One Directionအဖွဲ့မှ တေးဆို/ဂစ်တာသမားနီရယ်လ် ဟိုရန်ကန်ဒေါ်လာ ၄ သန်းတန်ကြေးရှိ နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
971 Views

One Directionအဖွဲ့မှ တေးဆို/ဂစ်တာသမားနီရယ်လ် ဟိုရန်ကန်ဒေါ်လာ ၄ သန်းတန်ကြေးရှိ နေအိမ်ဝယ်ယူ

OneDirectionအဖွဲ့မှ တေးဆို/ဂစ်တာသမားတစ်ဦးဖြစ်သူနီရယ်လ်ဟိုရန်သည်အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်ဟေးလ်တွင်ကန်ဒေါ်လာ ၄ သန်းတန်ကြေးရှိနေအိမ်သစ်တစ်လုံးဝယ်ယူလိုက်ကြောင်း
လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါနေအိမ်မှာ၁၉၄၀ ပြည့်နှစ်တွင် ဆောက်
လုပ်ခဲ့သောနေအိမ်ဖြစ်ပြီးအိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်ပြီးစတုရန်းပေ ၄၄၁၂ ပေ ကျယ်ဝန်းသည်။

ယင်းနေအိမ်ကိုနာမည်ကျော်ဗိသုကာပညာရှင် ဖရန့်ခ် ဂျီဟရိုင်းက ပြန်လည်မွန်းမံမှုများ ပြုလုပ်ပေးခဲ့သည်။
ဒုတိယထပ်သို့တက်သောလှေကား ၂ ခုပါဝင်ပြီးသီးသန့်လသာဆောင်၊ အ၀တ်အစားထားသည့်ခန်းမ၊ ၀န်ထမ်းဝင်ပေါက် ၂ ခု ပါဝင်သည်။

နေအိမ်ပြင်ပတွင် ပြာလဲ့နေသောရေကူးကန်နှင့် အားကစားလေ့ကျင့်ရန်နေရာတို့ ပါဝင်သည်။
ဗိသုကာဟန်မှာရိုးရာနှင့် ခေတ်ပြိုင်တို့ ရောယှက်ထားသည့်ဟန်ဖြစ်သည်။

ကြီးမားသောမှန်နံရံအများအပြားကာရံထားမှုကြောင့် သဘာဝအလင်းကို ပိုမိုရရှိနိုင်သည့် နေအိမ်ဖြစ်သည်။
အိပ်ခန်း ၅ ခန်းပါဝင်သောကြောင့် One Directionအဖွဲ့သားများတစ်ခန်းစီအိပ်စက်နိုင်မည် ဖြစ်သည်။

မီးဖိုဆောင်နှင့် ထမင်းစားခန်းတို့မှာ ကျယ်ကျယ်ဝန်းဝန်းရှိပြီး ရေကူးကန်နှင့် ဆက်သွယ်ထားသည်။
One Directionအဖွဲ့မှ ရှေ့ထွက်အဆိုတော် ဟယ်ရီစတိုင်သည်လည်း ၎င်း၏နေအိမ်ကိုကန်ဒေါ်လာ ၃ သန်းဖြင့် မကြာသေးမီကပင် အရောင်းဈေးကွက်သို့တင်ထားသည်။

ဟယ်ရီစတိုင်၏ နေအိမ်ရောင်းချမှုသတင်းကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက
http://www.imyanmarhouse.com/news/read/498925လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

နီရယ်လ်ဟိုရန်၏ နာမည်အပြည့်အစုံမှာနီရယ်ဂျိမ်းစ်ဟိုရန်ဖြစ်ပြီးအိုင်ယာလန်နိုင်ငံ၊ မူလင်ဂါမြို့တွင် ၁၉၉၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်တွင် မွေးဖွားသည်။

မိဘများမှာဟော့ဘီဟိုရန်နှင့် မူရာဂါလက်ဟာတို့ဖြစ်ကြပြီးနီရယ်လ် ၅ နှစ်သားအရွယ်တွင် ကွာရှင်းခဲ့ကြသည်။

နီရယ်လ်နှင့်အစ်ကိုဖြစ်သူဂရက်ဟိုရန်တို့မှာမိခင်နှင့် ဖခင်တို့ထံတစ်လှည့်စီနေထိုင်ခဲ့ကြရသည်။
နောက်ပိုင်းတွင်မူဖခင်ထံတွင်သာနေထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။

အစ်ကိုဖြစ်သူကခရစ္စမတ်အတွက် ဂစ်တာတစ်လက်ဝယ်လာခဲ့ပြီးနောက်ပိုင်းတွင် မတီးဖြစ်ချေ။
ထို့ကြောင့် နီရယ်လ်ကအဆိုပါဂစ်တာဖြင့် ဂစ်တာတီးစတင်လေ့ကျင့်ခဲ့သည်။

သင်ပြမည့်သူမရှိသောကြောင့် YouTubeဗွီဒီယိုများကို ကြည့်ရှုကာဂစ်တာတီးသင်ယူခဲ့ရသည်။
The X Factorအဆိုပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်စဉ်အတွင်းOne Directionအဖွဲ့ကိုဟယ်ရီစတိုင်၊ ဇန်မာလစ်ခ်၊ လီယမ်ပိန်း၊ လူးဝစ် တွမ်လင်ဆန်တို့ဖြင့် ဖွဲ့စည်းကာယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းပြိုင်ပွဲတွင် တတိယသာရရှိခဲ့သော်လည်းအကဲဖြတ်ဒိုင်တစ်ဦးဖြစ်သူ ဆိုင်မွန်ကိုဝဲလ်က တေးသီချင်းခွေ ထုတ်ရန် ပေါင် ၂ သန်းဖြင့် စာချုပ်ချုပ်ခဲ့သည်။

နီရယ်လ်သည် One Directionတွင် တေးဆို၊ ဂစ်တာသမားတစ်ဦးအဖြစ် ပါဝင်လျက်ရှိသည့်အပြင် တေးသီချင်းများစွာလည်းရေးသားခဲ့ရာ "Taken" "Everything About You" "Same Mistakes" "Back for You" နှင့် "Summer Love" သီချင်းများ ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
One Directionအဖွဲ့မှ တေးဆို/ဂစ်တာသမားနီရယ်လ် ဟိုရန်ကန်ဒေါ်လာ ၄ သန်းတန်ကြေးရှိ နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
One Directionအဖွဲ့မှ တေးဆို/ဂစ်တာသမားနီရယ်လ် ဟိုရန်ကန်ဒေါ်လာ ၄ သန်းတန်ကြေးရှိ နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
One Directionအဖွဲ့မှ တေးဆို/ဂစ်တာသမားနီရယ်လ် ဟိုရန်ကန်ဒေါ်လာ ၄ သန်းတန်ကြေးရှိ နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
One Directionအဖွဲ့မှ တေးဆို/ဂစ်တာသမားနီရယ်လ် ဟိုရန်ကန်ဒေါ်လာ ၄ သန်းတန်ကြေးရှိ နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
One Directionအဖွဲ့မှ တေးဆို/ဂစ်တာသမားနီရယ်လ် ဟိုရန်ကန်ဒေါ်လာ ၄ သန်းတန်ကြေးရှိ နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
One Directionအဖွဲ့မှ တေးဆို/ဂစ်တာသမားနီရယ်လ် ဟိုရန်ကန်ဒေါ်လာ ၄ သန်းတန်ကြေးရှိ နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
One Directionအဖွဲ့မှ တေးဆို/ဂစ်တာသမားနီရယ်လ် ဟိုရန်ကန်ဒေါ်လာ ၄ သန်းတန်ကြေးရှိ နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
One Directionအဖွဲ့မှ တေးဆို/ဂစ်တာသမားနီရယ်လ် ဟိုရန်ကန်ဒေါ်လာ ၄ သန်းတန်ကြေးရှိ နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service