OneDirectionအဖွဲ့မှ တေးဆို/ဂစ်တာသမားတစ်ဦးဖြစ်သူနီရယ်လ်ဟိုရန်သည်အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်ဟေးလ်တွင်ကန်ဒေါ်လာ ၄ သန်းတန်ကြေးရှိနေအိမ်သစ်တစ်လုံးဝယ်ယူလိုက်ကြောင်း
လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါနေအိမ်မှာ၁၉၄၀ ပြည့်နှစ်တွင် ဆောက်
လုပ်ခဲ့သောနေအိမ်ဖြစ်ပြီးအိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်ပြီးစတုရန်းပေ ၄၄၁၂ ပေ ကျယ်ဝန်းသည်။
ယင်းနေအိမ်ကိုနာမည်ကျော်ဗိသုကာပညာရှင် ဖရန့်ခ် ဂျီဟရိုင်းက ပြန်လည်မွန်းမံမှုများ ပြုလုပ်ပေးခဲ့သည်။
ဒုတိယထပ်သို့တက်သောလှေကား ၂ ခုပါဝင်ပြီးသီးသန့်လသာဆောင်၊ အ၀တ်အစားထားသည့်ခန်းမ၊ ၀န်ထမ်းဝင်ပေါက် ၂ ခု ပါဝင်သည်။
နေအိမ်ပြင်ပတွင် ပြာလဲ့နေသောရေကူးကန်နှင့် အားကစားလေ့ကျင့်ရန်နေရာတို့ ပါဝင်သည်။
ဗိသုကာဟန်မှာရိုးရာနှင့် ခေတ်ပြိုင်တို့ ရောယှက်ထားသည့်ဟန်ဖြစ်သည်။
ကြီးမားသောမှန်နံရံအများအပြားကာရံထားမှုကြောင့် သဘာဝအလင်းကို ပိုမိုရရှိနိုင်သည့် နေအိမ်ဖြစ်သည်။
အိပ်ခန်း ၅ ခန်းပါဝင်သောကြောင့် One Directionအဖွဲ့သားများတစ်ခန်းစီအိပ်စက်နိုင်မည် ဖြစ်သည်။
မီးဖိုဆောင်နှင့် ထမင်းစားခန်းတို့မှာ ကျယ်ကျယ်ဝန်းဝန်းရှိပြီး ရေကူးကန်နှင့် ဆက်သွယ်ထားသည်။
One Directionအဖွဲ့မှ ရှေ့ထွက်အဆိုတော် ဟယ်ရီစတိုင်သည်လည်း ၎င်း၏နေအိမ်ကိုကန်ဒေါ်လာ ၃ သန်းဖြင့် မကြာသေးမီကပင် အရောင်းဈေးကွက်သို့တင်ထားသည်။
ဟယ်ရီစတိုင်၏ နေအိမ်ရောင်းချမှုသတင်းကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက
http://www.imyanmarhouse.com/news/read/498925လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
နီရယ်လ်ဟိုရန်၏ နာမည်အပြည့်အစုံမှာနီရယ်ဂျိမ်းစ်ဟိုရန်ဖြစ်ပြီးအိုင်ယာလန်နိုင်ငံ၊ မူလင်ဂါမြို့တွင် ၁၉၉၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်တွင် မွေးဖွားသည်။
မိဘများမှာဟော့ဘီဟိုရန်နှင့် မူရာဂါလက်ဟာတို့ဖြစ်ကြပြီးနီရယ်လ် ၅ နှစ်သားအရွယ်တွင် ကွာရှင်းခဲ့ကြသည်။
နီရယ်လ်နှင့်အစ်ကိုဖြစ်သူဂရက်ဟိုရန်တို့မှာမိခင်နှင့် ဖခင်တို့ထံတစ်လှည့်စီနေထိုင်ခဲ့ကြရသည်။
နောက်ပိုင်းတွင်မူဖခင်ထံတွင်သာနေထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။
အစ်ကိုဖြစ်သူကခရစ္စမတ်အတွက် ဂစ်တာတစ်လက်ဝယ်လာခဲ့ပြီးနောက်ပိုင်းတွင် မတီးဖြစ်ချေ။
ထို့ကြောင့် နီရယ်လ်ကအဆိုပါဂစ်တာဖြင့် ဂစ်တာတီးစတင်လေ့ကျင့်ခဲ့သည်။
သင်ပြမည့်သူမရှိသောကြောင့် YouTubeဗွီဒီယိုများကို ကြည့်ရှုကာဂစ်တာတီးသင်ယူခဲ့ရသည်။
The X Factorအဆိုပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်စဉ်အတွင်းOne Directionအဖွဲ့ကိုဟယ်ရီစတိုင်၊ ဇန်မာလစ်ခ်၊ လီယမ်ပိန်း၊ လူးဝစ် တွမ်လင်ဆန်တို့ဖြင့် ဖွဲ့စည်းကာယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းပြိုင်ပွဲတွင် တတိယသာရရှိခဲ့သော်လည်းအကဲဖြတ်ဒိုင်တစ်ဦးဖြစ်သူ ဆိုင်မွန်ကိုဝဲလ်က တေးသီချင်းခွေ ထုတ်ရန် ပေါင် ၂ သန်းဖြင့် စာချုပ်ချုပ်ခဲ့သည်။
နီရယ်လ်သည် One Directionတွင် တေးဆို၊ ဂစ်တာသမားတစ်ဦးအဖြစ် ပါဝင်လျက်ရှိသည့်အပြင် တေးသီချင်းများစွာလည်းရေးသားခဲ့ရာ "Taken" "Everything About You" "Same Mistakes" "Back for You" နှင့် "Summer Love" သီချင်းများ ပါဝင်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)