ရန်ကင်း အိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းအသစ် ဆောင်ရွက်နေ

ရန်ကင်း အိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းအသစ် ဆောင်ရွက်နေ - Property News in Myanmar from iMyanmarHouse.com
17 Oct 2016 11:22 am တွင် တင်ခဲ့သည်
2765 ကြိမ် ကြည့်ရှု့ပြီး
ရန်ကင်းမြို့နယ်က (၁) ရပ်ကွက်ကနေ (၆)ရပ်ကွက်အထိဧရိယာစုစုပေါင်း ၁၆၂ ဧကပေါ်မှာ ရန်ကင်းအိမ်ရာဖွံ့ဖြိုးရေး စီမံကိန်း (Yankin Estate Development) မာစတာပလန် ဆောင်ရွတ်နေတယ်လို့ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဒီနေ့ကျင်းပတဲ့ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပြောပါတယ်။

နေရာက လက်ရှိ ၁၉၅၃-၁၉၇၂ ခုနှစ်က ပြည်သူ့အိုးအိမ်က ထူထောင်ခဲ့တဲ့ပြည်သူ့ အငှားအိမ်ရာ ရှိပါတယ်။သည်အငှားအိမ်ရာက တိုက်ခန်းပေါင်း ၂၀၆ လုံးနဲ့ အိမ်ခန်းယူနစ်ပေါင်း ၃၆၀၄ ခန်း ရှိပါတယ်။ရန်ကင်းပြည်သူ့ အိမ်ရာက နှစ်ပေါင်း ၆၀ ခန့် ရှိပြီဖြစ်လို့ ဆွေးမြေ့ပျက်စီး အန္တရာယ် ရှိနေပါတယ်။မူလတည်ဆောက်ပေးတဲ့ အခန်းတွေက စတုရန်းပေ ၂၀၀ နဲ့ ၄၄၀ သာ ကျယ်ဝန်းတာကြောင့် အခန်းတွေကို တိုးချဲ့ကာ ၊ မြေညီထပ်တွေမှာ ဈေးဆိုင်ငှားရမ်းတာတွေကြောင့် ဥပဓိရုပ်အားဖြင့် လည်းပျက်စီးနေတယ်လို့ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီက ပြောပါတယ်။

လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကင်းအိမ်ရာကို ပုံမှန်ပြုပြင်ထိန်းသိမ်းရေး ရန်ပုံငွေနဲ့က တိုက်အားလုံးကို ပြုပြင်ဖို့ မလုံလောက်ဘဲ တိုက်အနည်းငယ်ကိုသာ ဆောင်ရွက်နိုင်တယ်လို့ ရှင်းပြပါတယ်။
ရန်ကင်းမြို့နယ်ရဲ့ မြို့ပြဖွံ့ဖြိုးမှု အခြေအနေကို သုံးသပ်ပြီး ရန်ကင်းအိမ်ရာစခန်းမှာ နေထိုင်သူတွေအတွက် နေထိုင်မှု ပုံစံ အဆင့်မြှင့်တင်ဖို့ ရန်ကင်းအိမ်ရာ အဆောက်အအုံ ဟောင်းတွေကို အသစ်ပြန်လည်တည်ဆောက်မှာပါ။

ရန်ကင်းအိမ်ရာအသစ်တည်ဆောက်ဖို့ ရန်ကင်းအိမ်ရာ ဖွံ့ဖြိုးရေး စီမံကိန်း (Yankin Estate Development) မာစတာပလန်ကို ဗိသုကာ ပညာရှင်တွေ ရေးဆွဲနေတဲ့ အဆင့်ကို ရောက်ရှိနေပြီလို့ ဒေါ်နီလာကျော်ကပြောပါတယ်။
သည်စီမံကိန်းမှာ လက်ရှိအိမ်ခန်းထက် ကျယ်ဝန်းပြီး သဘာဝအလင်းရောင်ရရှိတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်မှာဖြစ်ပါတယ်။လက်ရှိနေထိုင်သူတွေကို တိုက်သစ်တွေမှာ နေရာပြန်ချပေးတာ ၊တိုက်ဟောင်းဖျက်တာတွေကို ရပ်ကွက်အလိုက်နှစ်ရှည်စီမံကိန်းချ ဆောင်ရွက်မယ်လို့ သိရပါတယ်။

Credit : The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service