ဝရန်တာအနုပညာနှင့် မြန်မာ့အိမ်ရာ

ဝရန်တာအနုပညာနှင့် မြန်မာ့အိမ်ရာ - Property News in Myanmar from iMyanmarHouse.com
5 Aug 2016 10:45 am တွင် တင်ခဲ့သည်
2186 ကြိမ် ကြည့်ရှု့ပြီး
ဝရန်တာဆိုသည်က စင်စစ်အားဖြင့် မြန်မာမှုအစဉ်အလာမဟုတ်။ မြန်မာ့အိမ်ရာတို့တွင် အထင်ကရခမ်းနားခဲ့သည်က လူကုံထံတို့၏ အိမ်ကြီးအိမ်ကောင်းများမှ လသာဆောင်နှင့် ဆင်ဝင်ဆောင်တို့သာ ဖြစ်ဘိ၏။

လရောင်၏ ရွှန်းပမှုနှင့် လေပြည်အေး၏ကလူကျီစယ်မှုတို့ကို သဘာဝရား၏လက်ဆောင်များအဖြစ် ရယူခံစားရန် လသာဆောင်များတည်ဆောက်ခြင်းဖြစ်သကဲ့သို့ ဆင်စီးနင်းသွားလာရသူတို့၏အိမ်ရာများ၌ ဆင်ပေါ်အတက်အဆင်းလုပ်ရလွယ်ကူအောင် ဆင်ဝင်များထည့်သွင်းတည်ဆောက်ခြင်းဖြစ်သည်။

သာမန်တစ်ထပ်အိမ်များတွင်တော့ ၀ရန်တာနှင့်အလားသဏ္ဌာန်တူသောအဆောင် ထည့်သွင်းဆောက်လုပ်ခြင်းမျိုး ရှေးမြန်မာ့အိမ်ရာများ၌မရှိဖူးခဲ့။ ၀ရန်တာဟူသည် လသာဆောင်လောက်ဧရိယာမကျယ်သော အခန်းပြင်ပအစိတ်အပိုင်းသာဖြစ်လေ၏။ ထိုအစိတ်အပိုင်းမျိုးကို မြန်မာနိုင်ငံသူ့ကျွန်ဘဝ
သက်ရောက်ပြီးသည့်အချိန်အနောက်နိုင်ငံသားတို့တိုက်တာအိမ်ရာပုံစံများနှင့် ယဉ်ပါးလာချိန်ကျမှ တွင်တွင်ကျယ်ကျယ်တွေ့လာရခြင်းဖြစ်မည်ဟု ခန့်မှန်းမိသည်။

ရှေးမြန်မာ့အိမ်ရာများဆောက်လုပ်ရာတွင် နှစ်ထပ်အိမ်များ၏နံရံသည်အမိုးမှသည်မြေပြင်အထိ တောက်လျှောက်တစ်ညီတည်း၊ တစ်ဖြောင့်တည်းသာ ဆောက်လုပ်ကြသည်။ သို့သော်အလင်းရောင်နှင့် လေ၀င်လေထွက်ကောင်းမွန်ရေးအတွက် ပြတင်?ပေါက်များအလုံအလောက်ဖောက်ထားကြသည်။ ပြတင်းပေါက်ကိုပင်လျှင် ပြတင်းပေါက်သက်သက်ကို လူ့ခါးစောင်းလောက်မှစ၍ဖောက်သည်မဟုတ် ပြတင်းပေါက်ပမာဏအတိုင်းအပေါ်ထပ်ကြမ်းပြင်အထိ နှစ်ပိုင်းခွဲကာ
ပြတင်းပေါက်အရှည်ကြီးဖောက်ကြမြဲဖြစ်သည်။

ဆိုလိုသည်မှာ အ၀င်မင်မတံခါးပေါက်၏ပမာဏမျှရှိသော အပေါက်ကို နှစ်ဆင့်ပြတင်းပေါက်အဖြစ်အသွင်ပြောင်းကာ တည်ဆောက်ထားခြင်းဟူလို။ ပြတင်းပေါက်အပေါ်ပိုင်းကို သစ်သားတံခါးရွက်များဖြင့်သာ အဖွင့်-အပိတ် လုပ်သော်လည်း ပြတင်းပေါက်အောက်ပိုင်းကိုတော့ ထူထဲတောင့်တင်းသော သံတိုင်များ စိုက်ကာ လုံခြုံအောင်စီမံထားကြမြဲ။ ယင်းသို့တည်ဆောက်ထားသဖြင့် တိုက်ခတ်သည့်လေအရှိန်ကိုကြည့်ကာ မိမိလိုအပ်သလောက်ရရှိနိုင်ရန် အထက်-အောက် ပြတင်းပေါက်များကို စိတ်ကြိုက်ချိန်ညှိဖွင့်လှပ်ထားနိုင်သည်။

ပြီးတော့ မြန်မာလူမျိုးဆိုသည်က ထိုင်ခုံနှင့်ထိုင်သည့်အလေ့ သိပ်မရှိလှ။ ကြမ်းပြင်တွင်ဖျာခင်း၍ တင်ပျဉ်ခွေ၊ ပုဆစ်တုပ် ထိုင်တတ်ကြသည့်အမျိုး။ သည်တော့ ခါးစောင်းလောက်အမြင့်ရှိပြတင်းပေါက်တစ်မျိုးတည်း ဖောက်ထားသည်ဆိုပါကထိုင်လျက်ရှိနေသောသူတို့ထံ
လေပြည်တို့ထိနိုင်မည်မဟုတ်သည့်နည်းတူ အိမ့်ပြင်ပသို့ လှမ်းမျှော်ကြည့်ရှုနိုင်ရန်လည်း မဖြစ်နိုင်တော့။ ပြတင်းပေါက်အောက်ပိုင်း သံတိုင်စိုက်အ၀န်းအ၀ိုင်းကို ဖွင့်လှပ်ထားခြင်းဖြင့် အိမ့်ပြင်ပဖြစ်စဉ်များကို ထိုင်ရာမထရှုစားနိုင်မည်ဖြစ်သကဲ့သို့ တသုန်သုန်တိုက်ခတ်မည့်လေပြည်ညင်း၏ ထွေးပိုက်ယုယမှုကိုလည်းခံယူနိုင်မည်ဖြစ်သည်။
ထိုင်လျက်အနေအထားဖြင့်ဖြစ်စေ၊ လောင်းလျက်အနေအထားဖြင့်ဖြစ်စေစာပေဖတ်ရှုလျှင်လည်း ပြတင်းပေါက်အောက်ပိုင်းမှဝင်လာသည့် နေ့အလင်းရောင်က အဆင်ပြေချောမွေ့အောင်ဖန်တီးပေးထားသည်။

ကိုလိုနီခေတ်တိုက်အိမ်များမှာတော့ ၀ရန်တာက သီးခြားပါနေအောင်ကို ထည့်သွင်းတည်ဆောက်ထားရသည်။ ကုလားထိုင်ဟူသောအမည်နာမအတိုင်း အနောက်နိုင်ငံနှင့် အရှေ့နိုင်ငံများမှ လူမျိုးခြားတို့ စံမြန်းရာ လူ့အသုံးအဆောင်ကား ၀ရန်တာနှင့်မှပနံသင့်လှချေစွ။ မျက်နှာဖြူသခင်ကြီးတို့သည် နံနက်စောစာစားခြင်းအမှုကို ၀ရန်တာ၌ဆင်နွှဲကြမြဲ။ ခင်းထားသောကုလားထိုင်ထက်စံပယ်ကာ ရှေ့စားပွဲခုံပေါ်မှ ချိုချဉ်ရသာများကို မြည်းစမ်းစားသောက်ရင်း အိမ့်ပတ်ဝန်းကျင်မှ ပန်းမန်မြက်ခင်းတို့အလှကို မျက်စိစားပွဲထိုင်လေ့ရှိကြသည်။

အလုပ်ခွင်မှအပြန်တွင်လည်း ၀ရန်တာထက်မှကုလားထိုင်တွင် ထိုင်ကာ ယမကာတစ်ခွက်နှင့်အပန်းဖြေရသည်ကလည်း ကိုလိုနီခေတ်စည်းစိမ်တစ်မျိုးဟု ဆိုရမတတ်။ အစိုးရဌာနဆိုင်ရာရုံးများရှိ ၀ရန်တာများမှာလည်း ၀န်ထမ်းတို့ခေတ္တထွက်၍ ဆေးလိပ်ဆေးတံသောက်ရင်း ပင်ပန်းမှုဖြေလျှော့ရာနေရာအဖြစ် အသုံးဝင်သကဲ့သို့ စကားစမြည်ပြောရင်းလုပ်ငန်းခွင်ဖိစီးမှုတို့ဖြေဖျောက်ရာနေရာအဖြစ် အရေးပါလှသည်။

အခန်းပေါင်းများစွာဖွဲ့စပ်ထားသည့် တိုက်တန်းများ၏ အပေါ်ထပ်အခန်းတွေအတွက်ကတော့ ၀ရန်တာဟူသည် မပါမဖြစ်သောအိမ့်အစိတ်အပိုင်းတစ်ရပ် ဖြစ်ချေတော့သည်။ အဘယ်ကြောင့်ဟူမူ ထိုထိုသောအပေါ်ထပ်အခန်းတို့သည် ပင်မ၀င်ပေါက်တံခါးတစ်ချပ်သာ အပြင်လောကနှင့်ဆက်သွယ်ရာရှိသည်။

ထိုတံခါးပေါက်သာပိတ်ထားလိုက်လျှင် ၀ရန်တာသာမရှိပါက ပြတင်းပေါက်အသေးစားမျှသာရှိသော အလုံပိတ်အခန်းတစ်ခုတွင်း အကျဉ်းစံနေရသည်နှင့်မခြား ဖြစ်သွားနိုင်သည်။ ပင်မအ၀င်တံခါးပေါက်ဆိုသည်က လူဝင်လူထွက်ပြုချိန်မှလွဲ၍ အချိန်ရှိသမျှဖွင့်ထားအပ်သည်မဟုတ်။ သည်တော့ ပင်မအ၀င်တံခါးပေါက်နှင့် အရွယ်ပမာဏတူတံခါးညဟိုမှာဘက်ရှိ ၀ရန်တာနယ်ပယ်သည် အိမ်တွင်းနေမိသားစုဝင်တို့အတွက် မွန်းကျပ်ခြင်းမှထွက်ပေါက်တစ်ရပ်အဖြစ် အရေးပါလာရပေတော့သည်။

ဝရန်တာမျက်နှာပြင်ခြေတင်၍ ကိုယ်တိုင်ထွက်ဖြစ်ခြင်းမထွက်ဖြစ်ခြင်းကိုအပထား ၀ရန်တာတံခါးကိုဖွင့်လှစ်ထားရသည်ကိုက ပြင်ပလောကနှင့်အဆက်မပြတ်ခြင်းသဘောကို တင်းပြည့်ကျပ်ပြည့်ခံစားနိုင်သည်ဖြစ်ရကား ၀ရန်တာသည် အပေါ်ထပ်အခန်းများ၏အိုအေစစ်ဟု တင်စားလျှင် မှားနိုင်လိမ့်မည်မဟုတ်။ ထို့ပြင်တစ်ဝ မိသားစုဝင်တွေ ၀ရန်တာထွက်၍ စကားစမြည်ပြောရင်း အပန်းဖြေနိုင်သည်။
တစ်ကိုယ်တည်းပဲဖြစ်စေ ၀ရန်တာမှာပက်လက်ကုလားထိုင်ခင်းထိုင်ရင်း အတွေးနယ်ချဲ့နိုင်သည်။

ဝရန်တာသို့ကျရောက်သောနေရောင်ခြည်ဖြင့် အ၀တ်လှန်းနိုင်သည်။ ဟင်းသီးဟင်းရွက်များ အခြောက်လှမ်းနိုင်သည်။ တွေ့စေချင်သောသူတွေ့နိုင်ရန် လူလုံးပြနိုင်သည်။ တွေ့ချင်သူကိုမြင်ခွင့်ရရန် အမျှော်စိုက်ဒေသအဖြစ် အသုံးပြုနိုင်သည်။ ၀ရန်တာတည်းဟူသော လူနေအဆောက်အအုံအစိတ်အပိုင်းငယ်တစ်ခု၏ အသုံးဝင်မှုလုပ်ငန်းစဉ်သည် ထွေပြားလှပါဘိတောင်း။

ထို့ကြောင့်လည်း နောက်ပိုင်းတွင်တည်ဆောက်သည့်
တိုက်ခန်းများ၌၀ရန်တာကိုအတတ်နိုင်ဆုံးအသားပေး
တည်ဆောက်လာကြ၏။ သို့တစေ ၀ရန်တာဆိုသည်က ဘယ်လောက်ပဲအသားပေးချင်သည်ုဖြစ်စေ စိတ်ရှိတိုင်းနေရာယူ၍ရသည်မဟုတ်။ သည်တော့ နဂိုရှိထားသည့်အခန်ဧရိယာအပေါ်မူတည်ကာ ၀ရန်တာ၏ပမာဏကို သတ်မှတ်တည်ဆောက်ရသည်။
ဤသို့မလုပ်ပါကပင်မအခန်၏အကျယ်အ၀န်းကို
ထိခိုက်ချိမ့်မည်။

ထို့ကြောင့်လမ်းကျဉ်းလမ်းကျယ်အနေအထားပေါ်မူတည်လျက် ၀ရန်တာအကျယ်ကို အများဆုံးခြောက်ပေမှ အနည်းဆုံးသုံးပေကြား အဆင်ပြေသလိုတည်ဆောက်ကြမြဲဖြစ်သည်။
ထို့ထက်ပိုကျယ်ဝန်းစွာတည်ဆောက်ထားသည့် ၀ရန်တာ ပါဝင်သောတိုက်ခန်းများ ရန်ကုန်မြို့တွင်မရှိမဟုတ် ရှိပါ၏။ သို့သော် အလွန်တရာနည်းပါးလှသောအရေအတွက်မျှသာ ရှိသဖြင့် တိုက်ခန်းအားလုံး၏ယေဘုယျလက္ခဏာဟုတော့ မဆိုသာ။

နောက်တစ်ခုက သစ်ပင်ပန်းပင်စိုက်ပျိုးရန် ၀ါသနာထုံသူတို့အတွက် ၀ရန်တာသည် ဥယျာဉ်ငယ်အခင်းအကျင်းပြုရန် ဘူမိနက်သန်လည်းဖြစ်သေးသည်။ သုံးပေမျှအကျယ်ရှိသောနေရာငယ်ဖြစ်သဖြင့်
မြေလွတ်မြေရိုင်းရှိသူများကဲ့သို့ ဖားဖားဝေေ၀ရှိစေရေး စိုက်ပျိုးပြုစု၍မရနိုင်သည့်တိုင် မျက်စိပသာဒဖြစ်ဖွယ်စီမံစိုက်ပျိုးနိုင်သည်ကတော့
သေချာသည်။

ဝရန်တာအပေါ်မျက်နှာစျှာင့်ကပ်၍ တန်းတစ်ခုပစ်ကာ သစ်ခွအိုးများအစီအရီခင်းကျင်းထားသည့်မြင်ကွင်းသည် မြင်ရသူတိုင်၏စိတ်နှလုံးကို ချမ်းမြေ့မှုပေးစွမ်းနိုင်သည်ကတော့ အမှန်။ အိုးငယ်တစ်လုံးဖြင့် ပျိုးထောင်ထားသော စပယ်စုံအစုအဖွဲ့တစ်အုပ်ကလည်း အပွင့်များလိုက်လာသည့်အချိန်တွင်တော့ အဆင်းရော၊ ရနံ့ပါ စိတ်ကြည်နူးချမ်းမြေ့စရာ။

လူဦးရေထူထပ်သိပ်သည်းလာသော မြို့ပြနယ်နိမိတ်သည် နေစရာအဓိကထားဖန်တီးရ
သည်ဖြစ်ခြင်းကြောင့် အိမ်ခန်းတစ်ခန်၏လက္ခဏာများ အချိုးကျလိုက်ပါကျဉ်းမြောင်းလာရ၏။ တစ်ချိန်သောအခါက တူတူတန်တန်အကျယ်အ၀န်းရှိခဲ့သော အိမ်ခန်းအရွယ်အစားတို့သည် ပြောင်းလဲလာသောအခြေအနေနှင့်လိုက်လျောညီထွေမှုရှိစွာပင် အချိုးကျ သေးငယ်လာရသည်။

ထို့ကြောင့်အပေါ်ထပ်တိုက်ခန်းများ၏အ
သက်ရှူပေါက်ဖြစ်သော ၀ရန်တာအစိတ်အပိုင်းများသည်လည်း ကျဉ်းကြုတ်သေးငယ်လာသော အိမ်ခန်းအရွယ်အစားနှင့်အချိုးညီ ကျဉ်းကျပ်လာခဲ့ရ၏။ သို့တစေ ထိုရနိုင်သမျှသောနေရာကိုပင် မျက်စိပသာဒဖြစ်အောင် စီရင်ဖန်တီးနေထိုင်သည်မှာ လူတို့၏မွေးရာပါပင်ကိုဗီဇအနုပညာတစ်ရပ်ပင်ဖြစ်သည်ဟုဆိုက အငြင်းပွားနိုင်ဖွယ်ရှိနိုင်မည်မဟုတ်လေတကား။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service