အိမ်ခြံမြေ အပေါင်အကြောင်း သိကောင်းစရာ

အိမ်ခြံမြေ အပေါင်အကြောင်း သိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
27 Sep 2016 11:04 am တွင် တင်ခဲ့သည်
23271 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အရပ်ထဲတွင် အပေါင်ခံသူများ ရှိတတ်ကြပါသည်။ ထိုသို့ အပေါင်ခံရာတွင် ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အပေါင်ခံခြင်းနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို အပေါင်ခံခြင်းဟူ၍ (၂)မျိုးရှိပါသည်။

အဝတ်အထည်၊ လူသုံးကုန်ပစ္စည်း၊ ရွှေထည်ပစ္စည်း စသည်တို့သည် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ဖြစ်သည်။ ယင်းပစ္စည်းများ အပေါင်ခံထားခြင်းသည် အမှန်စင်စစ် ငွေချေးရာတွင် အာမခံတင်သွင်းထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ယင်းကိစ္စသည် ``ငွေတိုးချေးစားခြင်းအက်ဥပဒေ´´နှင့် သက်ဆိုင်ပေသည်။

အိမ်၊ ခြံ၊ မြေ စသည်တို့သည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ဖြစ်သည်။ ယင်းပစ္စည်းများကို အာမခံထား၍ ငွေချေးခြင်းသည် ပေါင်နှံခြင်းမည်၏။ ယင်းပေါင်နှံခြင်းဆိုင်ရာ ကိစ္စရပ်များကို ``ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ´´တွင် ပြဌာန်းထားပေ
သည်။ပေါင်နှံခြင်းအမျိုးမျိုးအကြောင်းကို ယင်းဥပဒေတွင် ပြဌာန်းထားသည်ကို တွေ့ရပါသည်။

အပေါင်စာချုပ် ပြုလုပ်ရာတွင် ဥပဒေနှင့်အညီ ပြုလုပ်ရန် လိုအပ်ပေသည်။ ဖော်ပြပါ ပြဌာန်းထားသည့်အတိုင်း စာချုပ် မချုပ်ပါက တရားမဝင် ဖြစ်တတ်သည်။ မည်သည့်အခါ မည်ကဲ့သို့ ချုပ်ရသည်၊ သက်သေမည်မျှ လက်မှတ်ရေးထိုးပါဝင်ရမည်၊ မည်သည့်နေရာတွင် ချုပ်ပါက မှတ်ပုံတင်ရမည်၊ စသည်ဖြင့် သတ်မှတ်ချက်များ ရှိပါသည်။

ပေါင်နှံခြင်းတွင် ရွေးနုတ်ခွင့်၊ ပစ္စည်းကို ရွေးနုတ် ပိတ်ပင်ခြင်း၊ ရောင်းချခြင်း စသည်တို့သည်လည်း အရေးပါသည့် ကိစ္စရပ်များဖြစ်သည်။

ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ ပုဒ်မ ၅၉ အရ တန်ဖိုး ၁၀၀ အထက်ရှိသော ချေးငွေအတွက် အိမ်၊ ခြံ၊ မြေ အစရှိသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ပေါင်နှံလျှင် စာချုပ်ပြုလုပ်ချုပ်ဆို၍ မှတ်ပုံတင်ရပေသည်။

ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင်၊ စစ်တွေ၊ မန္တလေးမြို့များတွင်သာ ပြုလုပ်ခွင့်ရှိသည့် စာချုပ်ကိုအပ်၍ ပေါင်နှံခြင်းကိစ္စမှာမူ စာချုပ် ချုပ်ဆိုခြင်း၊ မှတ်ပုံတင်ခြင်း ပြုလုပ်ရန် မလိုဟု ဆိုသည်။

မှတ်ပုံတင်ရမည့် ကိစ္စတွင် မှတ်ပုံမတင်ပါက ပေါင်နှံခြင်း အထ မမြောက်။ ထိုကဲ့သို့ ပေါင်နှံခြင်း အထမမြောက်သည့်အခါ ပစ္စည်းရှင်အနေဖြင့် အပေါင်မှု စွဲဆိုရမည်လော၊ အိမ်ခြံမြေ လက်ရောက်ရလိုမှု စွဲဆိုရမည်လော စသည်ဖြင့် ဥပဒေပြဿနာများ ကြုံတွေ့ရတတ်သည်။

အပေါင်စာချုပ်ကို ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ပုဒ်မ ၅၈၊ ၅၉၊ ၅၉(က) တို့အရ ပြုလုပ်ဆောင်ရွက်ကြရမည်ဖြစ်သည်။ အပေါင်စာချုပ်များကို မည်သည့်အခါတွင် မည်ကဲ့သို့ ချုပ်ဆိုရမည်ဆိုသည်ကို အဆိုပါ ဥပဒေ ပုဒ်မ ၅၉ တွင် ဖော်ပြထားပြီးဖြစ်ပါသည်။ ဖော်ပြထားသည့်အတိုင်း ပြုလုပ်မှ တရားဝင်သည်။ သို့မဟုတ်ပါက အပေါင်စာချုပ်သည် တရားမဝင်ပေ။

အပေါင်စာချုပ်တွင် အသိသက်သေ (၁)ယောက်တည်း လက်မှတ်ရေးထိုးရုံဖြင့် မလုံလောက်ပေ။ အနည်းဆုံး အသိသက်သေ (၂)ယောက် ရှိရမည်။ (၂)ယောက် လက်မှတ်ရေးထိုး ပါဝင်ရမည်။ သို့မှသာ တရားဝင်သည်။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို အပေါင်ပြုလုပ်လျှင် ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ ပုဒ်မ ၅၈(င)အရ အပေါင်ပစ္စည်း၏ ပိုင်ဆိုင်ခွင့် စာချုပ်စာတမ်းများကို ရန်ကုန်၊ မော်လမြိုင်၊ပုသိမ်၊စစ်တွေ၊မန္တလေးမြို့များတွင် ပေါင်သူကအပေါင်ခံသူသို့ ပေးအပ်ပြီး ပေါင်လျှင် ရေစစ္စရီမှတ်ပုံ
တင်ရန် မလိုအပ်ဟု ဆိုရပေသည်။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းတစ်ခုခုကို ဖော်ပြပါ မြို့များတွင် မဟုတ်ဘဲ အခြားမြို့များတွင် ပေါင်မည်ဆိုပါက တန်ဖိုးငွေ ၁၀၀ ကျပ်ထက် လျော့ပါက အပေါင်စာချုပ်ကို လက်မဲ့အပေါင်အဖြစ် ချုပ်ရုံဖြင့် တရားဝင်သည်။

Credit: အိမ်ခြံမြေအကျိုးဆောင်

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
MIngalardon Garden City
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service