယ်။ သူဟာ မိသားစုအတွက် ရိုးရိုးသားသား ကြိုးကြိုးစားစား အလုပ်လုပ်တယ်။ ဒါပေမဲ့ သူ့မှာ ကိုယ်ပိုင်မြေမရှိတဲ့အတွက် ဆင်းရဲကျပ်တည်းပါတယ်။ ကိုယ်ပိုင် မြေလေး ဧကနည်းနည်းပါးပါးရှိရင်ကောင်းမှာပဲလို့ သူတွေးမိတယ်။ တနေ့တော့ ရွာနီးစပ်ချုပ်မှ မြေဧက ၃၀၀ ခန့်ပိုင်တဲ့ မြေပိုင်ရှင်အမျိုးသမီးကြီးက သူမရဲ့ မြေတွေကို ခွဲရောင်းနေပါတယ်။ လက်ငင်းငွေတ၀က်ပေး ကာ ကျန်တာကို တနှစ်ကြာမှ ပေးလို့ရတယ်ဆိုပြီး သတင်းကြားရတယ်။ ဖာဟွမ်က မြေ ၂၀ ဧကလောက် ၀ယ်ချင်တယ်။ ဇနီးဖြစ်သူနဲ့ တိုင်ပင်တယ်။ သူတို့မှာ စုဆောင်းထားတဲ့ ရူဘယ်ငွေ ၁၀၀ လောက်ရှိတယ်။ ဒါနဲ့သူတို့ပိုင်မြည်းလေးတကောင်နဲ့ မွေးမြူထားတဲ့ ပျားတွေရဲ့တ၀က်ကို ရောင်းလိုက်တယ်။ သားဖြစ်သူကို သူတပါးထံ အလုပ်ကြမ်းသမားအဖြစ် အငှားချပြီး ကြိုတင်ငွေယူလိုက်တယ်။ ပြီးတော့ ယောက်ဖဖြစ်သူထံက ငွေချေးပြီး မြေဧက ၄၀ လောက်ဝယ်ခဲ့တယ်။

ကဲ- အခုဆို ဖာဟွမ်ဟာ ကိုယ်ပိုင်မြေလေးနဲ့ဖြစ်သွားပါပြီ။ သူဟာ အလုပ်ကိုကြိုးစားလုပ်တယ်။ အပင်ပန်းခံတယ်။ ရာသီဥတုကောင်းပြီး သီးနှံဖြစ်ထွန်းတယ်။ ဒီလိုနဲ့ တနှစ်ကျော်တဲ့အခါ အကြွေးတွေအားလုံးကို ပြန်ဆပ်နိုင်တယ်။ ဖာဟွမ်ဟာ သူစိုက်ချင်တဲ့ သီးနှံကို စိုက်နိုင်တယ်။ သူ့ရဲ့အိမ်မွေးတိရစ္ဆာန်တွေကို ကိုယ်ပိုင်စားကျက်မှာ လွှတ်ကျောင်းနိုင် တယ်။ ဒါပေမဲ့ သူ့အနေနဲ့ လက်ရှိ အခြေအနေကို မရောင့်ရဲနိုင်ဘူး။ တနေ့မှာ ခရီးသွားတဦး သူတို့ရွာရောက်လာတယ်။ ခရီးသွားက ဗော်လ်ဂါ မြစ်တဘက်ကမ်းမှာ မြေတွေအရမ်းပေါတယ်။ မြေသြဇာလည်း ကောင်း တယ်။ ဂျုံသီးနှံဆိုရင် မြင်းတကောင်ရဲ့ အမြင့်နီးပါးထိ အောင်မြင်ဖြစ်ထွန်းတယ်ဆိုပြီး ပြောပြပါတယ်။ ဒါနဲ့ ဖာဟွမ်ဟာ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို အမြတ်တင်ရောင်းချပြီး မိသားစုလိုက် ဗော်လ်ဂါမြစ်တဘက်ကမ်းကို ပြောင်းရွှေ့ခဲ့တယ်။ ခရီးသွားပြောတာ မှန်ပါတယ်။ ဖာဟွမ်ဟာ မြေဧက ၄၀၀ လောက် ပိုင်ဆိုင်လာတယ်။ နောက်ထပ်လည်း မြေတွေငှားရမ်းပြီး ဧကပေါင်းများစွာ စိုက်ပျိုးတယ်။ သီးနှံတွေဖြစ်ထွန်းပြီး အမြတ်အစွန်းများစွာရပါတယ်။ ဒါပေမဲ့ ဖာဟွမ်ရဲ့ စိတ်ထဲမှာ သူများပိုင်မြေတွေကို ငှားရမ်းပြီး အခကြေးငွေပေးနေရတာကို မကျေမနပ်ဖြစ်နေတယ်။
ဒီလိုနဲ့ တနေ့ကျတော့ မြေအရောင်းအ၀ယ်လုပ်သူတဦးဟာ အလွန်ဝေးကွာတဲ့ ဘက်ရှ်ကားဒေသမှ ဖာဟွမ်နေတဲ့ အရပ်သို့ ပြန်ရောက်လာပါတယ်။ သူက အဲဒီအရပ်မှာ မြေဧက ၁၃၀၀ လောက်ဝယ်ခဲ့တယ် ဆို တယ်။ အားလုံးအတွက် ရူဘယ်ငွေ ၁၀၀၀ လောက်ပဲပေးရတယ်လို့ ပြောတယ်။ သူက ''အကြီးအကဲတွေနဲ့ မိတ်ဆွေဖြစ်ဖို့ပဲ လိုတယ်''ငါ သူတို့ကို အ၀တ်အစားတွေ၊ ကော်ဇောတွေ၊ လက်ဖက်ရည် တသေတ္တာ၊ သောက်စရာ ၀ိုင်အရက်တွေ ပေးခဲ့တယ်။ စုစုပေါင်းမှ ရူဘယ် ၁၀၀ လောက်ပဲရှိမယ်။ ငါတဧကကို ၂ ပဲနီလောက်နဲ့ မြေတွေရခဲ့တယ်လို့ ပြောပြတယ်။

ဒါကြောင့် ဖာဟွမ်ဟာ အစေခံတဦးကိုခေါ်ပြီး ဘက်ရှ်ကားဒေသကို ခရီးထွက်ခဲ့တယ်။ မြို့တမြို့အရောက်မှာ လက်ဖက်ရည်သေတ္တာတလုံးဇ၊ ၀ိုင်အချိုနဲ့ လက်ဆောင်ပစ္စည်းတွေ ၀ယ်ခဲ့တယ်။ ခရီးမိုင်ရာချီသွားရပြီး ခုနစ်ရက်အကြာမှာတော့ ဘက်ရှ်ကားတွေနေတဲ့အရပ်ကို ရောက်သွားတယ်။ ဒေသခံတွေက သူတို့ကို ကြိုဆိုကြတယ်။ ဖာဟွမ်ကလာရင်းကိစ္စကို ပြောပြတဲ့အခါ သူတို့ရဲ့ အကြီးအကဲနဲ့ တွေ့ပေးတယ်။

လူမျိုးစု အကြီးအကဲက ''မြေက ပေါပါတယ်။ ခင်ဗျားကြိုက် သလောက်ရွေးချယ်နိုင်ပါတယ်ဆိုပြီး ပြောပါတယ်။ ဈေးနှုန်းဘယ်လောက် လဲလို့ ဖာဟွမ်ကမေးတဲ့အခါ အကြီးအကဲက တနေ့ရူဘယ် ၁၀၀၀ သတ်မှတ်တယ်။ နေထွက်ချိန်ကစပြီး ခင်ဗျား ပြေးလွှားသတ်မှတ်နိုင်သမျှ မြေတွေကို ခင်ဗျားပိုင်တယ်။ ဒါပေမဲ့ နေမ၀င်မီ စထွက်တဲ့နေရာကို ပြန်ရောက်ရမယ်လို့ ပြောပါတယ်။

ဖာဟွမ်ရဲ့ စိတ်ထဲမှာ အံ့အားသင့်ပြီး မြေတွေအများကြီးပိုင်ဆိုင်ခွင့်ရတော့မယ်ဆိုပြီး ၀မ်းသာသွားပါတယ်။
နောက်တနေ့နံနက်နေထွက်ချိန်မှာ တောင်ကုန်းတခုပေါ်တွင် လူတအုပ်စုဝေးရောက်ရှိနေကြပါတယ်။ လူမျိုးစုအကြီးအကဲက ဖာဟွမ်ကို ပြောတယ်။ ''မျက်စိတဆုံးမြင်ရတဲ့မြေတွေကို ကျွန်တော်တို့ ပိုင်တယ်။ ခင်ဗျားကြိုက်သလောက်ယူနိုင်တယ်'' အဲဒီစကားကြားရတဲ့အခါ ဖာဟွမ်ရဲ့မျက်လုံးတွေ အရောင်လက်သွားပါတယ်။
လူမျိုးစုအကြီးအကဲက သူ့ရဲ့ မြေခွေးသားရေကက်ဦးထုပ်ကိုချွတ်ပြီး မြေကြီးပေါ်ချလိုက်ပါတယ်။ ''ဒါဟာ အမှတ်အသားပဲ။ ဒီနေရာက စထွက်ပေတော့၊ ဒီနေရာကို ပြန်လာခဲ့ပါ။ ခင်ဗျားတနေကုန်လှည့်ပတ် ပြေးလွှားမှတ်သားသမျှမြေတွေဟာ ခင်ဗျားအပိုင်ပဲ''
ဖာဟွမ်ဟာ သူ့ရဲ့ ပိုက်ဆံကို ထုတ်ယူပြီး မြေခွေးသားရေကက် ဦးထုပ်ထဲသို့ ထည့်ပါတယ်။ ပြီးနောက် ပေါက်ပြားကို ပခုံးပေါ်ထမ်းကာ နေထွက်ရာဘက်သို့ ဦးတည်ပြီး မနှေးမမြန်ခြေလှမ်းနဲ့ ထွက်လာပါတယ်။ ကိုက်တထောင်အရောက်တွင် ရပ်ကာ အမှတ်အသားအဖြစ် ပေါက်ပြားနဲ့ တွင်းတတွင်းတူးပါတယ်။ ခပ်သွက်သွက်လှမ်းပြီး အတော်ဝေးဝေးရောက်တဲ့အခါ နောက်ထပ်တွင်းတတွင်းတူးပါတယ်။ နောက် ဘက်ပြန်ကြည့်လိုက်တော့ တောင်ကုန်းပေါ်မှ လူများကို တွေ့မြင်ရပါတယ်။
မွန်းလွဲပိုင်းရောက်တဲ့အခါ ဖာဟွမ်မောပန်းစပြုလာပါတယ်။ သူ ထိုင်ချလိုက်ပြီး ပေါင်မုန့်အနည်းငယ်စားကာ ရေသောက်ပါတယ်။ ဒါပေမဲ့ သူလဲလျောင်းခြင်းတော့မပြုပါဘူး။ လှဲချလိုက်ရင် အိပ်ပျော်သွားမှာ စိုးရိမ်တဲ့ အတွက် ဖြစ်ပါတယ်။ သူဟာမတ်တပ်ရပ်လိုက်ပြီး ပြေးပြေးလွှားလွှားဖြင့် တွင်းတတွင်းပြီး တတွင်းတူးကာ အမှတ်အသားများ လုပ်နေပါတယ်။

သူဟာ တောင်ကုန်းဘက်ရှိရာနဲ့ နေလုံးကြီးကို မော့ကြည့်လိုက်ပါတယ်။ တောင်ကုန်းပေါ်မှ လူတွေကို ပျပျလေးပဲ မြင်ရပါတယ်။ နေလုံးဟာ မိုးကုပ်စက်ဝိုင်းအနီးသို့ ရောက်ခါနီးပြီ။ သူ့ရဲ့ ရည်မှန်းချက်အား မပြည့်သေး။ ဖာဟွမ်ဟာ ခပ်မြန်မြန်ခပ်သွက်သွက် လျှောက်နေပါတယ်။ သူ့ခြေထောက်တခုလုံး ပွန်းပဲ့ပြီး ဒဏ်ရာဗလပွဖြစ်နေပါတယ်။ သူဟာ ကုတ်အကျီ င်္၊ ဘွတ်ဖိနပ်၊ ရေဘူးနဲ့ ကက်ဦးထုပ်ကိုလွှင့်ပစ်ကာ အပြေး အလွှားသွားနေပါတယ်။ ပခုံးပေါ်ထမ်းလာတဲ့ ပေါက်ပြားကို လွှင့်မပစ်ဘဲ တောင်ဝှေးသဖွယ်ထောက်လှမ်းပြီး သွားနေတယ်။ နေလုံးကြီးဝင်တော့မည်။ တောင်ကုန်းရှိရာသို့ နေမ၀င်မီရောက်မှဖြစ်မယ်။ မရောက်နိုင်ရင် ကိစ္စအားလုံး ပျက်စီးကုန်မယ်။ လက်ကျန်ခွန်အားကိုစုစည်းပြီး ခြေကုန်သုတ်တယ်။ ဒါပေမဲ့ ခန္ဓာကိုယ်က ရှေ့ကို ရောက်ပေမယ့် ခြေထောက်တွေက နောက်မှာ ကျန်နေခဲ့တယ်။ သူတောင်ကုန်းနားရောက်ချိန်တွင် ရုတ် တရက်မှောင်သွားခဲ့တယ်။ ဘက်ရှ်ကားတွေရဲ့ အော်ဟစ်အားပေးသံများကို ကြားနေရတယ်။ ဖာဟွမ်ဟာ သက်ပြင်းရှည်ကြီး တချက်ရှူသွင်းပြီး တောင်ကုန်းပေါ်သို့ ပြေးတက်လိုက်တဲ့အခါ နေမင်းကြီး လုံးဝကွယ်သွား ပြီဖြစ်ပါတယ်။ ဖာဟွမ်ဟာ ငိုကြွေးရင်းရှေ့သို့ ဟတ်ထိုးလဲကျသွားပါတယ်။
''သူဟာ တကယ့်ကို ထူးချွန်တဲ့လူပဲ။ သူမြေတွေ အများကြီးရခဲ့တယ်'' ဆိုပြီး လူမျိုးစုအကြီးအကဲက အံ့သြချီးကျူးသလို ပြောပါတယ်။
ဖာဟွမ်ရဲ့ အစေခံက သူ့သခင်ကို ပြေးထူပါတယ်။ ဒါပေမဲ့ ဖာဟွမ်ရဲ့ ပါးစပ်ထဲမှ သွေးတွေ စီးထွက်လာတာကို သူမြင်ရပါတယ်။ ''ဖာဟွမ်သေပြီ'' အစေခံဟာ ပေါက်ပြားကို ကောက်ယူပြီး သူ့သခင်အတွက် သချို င်္င်း မြေပုံတခု တူးပါတယ်။ သူ့အတွက် လိုအပ်တဲ့မြေကဦးခေါင်းမှ ခြေဖျားအထိ ခြောက်ပေမျှသာဖြစ်ပါတယ်။
စာရေးဆရာကြီး Leo Tolstoy က လူတယောက်ဟာ မြေနဲ့ပတ်သက်ပြီး ဘယ်လောက်ပဲ လောဘကြီးကြီး သေတဲ့အခါ သူ့အတွက် ခြောက်ပေကျယ်တဲ့ မြေတကွက်ပဲရမယ်ဆိုပြီး လောဘသတ်ဖို့ မက်ဆေ့ခ်ျ ပေးချင်တဲ့သဘောဖြစ်ပါတယ်။

အောက်တိုဘာ ၂၂ ရက်က နေပြည်တော်မှာ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနဲ့ တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ''အခု ကျွန်မတို့နိုင်ငံမှာဆိုရင် လူအများစုဟာ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အားကိုးပြီးတော့နေကြတယ်ဆိုတာ အများသိပြီးသားဖြစ်ပါတယ်။ ၇၀ ရာခိုင်နှုန်းလောက်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့စီးပွားရေးမူဝါဒထဲမှာဆိုရင် လယ်ယာစိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ခေတ်မီအောင်လုပ်ဖို့ ထည့်ထားတာဖြစ်ပါတယ်'' ဟု မိန့်ကြားပါတယ်။

နိုင်ငံရဲ့ဆင်းရဲမွဲတေမှုကို လျှော့ချဖို့ အလုပ်အကိုင်များများ ဖန်တီးရပါမယ်။ အလုပ်အကိုင်အများဆုံးပေးနိုင်တာက စိုက်ပျိုးရေးကဏ္ဍဖြစ်ပါတယ်။ လယ်ယာကုန်ထုတ်လုပ်ငန်းဟာ မြန်မာ့စီးပွားရေးရဲ့ ပင်မကျောရိုး ဖြစ်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ မဖြစ်မနေလိုအပ် ပါတယ်။ ဒီအတွက် တပ်မတော်၊ အစိုးရ၀န်ကြီးဌာနများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေနဲ့ အစိုးရသစ်လက်ထက်မှာ မြေသိမ်း၊ ယာသိမ်း မလုပ်ကြဖို့ လိုပါတယ်။ နိုင်ငံရဲ့ လူဦးရေ လေးပုံသုံးပုံကို ကျွေးမွေးနိုင်တဲ့ မြေဧက လေးသန်းရှစ်သိန်းကျော်ဟာ လူ ၆၀၀၀ ရဲ့ လက်ထဲမှာ အဟောသိကံ မဖြစ်ဖို့လိုပါတယ်။ နိုင်ငံတ၀န်းရှိ စက်မှုဇုန်တွေမှာ လုပ်ငန်းအကောင်အထည်မဖော်ဘဲ အမြတ်တင်ရောင်းချဖို့ သက်သက်လက်ဦးထားတဲ့ မြေများကို စိစစ်ဖော် ထုတ်ကာ ပြန်လည်သိမ်းယူဖို့ လိုပါတယ်။ ဒီမြေတွေအားလုံးကို တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် လက်တွေ့ထိထိရောက်ရောက် အသုံးချရပါမယ်။

ပုဒ်မ ၃၇ (က)အရ စစ်အစိုးရအဆက်ဆက် ပြည်သူလူထုအထူး သဖြင့် လယ်သမားတွေထံမှ မြေဧကများကို သိမ်းယူခဲ့သလို အစိုးရသစ်အနေနဲ့ အဲဒီပုဒ်မအရပဲ လူ ၆၀၀၀ ရဲ့ လက်ထဲရှိ အလဟဿဖြစ်နေတဲ့ မြေဧက ငါးသန်းနီးပါးခန့်ကို ပြန်လည်သိမ်းယူသင့်တယ်လို့ ယူဆပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အားလုံးဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုထဲမှာ ပါဝင်ပိုင်ခွင့်အပြည့်အ၀ရပါလိမ့်မယ်။ အဲဒီပါဝင်ပိုင်ခွင့်ကို မှန်မှန်ကန်ကန်နဲ့ သုံးပြီးတော့ ကူညီကြပါဆိုပြီး တိုက်တွန်းပါတယ်။ ခရိုနီစီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပေးလာတဲ့အခွင့်အရေးကို အမိအရ ဖမ်းယူဆုပ်ကိုင်ကြပါ။ မိမိတို့လက်ထဲမှာ အဟောသိကံဖြစ်နေတဲ့ မြေဧကငါးသန်းနီးပါးကို ပြည်သူလူထုအများစုကြီး အကျိုးစီးပွားအတွက် ပြန်လည်စွန့်လွှတ်ပေးကြပါ။ လူဆိုတာ ဘယ်လောက်ပဲ လောဘတကြီး ပစ္စည်းဥစ္စာမြေယာတွေ ရှာဖွေစုဆောင်းပါစေ၊ သေရင် ကိုယ့်နောက်မပါ ခြောက်ပေလောက် ရှိတဲ့ မြေကွက်လေးပဲ ပိုင်ဆိုင်မှာဖြစ်ကြောင်း သတိပေးနှိုးဆော်အပ်ကြောင်းပါဗျာ။

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service