သင်ဘယ်လိုအိမ်မျိုးနဲ့နေရမလဲ ( ဇင်ယော်နီ)

သင်ဘယ်လိုအိမ်မျိုးနဲ့နေရမလဲ ( ဇင်ယော်နီ) - Property Knowledge in Myanmar from iMyanmarHouse.com
13 Oct 2016 11:39 am တွင် တင်ခဲ့သည်
20857 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ကျွန်နုပ်ဧ။်အဘိုးတစ်ဦးသည် ကုန်ထမ်းသောအလုပ်ဖြင့် ပင်ပန်းဆင်းရဲစွာအသက်မွေးရလေဧ။်သို့ရာတွင် ၄င်းဧ။်အိမ်ကလေးမှာမူ သပ်သပ်ရပ်ရပ်နှင့် အတော်ကလေးတန်ဖိုးကြီးလေဧ။်။အမွေရထားသောအိမ်ကလေးဖြစ်ဧ။် ထို့ကြောင့်လည်း ထိုအိမ်ကလေးကို မထုခွဲရက်ပဲ အဆင်းရဲခံကာ နေထိုင်ခဲ့လေဧ။်တစ်ခါသော် အဘိုးတို့ရပ်ကွက်တွင်မီးလောင်ရာ ထိုအိမ်ကလေး ပါသွားလေတော့ဧ။်။ အစကပင်ချို့ ငဲ့ရှာသောအဘိုးသည် အိမ်ကောင်းကောင်း ပြန်မဆောက်နိုင်တော့ပဲ ၀ါးတဲကလေးဖြင့်သာလျှင် နေ၇၇ှာလေတော့ဧ။်။ သို့ရာတွင် ထိုးဝါးတဲကလေးဖြင့် နေထိုင်ရပြီး ၆လခန့်အကြာမှာပင် အဘိုးသည် ထီပေါက်လေတော့ဧ။်။ စီးပွားများထူထောင်ကာ လူချမ်းသာတစ်ဦး ဖြစ်လာခဲ့ဧ။်

မြို့လယ်တစ်နေရာတွင် မြေကွက်တစ်ကွက်ဝယ်ခါ စတိုးဆိုင်ကြီးတစ်ဆိုင်ဖွင့်ခဲ့ပေဧ။်။ သို့ရာတွင် အဘိုးသည် “ငါ မြို့လယ်ခေါင်ကအိမ်မှာနေတဲ့ရက်တွေဆိုရင် ငါ့စတိုးဆိုင်က ကျီးနဲ့ဖုတ်ဖုတ်ဆိုသလိုဘဲ လုံးဝမရောင်း၇ဘူးဟေ့ ၀ါးတဲလေးမှာနေတဲ့ ရက်တွေဆိုရင်တော့ ငါ့ဆိုင်က ကြက်ပျံမကျဆိုသလိုပဲအရမ်းစည်ကားပြီး ရောင်းကောင်းတော့တာပဲကွ” ဟုဆိုကာ ၀ါးတဲကလေးတွင်သာသွားကာနေလေဧ။်။ နောက်ထပ် ကျွန်ုပ်သတိထားမိသော ဖြစ်ရပ်တစ်ခုရှိသေးဧ။်။ ကျွန်ုပ်တို့အိမ်နှင့်မလှမ်းမကမ်းတွင် အလွန်ဆင်းရဲသော ကိုစိန်သောင်းဆိုသူမိသားစု ရှိပေဧ။်။ ၄င်းကို စိန်သောင်းတို့မှ မောင်မြရွှေဆိုသော သားငယ်တစ်ဦးဖွားမြင်လေဧ။်

မောင်မြရွှေ၏ အထက်တွင်လည်း သားသမီးလေးယောက်ရှိသေး၏။ သို့ရာတွင် မောင်မြရွှေကလေး ဖွားမြင်ပြီးသည့်နောက် ၌ ကိုစိန်သောင်းတို့ မိသားစုသည်စီးပွားဘုန်းကနဲတက်သွားလေရာ မောင်မြရွှေ ကလေး အခါလည်းသားအရွယ်ခန့်တွင် နှစ်ထပ်တိုက်ကြီး ဟီးနေအောင် ဆောက်နိုင်ခဲ့လေ၏။ သို့ရာတွင်အိမ်နီးချင်းများ စိတ်မကောင်းဖြစ်၇သည်မှာ အိမ်သစ်တက်သောညမှာပင် ဦးစိန်သောင်းသည် ရုတ်တရက်ကြီးကောက် ကာငင်ကာဆိုသလို ဆုံးပါးသွားရှာလေ၏။ ထို့ကြောင့်အရပ်ထဲတွင် မောင်မြရွေကလေးက အိမ်ကြီးအိမ်ကောင်းနဲ့ နေဖို့ကံပါလာတယ်တဲ့ ကိုစိန်သောင်းကြီးတစ်ယောက်ကတော့အိမ်ကြီး အိမ်ကောင်းနဲ့နေဖို့ ကံမပါဘူးထင်ပါရဲ့ဟယ်ဟု ပြောစမှတ်ပြုကြလေ၏။

ထို့အပြင် ရေနံချေးများဝနေအောင် သုတ်ထားသော နှစ်ဆောင်ပြိုင်ကျွန်းအိမ်ကြီးဖြင့် နေရသည့် တောမှရွာလူကြီးတစ်ဦး၏သားသည် မြို့သို့ကျောင်းသွားတက်သောအခါ အမျိုးတော်စပ်သူ၏အိမ်စုတ်ကလေးတင်နေထိုင်ရခြင်း၊ တဲကုတ်ကလေးနှင့်နေနေရရှာသူ၏ သားသမီးတစ်ဦးသီးကိုမြို့ကသူဋ္ဌေးမှ ခေါ်ယူမွေးစားသောကြောင့် နေ့ချင်းညချင်းအိမ်ကြီးအိမ်ကောင်းနှင့်နေထိုင် ရခြင်းဆိုသည့်ဖြစ်ရပ် များကိုလည်း ကျွန်ုပ်ကြားဖူးတွေ့ဖူးလေ၏။ထို့ကြောင့် လူတစ်ဦးချင်း တစ်ဦးချင်းစီတွင် အိမ်ကြီးအိမ်ကောင်းနဲ့ နေရမည့်ကံ၊ အိမ်စုတ်ကလေးဖြင့်နေရမည့်ကံ အိမ်ငှားဖြင့် နေရမည့်ကံ စသည်ဖြင့် အမျိုးမျိုးကွဲပြာနိုင်ကြောင်းကျွန်ုပ်သတိပြူမိလေ၏။ နောင်တစ်ချိန် ကျွန်ုပ်သည် ဗေဒင်ဆရာတစ်ဦးဖြစ်လာသောအခါတင်လည်း လူတို့၏ဇာတာကိုလိုက်ပီး အိုးကံ၊ အိမ်ကံ အမျိုးမျိုးကွဲပြားနိုင်ကြောင်း အတွေ့အကြုံများစွာ ရရှိလာခဲ့ပါလေတော့၏။

မိမိ၏မြန်မာမွေးသက္ကရာဇ်ကိုတည်ပြီး ( ၇ ) ဖြင့်စားပါ။ အကြွင်း (၇) မျိုးထွက်လာပေတော့မည်။ထိုးအကြွင်းများကိုလိုက်ပြီး မိမိအတွက် အိုးကံ၊ အိမ်ကံကို အောက်ပါအတိုင်း ချိန်းဆကြည့်ရန်ဖြစ်ပါတော့သတည်း။

(၁) ကြွင်းသောခုနှစ်ရက် သား၊သမီးများသည် အိမ်ကြီးအိမ်ကောင်းများနှင့် အကျိုးပေးအားနည်းတတ်သည်။ မကြာခဏပြောင်းရွှေ့နေရတတ်သောသူများဖြစ်သည်။ တစ်နေရာထဲတွင် အခြေမချရတတ်ပါ။ အိမ်တွင် စွဲမြဲစွာနေလျှင် ကျန်းမာရေးညံလာတတ်သည်။

(၂) ကြွင်းသော ခုနှစ်ရက်သား။ သမီးများသည် တော်ရုံတန်ရုံသူဋ္ဌေးပင်မနေနိုင်သော အိမ်ကြီးအိမ်ကောင်းဖြင့်နေထိုင်ရတတ်သည်။ ခမ်းနားထည်ဝါသောအိမ်ကြီးများတွင် နေရတတ်သည်။ ယခုအခြေအနေတွင် ဆင်းရဲနေလျှင်ပင် အိမ်ကိုသပ်သပ်ရပ်ရပ် မွမ်းမံပြင်ဆင်ခြင်းအားဖြင့် စီးပွားတက်လာနိုင်ပေသည်။

(၃) ကြွင်းသော ခုနှစ်ရက်သား။ သမီးများသည် အိမ်ကြီး အိမ်ကောင်းနှင့် နေထိုင်ရတတ်သည်။ အိမ်ကို မကြာခဏအရောင်၊ ဒီဇိုင်း၊ အနေအထားစသည်ဖြင့်ပြောင်းလဲပေးထားလေလေ ကံကောင်းစီးပွားတက်လေလေဖြစ်မည်။ အိမ်ကိုအကြောင်းပြုကာ စီးပွားတက်တတ်သောကြောင့် အလုပ်နှင့်အိမ်ကို တွဲထားသင့်သည်။

(၄) ကြွင်းသော ခုနှစ်ရက်သာ။ သမီးများသည် အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရတတ်သည်။ မထင်မှတ်ဘဲအမွေရခြင်း၊ ထီပေါက်ခြင်းတို့ကြောင့် စီးပွားတက်ပြီးလည်းကောင်း ဆုရခြင်း၊ မဲပေါက်ခြင်း၊ လက်ဆောင်ရခြင်း ၊ကြီးကဲသူတို့က ချီးမြှင့်ခြင်းတို့ကြောင့် လည်းကောင်း၊ အိမ်ကြီး အိမ်ကောင်းနှင့် နေထိုင်ရတတ်လေသည်။

(၅) ကြွင်းသော ခုနှစ်ရက်သားသမီးများသည် အိမ်ကြီး၊ အိမ်ကောင်းများနှင့် အကျိုးပေးအားနည်းတတ်သည်။မကြာခဏပြောင်းေ၇ွှ့နေထိုင်ရခြင်း၊ အိမ်မှာနေလျှင်အလုပ်များ အဆင်မပြေခြင်း၊ ပူပင်သောကများရခြင်းများကြုံရတတ်သည်။ အိမ်နှင့်အလုပ်ကိုတွဲ မထားသင့်သူများ ဖြစ်ပေတော့သည်။

(၆) ကြွင်းသော ခုနှစ်ရက်သား၊ သမီးများသည် အိမ်ကြီးအိမ်ကောင်းများနှင့်နေထိုင်ရတတ်သောသူများ ဖြစ်ပေတော့သည်။ ထူးခြားဆန်းပြားသောပုံစံဒီဇိုင်းများနှင့် အိမ်များတွင်နေထိုင်ရတတ်သည်။ အိမ်ကြီးအိမ်ကောင်းနှင့်နေပြီး စီးပွားတတ်သည်။ တစ်စုံတစ်ရာထူးခြားနေသောအိမ်များတွင် နေရတတ်သည်။

( ၀ ) ကြွင်းသော ခုနှစ်ရက်သား။ သမီးများသည် အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရန် ကံနည်းတတ်သည်။ အိမ်ကြီးအိမ်ကောင်း ပိုင်ဆိုင်လျှင်ပင် ထိုအိမ်တွင်အမြဲမနေရတတ်ပေ။ မိမိမှာအိမ်ပိုင်ပါလျှက်နှင့် အခြားတစ်ပါးတွင်သွားပြီး နေထိုင်ရတတ်သည်။ ဟိုမှာနေလိုက်၊ ဒီမှာနေလိုက် ဖြစ်နေရတတ်ပေသည်။

Credit : ဇင်ယော်နီ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service