ကျူးစာရင်းပေးသွင်းရုံဖြင့် မြေကွက်နှင့်အခန်း ရရှိမည်မဟုတ်ဟု ဦးဖြိုးမင်းသိန်းပြောကြား

ကျူးစာရင်းပေးသွင်းရုံဖြင့် မြေကွက်နှင့်အခန်း ရရှိမည်မဟုတ်ဟု ဦးဖြိုးမင်းသိန်းပြောကြား - Property News in Myanmar from iMyanmarHouse.com
19 Sep 2016 10:26 am တွင် တင်ခဲ့သည်
4255 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၌ ကျူးကျော် စာရင်း ကောက်ယူရာတွင် မူလ စာရင်း ထက်ပိုမိုများပြားနေပြီး စာရင်းပေး သွင်းရုံဖြင့် မြေကွက်နှင့်အခန်းရရှိ နိုင်မည်မဟုတ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောကြားသည်။

‘‘ကျူးကျော်ကိစ္စနဲ့ပတ်သက် ပြီး ရှင်းရှင်းလင်းလင်း အသိပေး ထားဖို့က ကျူးကျော်စာရင်းပေး သွင်းလိုက်ရုံနဲ့ မြေကွက်ရမယ်၊ အ ခန်းရမယ်ဆိုတဲ့အခြေအနေမျိုး မရှိဘူး။ ဒါပေမဲ့ အလုပ်ရှိရင်တော့ စီမံပေးလို့ရတယ်။ ဒါပဲ။ အဓိက က အလုပ်ရရင် သူ့အလုပ်နဲ့ထိုက် တန်တဲ့ နေစရာရှိအောင် အစိုးရ က ဖန်တီးပေးမယ်။ ဘာလို့လဲဆို တော့ အလုပ်လုပ်စေချင်တယ်။ နိုင်ငံသူ၊ နိုင်ငံသားတွေ အလုပ် လုပ်မှ သူတို့လုပ်အားနဲ့ သူတို့ရပ် တည်နိုင်မယ်။ ဒါမှအစိုးရဖန်တီး ပေးတဲ့ နေစရာကို သူတို့ဝင်ငွေနဲ့ ပြန်ဆပ်နိုင်မယ်’’ ဟု ဦးဖြိုးမင်း သိန်းက ပြောကြားသည်။

စက်တင်ဘာ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၌ လုပ်ဆောင်နေသော ကျူးကျော်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်ကို ပထမဆုံးအကြိမ် ကွင်ဆင်းလေ့လာပြီး အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်၌ ရှေ့ပြေးစီမံချက် အဖြစ် စက်တင်ဘာ ၂ ရက်ကစတင်ကာ ကျူးကျော်စာရင်းကောက်ယူခဲ့ပြီး လက်ရှိစာရင်းကောက်ခံထားမှု စာရင်းသည် မူလစာရင်းထက်ပိုမို များ ပြားနေကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဒုတိယညွှန် ကြားရေးမှူး ဦးထွန်းနိုင်ကိုက ၀န် ကြီးချုပ်ထံ တင်ပြသည်။

လက်ရှိတွင် ရပ်ကွက် ၂၀ ခု ၌ စာရင်းကောက်ယူထားပြီး မူလ ထက်ရပ်ကွက်သုံးခုတိုးလာကာ အိမ်ထောင်စုအရေအတွက် ၃၃၈ ခုတိုးလာကြောင်း ဦးထွန်းနိုင်ကို က ရှင်းပြသည်။

‘‘စာရင်းကောက်နေတဲ့အ ချိန်မှာ ကျူးကျော်တိုးမလာဖို့ အုပ် ချုပ်ရေးပိုင်းက တာဝန်ယူရမယ်။ ကျူးကျော် တိုးလာတယ်ဆိုရင် အဲဒီနေရာတွေမှာ ခြေကုပ်ယူပြီး မူးယစ်ဆေးဝါးသုံးစွဲတာ၊ ဖြန့်ဖြူးတာ၊ရမ်းကားတာတွေ မဖြစ်လာဖို့ အရေးကြီးတယ်’’ဟု ၀န်ကြီးချုပ် က ပြန်လည်ညွှန်ကြားသည်။

ကျူးကျော်စာရင်းကောက် ယူရာတွင် ပြည်သူများ မည်သည့် အလုပ်လုပ်နေသည်ကို ထည့်သွင်းကောက်ခံရန်နှင့် အလုပ်အကိုင်မ ရှိသူများကို အခွင့်အလမ်းရှိစေရန် ဖန်တီးပေးရမည်ဟု ၀န်ကြီးချုပ်က ပြောသည်။

‘‘အဓိကကတော့ နေဖို့တွေ ပေးပြီး အလုပ်မရှိရင်အလကားပဲ။ အလုပ်လုပ်ရမယ်။ အလုပ်မရှိရင် အလုပ်လုပ်ချင်ပါတယ်ဆိုတဲ့ စာ ကိုထည့်ပေးရမယ်။ အဲဒီတော့ အ လုပ်ကိုပါ တတ်နိုင်သမျှ ရှာကြံပေး မယ်ဆိုတဲ့သဘော ပြောပြသွား တာပါ။ ကောင်းပါတယ်။ တကယ် လည်းဖြစ်သင့်ဖြစ်ထိုက်တဲ့အရာ။ နို့မို့ဆိုရင် အလုပ်မရှိဘဲနဲ့ တွေ့တဲ့ နေရာတက်နေမယ်ဆိုလည်း အ လကားပဲ’’ဟု ရန်ကုန်တိုင်းဒေသ ကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ် မဲဆန္ဒနယ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက မှတ်ချက်ပြုသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ် ရွာသာကြီးရပ်ကွက်ရှိ ကျူး ကျော်စာရင်းလာရောက်ပေးသွင်း သူအချို့က စာရင်းပေးသွင်းရာ ၌ အခက်အခဲမရှိကြောင်း 7Day Daily အား ဖြေကြားသည်။

လက်ရှိကျူးကျော်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်သည် ပြည်သူများ၏ဖွံ့ဖြိုးမှုအတွက် အ ထောက်အကူဖြစ်စေနိုင်ပြီး ကျူးကျော်မဟုတ်သူများက လာရောက်ပေးသွင်းနေခြင်းသည် လုပ်ငန်း ကြန့်ကြာမှုရှိကာ အခက်အခဲဖြစ် ပေါ်စေသည်ဟု စာရင်းကောက် ယူရာတွင် ပါဝင်သည့်လူထုအခြေ ပြု ဒေသဖွံ့ဖြိုးရေးမှ စေတနာ့ဝန် ထမ်းဒေါ်စုစုအေးက ပြောသည်။

‘‘ဒီကိုရောက်လာတော့ အိမ် ထောင်တစ်စုတည်းကနေ စလစ် သုံးလေးခုနဲ့လာတယ်။ ပြီးတော့ လယ်တွေဝယ်ထားတဲ့သူတွေလာ တယ်။ နောက်ပိုင်း အိမ်ပိုင်ရှင်တွေ အရမ်းချမ်းသာတဲ့သူတွေလာ တယ်။ အဲဒါတွေက ကျွန်မတို့အ တွက် အခက်အခဲပဲ’’ဟု ၎င်းကဆို သည်။

ကျူးကျော်နေထိုင်သူများအ တွက် ရပ်ကွက်အတွင်းရှိ ဆယ် အိမ်စုမှူး၊ ရာအိမ်စုမှူးများက ဦး စွာစာရင်းကောက်ခံပြီး စလစ်စာ ရွက်ပြုလုပ်ပေးသည်။ အိမ်ထောင် စုတစ်ခုကို စလစ်တစ်ခုနှုန်း ထုတ်ပေးပြီး နောက်တစ်ရက်တွင် စာ ရင်းကောက်ခံရာနေရာ၌ ကောက် ခံသည့်အဖွဲ့များထံမှ အချက်အ လက်မှန်ကန်မှုရှိ၊ မရှိ ထပ်မံစစ် ဆေးသည်။ ယင်းကဲ့သို့ စစ်ဆေး ပြီးနောက် မှန်ကန်သည့် အိမ် ထောင်စု (မိသားစုဝင်အားလုံး) များကို ဓာတ်ပုံရိုက်ခြင်း၊ ကွန်ပျူ တာဖြင့် မှတ်တမ်းတင်ခြင်း၊ လက် ဗွေစနစ်ရယူခြင်း စသည့်လုပ်ငန်း စဉ်များ လုပ်ဆောင်ရသည်။ နောက်ဆုံးတွင် ကျူးကျော်အထောက်အ ထားသက်သေခံကတ်ပြားကို အိမ်ထောင်စုတစ်ခုလျှင် ကတ်ပြားတစ်ခုနှုန်းပေးအပ်၍ မှတ်တမ်းတင်ခြင်းပြုလုပ်နေခြင်း ဖြစ်သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service