ဘရာဇီးတွင် ကျင်းပခဲ့သော ရီယို ၂၀၁၆ ၌ မလေးရှားအတွက် ငွေတံဆိပ်ဆုဆွတ်ခူးပေးခဲ့သည့် ကြက်တောင်ရိုက်ကစားသမားအား developer ကုမ္ပဏီတစ်ခုမှ ကွန်ဒိုတစ်ခန်း ချီးမြှင့်

ဘရာဇီးတွင် ကျင်းပခဲ့သော ရီယို ၂၀၁၆ ၌ မလေးရှားအတွက် ငွေတံဆိပ်ဆုဆွတ်ခူးပေးခဲ့သည့် ကြက်တောင်ရိုက်ကစားသမားအား developer ကုမ္ပဏီတစ်ခုမှ ကွန်ဒိုတစ်ခန်း ချီးမြှင့် - Property News in Myanmar from iMyanmarHouse.com
30 Aug 2016 11:02 am တွင် တင်ခဲ့သည်
1479 ကြိမ် ကြည့်ရှု့ပြီး
ဘရာဇီး၊ ရီယိုဒီဂျနေးရိုးတွင် ကျင်းပခဲ့သော နွေရာသီအိုလံပစ်ပွဲတော်ဖြစ်သော ရီယို ၂၀၁၆ ၌ မလေးရှားအတွက် ငွေတံဆိပ်ဆုဆွတ်ခူးပေးခဲ့သည့် ကြက်တောင်ရိုက်ကစားသမား လီချောင်ဝေအား developer ကုမ္ပဏီ အော်လန်ဒို ဟိုးလ်ဒင်းမှ ကွန်ဒိုတစ်ခန်း ချီးမြှင့်လိုက်သည်ဟု မလေးရှားအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကွန်ဒိုခန်း၏ တည်နေရာမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ပြင် အရှေ့တောင်ဘက်တွင်တည်ရှိသော Lavile Kuala Lumpur ကွန်ဒိုမီနီယံတွင်ဖြစ်ပြီး ရင်းဂစ် ၁ ဒသမ ၅ သန်းခန့် (မြန်မာငွေ သိန်း ၄၄၈၀ ခန့်)တန်ကြေးရှိသည်။

ယခုနေအိမ်ခန်းပေးအပ်ခြင်းမှာ ဆုချီးမြှင့်ခြင်းအဖြစ်သာမက ခက်ခက်ခဲခဲကြိုးပမ်းမှုနှင့် အားကစားစိတ်ဓာတ်ကို အသိအမှတ်ပြုခြင်းလည်းဖြစ်ကြောင်း အော်လန်ဒိုဟိုးလ်ဒင်းမှ မန်နေးဂျင်းဒါရိုက်တာ အန်ဝေချွန်က ပြောကြားသည်။

“ပြီးခဲ့တဲ့ စနေက သူကစားခဲ့တဲ့ ဗိုလ်လုပွဲကို ကျွန်တော်ကြည့်ခဲ့ပါတယ်။ မလေးရှားအတွက် ရွှေတံဆိပ်ဆောင်ကြဉ်းပေးနိုင်ဖို့ သူတော်တော်ခက်ခက်ခဲခဲ အားထုတ်ခဲ့တယ်။ သူ့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်က ကျွန်တော့်ကို ရိုက်ခတ်ခဲ့ပါတယ်။ ဒါကို လီချောင်ဝေစိတ်ဓာတ်လို့ ခေါ်ချင်တယ်” ဟု အန်ဝေချွန်က ဆိုသည်။

“ကျွန်တော်သူ့ကို ကွန်ဒိုတစ်ခန်းဆုချီးမြှင့်ခဲ့မှုက တခြား developer တွေလည်း အခြားဆုရအားကစားသမားတွေကို ဆုချီးမြှင့်ကြဖို့ တွန်းအားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု အန်ဝေချွန်က ဆက်လက်ပြောကြားသည်။

လီချောင်ဝေသည် Lavile Kuala Lumpur မှ ကွန်ဒိုခန်းများကို စိတ်ဝင်စားခဲ့ပြီး ဘရာဇီးအိုလံပစ်ပြိုင်ပွဲသို့ မသွားရောက်မီ အဆိုပါကွန်ဒိုခန်းများကို လာရောက်ကြည့်ရှုသွားသည်ဟု အန်ဝေချွန်က ပြောကြားသည်။

Lavile Kuala Lumpur ကွန်ဒိုမီနီယံသည် လူနေနှင့် ဈေးဝယ်စင်တာပေါင်းစပ်ထားသော စီမံကိန်းဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် အပြီးသတ်တည်ဆောက်ရန် ရည်မှန်းထားသည်။

လူနေခန်းများမှာ စတု၇န်းပေ ၇၅၀ မှ ၁၁၀၀ ကြား အကျယ်အ၀န်းရှိမည်ဖြစ်ပြီး လာမည့် ၂၀၁၇ ခုနှစ်တွင် စတင်ရောင်းချသွားမည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဘရာဇီးတွင် ကျင်းပခဲ့သော ရီယို ၂၀၁၆ ၌ မလေးရှားအတွက် ငွေတံဆိပ်ဆုဆွတ်ခူးပေးခဲ့သည့် ကြက်တောင်ရိုက်ကစားသမားအား developer ကုမ္ပဏီတစ်ခုမှ ကွန်ဒိုတစ်ခန်း ချီးမြှင့် - Property News in Myanmar from iMyanmarHouse.com
ဘရာဇီးတွင် ကျင်းပခဲ့သော ရီယို ၂၀၁၆ ၌ မလေးရှားအတွက် ငွေတံဆိပ်ဆုဆွတ်ခူးပေးခဲ့သည့် ကြက်တောင်ရိုက်ကစားသမားအား developer ကုမ္ပဏီတစ်ခုမှ ကွန်ဒိုတစ်ခန်း ချီးမြှင့် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service