တန်ဖိုးနည်းအိမ်ရာ အခန်း ၂,၀၀၀ ကို မဲစနစ်ထက် ပိုမိုကောင်းမွန်သည့်စနစ်ဖြင့် ရောင်းချနိုင်ရေး ဆွေးနွေးနေဟုဆို

တန်ဖိုးနည်းအိမ်ရာ အခန်း ၂,၀၀၀ ကို မဲစနစ်ထက် ပိုမိုကောင်းမွန်သည့်စနစ်ဖြင့် ရောင်းချနိုင်ရေး ဆွေးနွေးနေဟုဆို - Property News in Myanmar from iMyanmarHouse.com
14 Oct 2016 10:11 am တွင် တင်ခဲ့သည်
970 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ယခင်အစိုးရလက် ထက်က အသုံးပြုသော မဲဖောက်ရောင်းချသည့်စနစ်အစား အခြား စနစ်တစ်ခုဖြင့် ရောင်းချမည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီး ဌာနမှ သတင်းရရှိသည်။

‘‘အခန်းနှစ်ထောင်ကျော်ကို စတင်ရောင်းချဖို့ တိုင်းဒေသကြီး အစိုးရကို ကျွန်တော်တို့ လွှဲပြောင်းပေးလိုက်ပါပြီ။ မဲဖောက်ရောင်း တဲ့စနစ်ထက် ကောင်းတဲ့တစ်ခုနဲ့ ရောင်းဖို့ ရှိပါတယ်။ အခုထက် အထိတော့ ဆွေးနွေးနေဆဲပါ’’ဟု အဆိုပါဌာန ဒုတိယညွှန်ကြားရေး မှူး ဦးမင်းအောင်အေးက ပြောသည်။

ပြီးခဲ့သည့် အစိုးရလက် ထက်က အသုံးပြုသော မဲဖောက်ရောင်းချသည့်စနစ်သည် အမှန် တကယ် ဝယ်ယူလိုသူလက်ထဲ မရောက်ရှိဘဲ ပြန်လည်ရောင်းချ သူ၊ ဈေးတင်ရောင်းချသူများထံ ရောက်ရှိခဲ့၍ တန်ဖိုးနည်းအိမ်ရာများ ရောင်းချသည့်စနစ်ကို ပြောင်းလဲ
မည်ဖြစ်ကြောင်း သိရသည်။

အစိုးရသစ်လက်ထက်တွင် ရွှေလင်ဗန်းနှင့် ယုဇနတန်ဖိုးနည်း အိမ်ရာစီမံကိန်းများမှ အခန်း ပေါင်း နှစ်ထောင်ကျော်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်း အစိုးရအဖွဲ့သို့ ဩဂုတ်အစောပိုင်းက လွှဲပြောင်းပေးခဲ့ ပြီးဖြစ်သော်လည်း ယနေ့အထိ အဆိုပါအခန်းများကို မည်သည့် အစီအစဉ်ဖြင့် ရောင်းချရန် တိုင်း ဒေသကြီး အစိုးရအဖွဲ့က ထုတ် ပြန်ခြင်းမရှိသေးပေ။

ယခင်အစိုးရလက်ထက်က တည်ဆောက်သည့် အိမ်ရာစီမံ ကိန်းသည် ထင်သလောက် မအောင်မြင်ခဲ့ဘဲ အမှန်တ
ကယ်လိုအပ်သူများဝယ်ယူနိုင်သည့်အ ခြေအနေမရှိကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့် ခွဲမှုဌာန ဒုတိယဌာနမှူး ဦးတိုး အောင်က ပြောကြားသည်။

‘‘မအောင်မြင်တာကတော့ အမှန်ပဲ။ ဥပမာ ရတနာတို့၊
ဧရာဝဏ်တို့ပဲကြည့်၊ စဆောက်ဖို့ရည် ရွယ်တုန်းက သိန်းတစ်ရာကျော်။ အခု တကယ်ရောင်းတော့ သိန်း ခြောက်ရာကျော်နဲ့ ရောင်းနေပြီ။တချို့စီမံကိန်းတွေ
က အမှားအယွင်းတွေ တော်တော်များခဲ့တယ်’’ ဟု မြို့ပြစီမံကိန်းပညာရှင် ဦးမြင့်မိုရ်ဆွေက သုံးသပ်သည်။

တန်ဖိုးနည်းအိမ်ရာစီမံကိန်း များ မတည်ဆောက်မီက ကြိုတင် ၍ မြို့ပြပညာရှင်များက မှားယွင်း နေသော အချက်အလက်များကို ထောက်ပြ ပြောကြားခဲ့သော်လည်း အစိုးရတာဝန်ရှိသူများက လက်မခံခဲ့ကြောင်း
မြို့ပြစီမံကိန်း ပညာရှင်များက ဆိုသည်။

ယခုအစိုးရလက်ထက်တွင် ကျပ်သိန်းတစ်ရာခန့် တန်ဖိုးရှိတိုက်ခန်းနှစ်ထောင်ကျော် ရောင်းချရန်ပြင်ဆင်ပြီး ရန်ကုန်တွင် တန်ဖိုးနည်းတိုက်ခန်း ရှစ်ထောင် ကျော် တည်ဆောက်ရန် အစိုးရကရည်ရွယ်ထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service