အထပ်မြင့်များ စိစစ်နေ၍ ကွန်ဒိုအရောင်းသာမက အငှားပါ အေး

အထပ်မြင့်များ စိစစ်နေ၍ ကွန်ဒိုအရောင်းသာမက အငှားပါ အေး - Property News in Myanmar from iMyanmarHouse.com
20 Jul 2016 11:02 am တွင် တင်ခဲ့သည်
1198 ကြိမ် ကြည့်ရှု့ပြီး
အထပ်မြင့်အဆောက် အအုံများ စည်းကမ်းချက်နှင့်မညီ ခြင်းကြောင့် တိုင်းဒေသကြီး အစိုး ရက စိစစ်မှု ပြုလုပ်နေချိန်တွင် ရန်ကုန် အိမ်ခြံမြေဈေးကွက်၌ တိုက်ခန်း၊ ကွန်ဒိုများ အရောင်းအ ဝယ်ရပ်လုနီးပါး ဖြစ်နေသည်ဟု အိမ်ခြံမြေဈေးကွက်မှ သတင်းရရှိသည်။

ရန်ကုန်အိမ်ခြံမြေဈေးကွက် တွင် တိုက်ခန်းနှင့် ကွန်ဒိုအရောင်း အဝယ်သည် ကြိုပွိုင့်စနစ် ဈေး ကွက်မရှိခြင်းကြောင့် ၂၀၁၅ နှစ် လယ်ပိုင်းမှစ၍ အရောင်းအဝယ် အေးခဲ့သည်။

လက်ရှိ အစိုးရသည် မေလ ၂၀ ရက်မှစ၍ ၁၃ ထပ်နှင့် အထက် အဆောက်အအုံများကို စည်းကမ်းချက်နှင့် မကိုက်ညီသဖြင့် တည်ဆောက်မှုများရပ်နား ပြီး ပြန်လည်စိစစ်ချိန်တွင် တိုက်ခန်းနှင့် ကွန်ဒိုအရောင်းအဝယ်မှာ ရပ်တန့်လုနီးပါး ဖြစ်လာကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦးက ပြောသည်။

‘‘ဒီတစ်ခါ တိုက်ခန်း၊ ကွန်ဒို ဈေးကွက်က အရောင်းအဝယ် သာမဟုတ်ဘူး။ အငှားဈေးကွက် လည်း အတော်အေးသွားတယ်’’ ဟု ဦးသန်းဦးက ပြောကြားသည်။

ကွန်ဒိုဥပဒေ အတည်ပြုပြီး နောက် ရန်ကုန်မြို့၏ တိုက်ခန်း၊ ကွန်ဒိုဈေးကွက် ကောင်းလာမည် ဟု မျှော်လင့်ထားသော်လည်း လက်ရှိတွင် အထပ်မြင့်များကို ပြန်လည်စိစစ်စစ်ဆေးမှုများကြောင့် ဈေးကွက်အခြေအနေကို စောင့်ကြည့်နေကြကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီမှ ပိုင်ရှင်ဦးစိုင်းခွန်နောင် က ပြောသည်။

တိုက်ခန်း၊ ကွန်ဒိုများ အ ရောင်းအဝယ် အေးသကဲ့သို့ ဈေး နှုန်းများလည်း ကျဆင်းလာကြောင်း အကျိုးဆောင်များထံမှ သိရသည်။

တိုက်ခန်း၊ ကွန်ဒိုများကို မူလဈေးထက် ပျမ်းမျှ ၂၀ ရာခိုင်နှုန်းလျှော့ပြီး ရောင်းချသော်လည်း ဝယ်ယူသူမရှိသဖြင့် ရောင်းချသူများ အခက်အခဲဖြစ်နေကြောင်း Three Friend ဆောက်လုပ်ရေးမှ ဒါရိုက်တာ ဦးကိုကိုလေးက ပြောကြားသည်။

တိုက်ခန်း၊ ကွန်ဒိုများ အ ရောင်းအဝယ်ရပ်တန့်လုဖြစ်နေ သကဲ့သို့ ရန်ကုန် အိမ်ခြံမြေဈေး ကွက်သည်လည်း ယခုနှစ်ဆန်းပိုင်းမှစ၍ အရောင်းအဝယ် အေးပြီး ခြံ၊ မြေ လက်ကိုင်မထားနိုင်သူများက ဈေးချရောင်းချမှုများရှိ
လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service