နယူးယောက်တွင် လူသတ်သမားတစ်ဦးနေထိုင်လျက်ရှိသော အဆောက်အအုံတစ်လုံးကို ဒေါ်လာ ၂ သန်းနီးပါးဖြင့် လေလံတင်ရောင်းချ

နယူးယောက်တွင် လူသတ်သမားတစ်ဦးနေထိုင်လျက်ရှိသော အဆောက်အအုံတစ်လုံးကို ဒေါ်လာ ၂ သန်းနီးပါးဖြင့် လေလံတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
15 Nov 2016 11:32 am တွင် တင်ခဲ့သည်
1590 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် လူသတ်မှုကျူးလွန်ခဲ့ဖူးသူတစ်ဦး နေထိုင်လျက်ရှိသော အဆောက်အအုံတစ်လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇သန်းဖြင့် လေလံတင်ရောင်းချရာ လက်ရှိနေထိုင်လျက်ရှိသူနှင့် အငြင်းပွားမှု ပေါ်ပေါက်လျက်ရှိကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လေလံတင်ရောင်းချလိုက်သည့်နေအိမ်တည်ရှိရာမှာ
နယူးယောက်မြို့ ဟာလမ်အရပ်၊ အနောက် ၁၁၉ လမ်း၊
အမှတ် ၃၆ ဖြစ်သည်။ဝယ်ယူလိုက်သူမှာ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးဖြစ်သူ အစ္စရေး ၀ိန်းဘာဂါ ဖြစ်သည်။

နေအိမ်ကို လေလံတင်ရောင်းချလိုက်သော်လည်း ယင်းနေအိမ်
တွင် လူသတ်မှုဖြင့် ထောင်ကျခဲ့ဖူးသူတစ်ဦး
ဆက်လက်နေထိုင်လျက်ရှိဆဲပင် ဖြစ်သည်။နေအိမ်အဆောက်အအုံမှာ သုံးထပ်ဖြစ်ပြီး အရောင်းဈေးကွက်သို့တင်ထားသည်မှာ
တစ်လခန့်ရှိပြီဖြစ်သည်။

ယင်းနေအိမ်တွင် လူသတ်မှုဖြင့်ထောင်မှထွက်လာသူတစ်ဦးဖြစ်သည့်
ရှာကွမ် လာတီနက်ဇ်ဆိုသူ
နေထိုင်လျက်ရှိဆဲဖြစ်သော်လည်း လေလံပွဲတွင် ပြိုင်ဆိုင်မှု အလွန်ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

လာတီနက်ကမူ ၎င်းသည် အဆိုပါအဆောက်အအုံတွင် တရားဝင်နေထိုင်ခွင့်ရှိသူတစ်ဦးဖြစ်ကြောင်း ပြောကြားထားသည်။
လာတီနက်ဇ်သည် လူသတ်မှု၊ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ထောင် ၇ နှစ် ကျခံဖူးသူတစ်ဦးဖြစ်သည်။

မူလပိုင်ရှင်က လာတီနက်ဇ်ကို အဆိုပါနေအိမ်မှ အခန်းတစ်ခန်းငှားရမ်းထားခဲ့ခြင်းဖြစ်သည်။
ယခင်ပိုင်ရှင်၏ ဆွေမျိုးများက လာတီနက်ဇ်ကို ယင်းနေအိမ်မှ
ဖယ်ရှားရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့်
လေလံတင်ရောင်းချခဲ့ခြင်းဖြစ်သည်။
ယခုအခါ ၀ယ်ယူလိုက်သည့်ပိုင်ရှင်သစ် ၀ိန်းဘာဂါသည် လာတီနက်ဇ်အရေး ကိုင်တွယ်ဖြေရှင်းရတော့မည်ဖြစ်သည်။

(အချက်အလက်များ)
လေလံအောင်ဈေးနှုန်း- ကန်ဒေါ်လာ ၁၆၅၇၅၀၀
အနီးဝန်းကျင်- ၃ ဘလောက်အကွာရှိ ၁၁၆ လမ်းတွင် အမြန်ရထားဘူတာရုံရှိ
လစဉ်အိမ်ခြံမြေအကောက်ခွန်- ၆၄၃ ဒေါ်လာ
ခန့်မှန်းစတုရန်းပေ- ၂၈၄၁
အရောင်းတင်သွင်းသည့်မှတ်ပုံတင်အမှတ်- ၂၀၁၉၉၄၄

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နယူးယောက်တွင် လူသတ်သမားတစ်ဦးနေထိုင်လျက်ရှိသော အဆောက်အအုံတစ်လုံးကို ဒေါ်လာ ၂ သန်းနီးပါးဖြင့် လေလံတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
နယူးယောက်တွင် လူသတ်သမားတစ်ဦးနေထိုင်လျက်ရှိသော အဆောက်အအုံတစ်လုံးကို ဒေါ်လာ ၂ သန်းနီးပါးဖြင့် လေလံတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service