ဒလမြစ်ကူးတံတား စီမံကိန်းကို လာမယ့်နှစ်မှာ လုပ်ငန်းစတင်မှာ ဖြစ်ပေမဲ့ဒလအိမ်ခြံမြေဈေးကတော့ ဈေးကွက်ပုံမှန်အတိုင်းအရောင်းအဝယ်ရှိပြီး ဈေးနှုန်းလည်း အတက်ဘက်ကိုဦးတည်နေတယ်လို့ သိရပါတယ်။
မြစ်ကူးတံတားစီမံကိန်းကြောင့် ဒလ ဘက်ခြမ်း မြေဈေးတွေက ၃၀ ရာခိုင်နှုန်း လောက်ဈေးတက်သွားပြီး ပွဲဆူခဲ့တာပါ။ လက်ရှိမှာလည်း ဈေးတက်နိုင်တဲ့ဘက်ကို ရောက်နေပြီး အရင်လို ဆူလိုက်ပွက်လိုက်နဲ့ ဈေးကွက်မကြာခဏ ဖြစ်တတ်တယ်လို့ သိရပါတယ်။ ဈေးနှုန်းတွေကတော့အမြင့်ဈေးနဲ့ပဲ ရှိနေပြီး ဈေးကျတာမျိုး မရှိဘူးလို့သိရပါတယ်။
ကျောက်တံတားမြို့နယ်က အကျိုး ဆောင် ဦးအောင်ကျော်က “တံတားတည် ဆောက်မယ့် ကမာကဆစ် ကျောက်တိုင် လမ်းမတန်းတွေဆို အကုန်ဝယ်ထားပြီး ကိုင်ထားကြတာ၊ နေရာကောင်းတွေဆို တစ်ကွက်ကို သိန်း ၃၀ဝ၀ အထိ ခေါ်ဈေး ရှိ တယ်၊ အရောင်းအဝယ်ကတော့ အရင်အတိုင်းပါပဲ”လို့ပြောပါတယ်။
စီမံကိန်းအတည်ပြုပြီး နောက်ပိုင်းမှာ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး စတဲ့ တောက်လျှောက်နေရာတွေကတော့ စီးပွားရေးသမားတွေ ကုမဏီတွေ အကျိုးဆောင်တွေဝယ်ယူထားကြတာများတယ်လို့အကျိုးဆောင်တချို့ဆီက သိရပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က “အရင်က ဆို စီမံကိန်းရပ်သွားမလား စိုး ရိမ်ကြတာမျိုးလေး တွေရှိတယ်၊ အခုကျ တော့ နောက်နှစ် ၂၀၁၇ မှာ လုပ်ငန်းစမယ် ဆိုပြီး ပြောထားတော့ သေချာတဲ့အခြေ အနေဆိုတော့အကုန်လုံးက ကြိုက်ဈေးရရင် ရောင်းတယ်၊ ဈေးကောင်းမရသေးရင် အောင်းထားကြပြီး တံတားပြီးတာနဲ့ အ တက်ဈေး တာစူဖို့ အသင့် ပြင်ထားကြ တာများတယ်”လို့ ပြောပါတယ်။
စီမံကိန်း သေချာနေတာကြောင့် နေရာကောင်းတွေ ဝယ်ယူထားသူတွေက တော့ တံတားပြီးစီးမယ့် အချိန်ထိ စောင့် နေ ကြတာပါ။ တံတားပြီးတာနဲ့ ဧရာဝတီတိုင်း နဲ့ ဆက်သွယ်ရေး ကောင်းပြီး စီးပွားရေး ပို ပြီး ကောင်းလာနိုင်တာကြောင့် စီးပွားရေး သမားတွေ လုပ်ငန်းရှင်တွေ စိတ်ဝင်စားမှုများနေကြတဲ့နေရာပါ။ ဒလဘက်ရဲ့ အခက်ခဲတစ်ခုက သောက်သုံးရေ အခက်အ ခဲရှိတာကြောင့်တချို့က စီးပွားရေး လုပ် ငန်းအတွက်ပဲ စိတ်ဝင်စားကြတာများ တယ်လို့ သိရပါတယ်။
Credit: The Kumudra