အိမ်တွင်းလေထု ညစ်ညမ်းမှုနဲ့ အနံ့အသက်ဆိုးတွေ ကင်းစင်သွား အောင် ဘယ်လိုပြုလုပ်ကြမလဲ….

အိမ်တွင်းလေထု ညစ်ညမ်းမှုနဲ့ အနံ့အသက်ဆိုးတွေ ကင်းစင်သွား အောင် ဘယ်လိုပြုလုပ်ကြမလဲ…. - Property Knowledge in Myanmar from iMyanmarHouse.com
19 Oct 2016 3:59 pm တွင် တင်ခဲ့သည်
2300 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

အိမ်တိုင်းအိမ်တိုင်းမှာ အနံ့အသက်တစ်မျိုးစီ ရှိနေပါတယ်။ မွှေး ကြိုင်သင်းပျံ့တဲ့အနံ့အသက်တွေက ဘာမှမဖြစ်ပေမယ့် ဆိုးရွားနံတဲ့ အနံ့အသက်တွေကတော့ တကယ့်ကို နေထိုင်ရအခက်အခဲဖြစ် စေပါတယ်။ အချက်အပြုတ်အစား အသောက် အနံ့အသက်တွေ အနံ့ပြင်းပြင်းနဲ့ မွှန်ထူစူးရှတဲ့ အနံ့အသက်တွေ၊ အငွေ့တွေ၊ အိမ်တွင်းလူသုံးနဲ့ အိမ်သုံးအသုံးအဆောင် ပစ္စည်းတွေကနေ ပုတ်သိုး ပြီးထွက်လာတဲ့ အနံ့ပြင်းလွန်းတာတွေကြောင့် သင့်အိမ်တွင်းကအနံ့ အသက်တွေကို ဆိုးရွားသွားစေနိုင်ပါတယ်။ တချို့အနံ့အသက်တွေ ကတစ်ခဏအတွင်း ပျောက်ကွယ်သွားတယ်ဆိုပေမယ့် တချို့အနံ့ အသက်တွေကျတော့ အချိန်အခိုက်အတန့် အနံ့စွဲနေလို့နေထိုင်ရ အဆင်မပြေဖြစ်ရပါတယ်။ ဒါ့ကြောင့်မို့လို့ နေအိမ်တွင်းက ဆိုးရွားလွန်းတဲ့အနံ့အသက်တွေ ဖြစ် ပေါ်စေတဲ့အရာတွေနဲ့ ဘယ်လိုမျိုးအနံ့အသက်ကင်းစင်သွားအောင် ပြုလုပ်ရမလဲဆိုတာတွေကို နည်းလမ်းပေးဖော်ပြလိုက်ပါတယ်။

၁။ ဖိနပ်နဲ့ ခြေအိတ်၊ အောက်သိုးသိုး အနံ့အသက်ထွက်တဲ့ အသုံး အဆောင်ပစ္စည်းတွေက အိမ်အတွင်းအနံ့အသက်ကို ဆိုးရွားစေနိုင် ပါတယ်။ ရေစိုလိုက်၊ ခြောက်လိုက်၊ လေပိတ်ပြီး လှောင်နေတဲ့ ဖိနပ် တွေနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေကနေ အောင့်သက်သက် အနံ့ဆိုးတွေ ထွက်ရှိလာနိုင်ပါတယ်။ ဒီလိုစိုထိုင်းထိုင်းပစ္စည်းတွေကို အခြောက်ခံတာမျိုးတွေ၊ လျှောဖွတ်တာမျိုးတွေ ပြုလုပ်ပေးရပါမယ်။ ဒါမှမဟုတ် အနံ့အသက်ပျောက်စေတဲ့ အချဉ်ဓာတ်နဲ့ အက်စစ်ပျော့ ဓာတ်ပါဝင်တဲ့ အိမ်သုံးဆေးရည်တွေနဲ့ တိုက်ချွတ်တာ၊ ဖြန်းပျက် တာမျိုးတွေနဲ့ အနံ့အသက် ပျောက်ကင်းအောင်ပြုလုပ်နိုင်ပါတယ်။

၂။ စီးကရက်နဲ့ မီးခိုးထွက်ရှိတဲ့ လူ့အသုံးအဆောင်ပစ္စည်းနဲ့ အိမ် တွင်းပစ္စည်းတွေကနေ ထွက်ရှိလာတဲ့ အနံ့အသက်တွေ အိမ်တွင်း လေထုကို အနံ့အသက်ဆိုးရွားစေပါတယ်။ အိမ်တွင်းမှာ အသုံးပြု တဲ့ မီးဖို၊ ခြင်ဆေးခွေ၊ စီးကရက်စတာတွေကနေ အိမ်တွင်းမီးခိုးနဲ့ အနံ့ထုတ်လွှတ်မှုတွေရှိပြီးတော့ အနံ့အသက်ကို ဆိုးရွားကာ အနံ့ စွဲစေပါတယ်။ ဒီလိုမျိုး စွဲနေတဲ့အနံ့အသက်တွေကို ပျောက်ကင်းဖို့ အတွက် ဗီနီဂါနဲ့ အချဉ်ဓာတ်၊ အက်စစ်ပျော့ဓာတ်ပါတဲ့ ဆေးရည်၊ အရည်တွေကို အသုံးပြုရပါမယ်။ အဝတ်စတစ်ခုမှ အရည်စွတ်ပြီး တော့ ကြမ်းပြင်တွေ၊ အိမ်နံရံ၊ မှန်ပြတင်းတွေနဲ့ သုတ်ပြီးတော့ ဖယ်ရှားနိုင်ပါတယ်။ အဲ့ဒီအရည်တွေကို အိမ်တွင်းမှာလဲ ဖြန်းပြီး တော့လည်း အနံ့အသက်တွေရှင်းလင်းနိုင်ပါတယ်။

၃။ အိမ်တွင်းမွေးတဲ့ တိရစ္ဆာန်လေးတွေကနေလည်း ဆိုးဆိုးရွားရွား အနံ့အသက်တွေ ထွက်ရှိလာနိုင်ပါတယ်။ အမြဲလိုလို သန့်ရှင်းရေး မလုပ်ပေးဖြစ်တဲ့ သူတို့လေးတွေဆီကနေ အနံ့အသက်ဆိုးတွေက လည်း အိမ်တွင်းမှာအနံ့ထွက်နိုင်ပါတယ်။ မစင်နဲ့ အညစ်အကြေး တွေကနေလည်း အိမ်တွင်းမှာ ညစ်ညမ်းစေနိုင်ပါတယ်။ ဒါ့ကြောင့် မို့လို့ အိမ်တွင်းမှာ မဖြစ်မနေထားရှိမွေးမြူမယ့် တိရစ္ဆာန်လေးတွေကို သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရည်ကို ဂရုတစိုက် လုပ်ဆောင်ပေးဖို့နဲ့ သူ တို့လေးတွေရဲ့ နေရာထိုင်ခင်းပတ်ဝန်းကျင်ကိုလည်း အမြဲလိုလို သန့်ရှင်းနေပေးရမှာလည်း ဖြစ်ပါတယ်။

၎။ ရေချိုးခန်းတွေကနေ ထွက်ရှိလာတဲ့ အနံ့အသက်တွေက တ ကယ့်ကို မခံနိုင်စရာပါပဲ။ ရေတွေနဲ့ အမြဲလိုလို စိုထိုင်းထိုင်းဖြစ်နေ တဲ့ အနံ့ကနေထွက်လာတဲ့ အနံ့အသက်က အောင့်သက်သက်နဲ့ မှိုနံ့တွေက အိမ်တွင်းရဲ့အနံ့အသက်ကို ဆိုးရွားစေနိုင်ပါတယ်။ ဒီ အနံ့အသက်ကို ပျောက်ကင်းဖို့ဆိုရင်လည်း အချဉ်ဓာတ်၊ အက်စစ် ဓာတ်ပါဝင်တဲ့ အရည်၊ ကျောက်ချဉ်၊ ဗိုဒ်ကာ အပျော့စား စသဖြင့် အရည်တွေနဲ့ပဲ လေထုသန့်စင်မှုအလွယ်တကူပဲ ပြုလုပ်နိုင်ပါတယ်။

၅။ ရေဆိုးနဲ့အညစ်အကြေး၊ ရေနုတ်မြောင်းပိုက်တွေကနေထွက်ရှိ လာတဲ့ ပုတ်သိုးနေတဲ့ ရေပုတ်နဲ့ ရေညှိ၊ အညှိတွေ၊ အညစ်အကြေး တွေကနေ ထွက်ရှိလာတဲ့ အပုတ်အသိုးတွေက နေအိမ်အတွင်းအ ဆိုးဆုံး လေထုညစ်ညမ်းမှုကို ဖြစ်စေပါတယ်။စွန့်ပစ်အမှိုက်တွေ ကနေမှ ပုတ်သိုးပြီးဖြစ်လာတဲ့ မှိုနဲ့ အညစ်အကြေးတွေကလည်း အိမ်တွင်းအနံ့အသက်ကို ဆိုးရွားစေပါတယ်။ ဒါ့ကြောင့်မို့လို့ အညစ် အကြေးနဲ့ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျထုတ်ပိုးပြီး စွန့်ပစ်သင့်ပါ တယ်။

၆။ ဝတ်ပြီးအဝတ်အစား၊ ချွေးနံ့တွေ စွဲနေတဲ့ အဝတ်အစား အစို၊ အခြောက်တွေကိုလည်း အချိန်အကြာပြီးမထားမိပါစေနဲ့။ စိုထိုင်း ထိုင်းအဝတ်အစားတွေကနေ ထွက်ရှိလာတဲ့ အနံ့အသက်တွေက ချဉ်စုတ်စုတ်အနံ့အသက်တွေ၊ ဟောင်စပ်စပ် အနံ့အသက်တွေ၊ အောင့်သက်သက် အနံ့အသက်တွေထွက်ရှိလာနိုင်ပါတယ်။ အဝတ် အစားတွေကို စနစ်တကျလျှော်ဖွတ်ပြီး သိမ်းဆည်းထုတ်ပိုးရပါမယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service