ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေမှာလည်း ယနေ့တိုင် အတည်ဖြစ်၍ ကျင့်သုံးနေသော ဥပဒေဖြစ်ပြီး လူအများ ကောင်းစွာသိရှိရင်းနှီးသော ဥပဒေတစ်ရပ် ဖြစ်ပါသည်။
အများခေါ်ဆိုနေကြသော ကွန်ဒိုမီနီယံ ဥပဒေ (ဝါ)စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာဥပဒေကိုပထမအကြိမ် လွှတ်တော် သက်တမ်းက (၂၉-၁-၂၀၁၆)နေ့က ပြဋ္ဌာန်းခဲ့ပါသည်။
ကွန်ဒိုမီနီယံ ဥပဒေသည် အိမ်ခြံမြေ ဆိုင်ရာ ဥပဒေတစ်ခုဖြစ်ပါသည်။ အိမ်ခြံ မြေဥပဒေများ မြန်မာနိုင်ငံ၌ ပြည့်ပြည့်စုံစုံ မရှိသေးပါ။ အမှန်တကယ် ပြဋ္ဌာန်းသင့် သော ဥပဒေမှာ အိမ်ခြံမြေပစ္စည်းဆိုင်ရာ ဥပဒေဖြစ်ပါသည်။ အိမ်ခြံမြေများ စနစ်တကျ တိုးတက်ဖွံ့ဖြိုးရေးအတွက် အဆိုပါ ပစ္စည်း ဆိုင်ရာ ဥပဒေ (Property Law) သည် မရှိမဖြစ် လိုအပ်သော ဥပဒေဖြစ်ပါသည်။ ဤသို့သော ဥပဒေကို ကျော်၍ ကွန်ဒိုမီနီယံ ဥပဒေပြဋ္ဌာန်းခြင်းသည် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဥပဒေပြု လွှတ်တော် အမတ်များ၌ အိမ်ခြံမြေကန်ထရိုက်တာ များ၊ လုပ်ငန်းရှင်ကြီးများ လွှမ်းမိုးထားမှု ၏ ပြယုဂ်တစ်ခုဖြစ်ပါသည်။ ကွန်ဒိုမီနီယံ တိုက်ခန်းများသည် ဆင်းရဲသား ပြည်သူ များ အလယ်အလတ်လူတန်းစားများ မမျှော်မှန်းနိုင်သော အလွန်မြင့်ဈေးနှုန်း ဖြစ်နေပါသည်။ အမေရိကန်နိုင်ငံ၏ နယူး ယောက်မြို့ တိုက်ခန်းဈေးနှုန်းများထက်ပင် အချို့ကွန်ဒိုတိုက်ခန်းများက ဈေးမြင့်မား နေကြောင်း ဝေဖန်ထောက်ပြုမှုများ ရှိနေ ပါသည်။ ကွန်ဒိုဥပဒေသည် နိုင်ငံခြားသား နှင့် နိုင်ငံခြား အဖွဲ့အစည်းများ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ရည်ရွယ်၍ ပထမ အကြိမ် လွှတ်တော်က အလျင်အမြန် ရိုက်ထုတ်လိုက်သော ဥပဒေတစ်ခုဟုပင် ဆိုရပါမည်။
ကွန်ဒိုမီနီယံဥပဒေ၏ ပြဋ္ဌာန်းချက်များ၌ ဥပဒေပြဿနာရပ်များရှိပါသည်။ ကွန်ဒို မီနီယံအဆောက်အအုံ၏ ၄၀ နှုန်းထက် မပိုသော အခန်းများကို နိုင်ငံခြားသားများ၊ နိုင်ငံခြားပိုင် အဖွဲ့အစည်းများကို တရားဝင် ရောင်းချခွင့် ရှိပါသည်။ နိုင်ငံခြားသားများ သည် ကွန်ဒိုအခန်းများနှင့် ကွန်ဒိုတည်ရှိ သော မြေ၏ အချိုးကျ ပိုင်ဆိုင်ခွင့်များ ရရှိမည်ဖြစ်ပါသည်။
ကွန်ဒိုမီနီယံဥပဒေသည် အခြားတည်ဆဲ ဥပဒေတစ်ခုနှင့် ဆန့်ကျင်ကွဲလွဲပါက မည် သို့ကျင့်သုံးရမည်စသည့် ပြဋ္ဌာန်းချက်များ ဖော်ပြထားခြင်းမရှိပါ။ ဥပဒေ ပြဿနာတစ် ရပ်သည် ၁၉၈၇ ခုနှစ်၊ မရွှေ့မပြောင်းနိုင် သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ် သည့် ဥပဒေ၏ အဓိကပြဋ္ဌာန်းချက်ဖြစ် သော မည်သူမျှ နိုင်ငံခြားသားနှင့်ဖြစ်စေ၊ နိုင်ငံခြားသားပိုင် ကုမ္ပဏီနှင့်ဖြစ်စေ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းကို ရောင်းချ ခြင်း၊ ဝယ်ယူခြင်း၊ ပေးကမ်းလဲလှယ်ခြင်း သို့မဟုတ် အခြားနည်းတစ်ရပ်ရပ်ဖြင့် လွှဲပြောင်းခြင်းကို လက်ခံခြင်း၊ မပြုရန် တားမြစ်ထားပါသည်။ ပြစ်မှုကျူးလွန်ပါက အနည်းဆုံးထောင်ဒဏ်(၃)နှစ်မှ အများဆုံး ငါးနှစ်ထိ ချမှတ်ရမည့်အပြင် ပြစ်မှု ကျူး လွန်သော ပစ္စည်းတို့ကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်း ခံရမည်ဖြစ်ပါသည်။ ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေမှာလည်း ယနေ့တိုင် အတည်ဖြစ်၍ ကျင့်သုံးနေသော ဥပဒေဖြစ်ပြီး လူအများ ကောင်းစွာ သိရှိရင်းနှီးသော ဥပဒေတစ်ရပ် ဖြစ်ပါသည်။
ယင်းဥပဒေကို ကွန်ဒိုမီနီယံ ဥပဒေ မပြဋ္ဌာန်းမီ ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင် သော ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေကို တစ်စုံတစ်ရာ ပြင်ဆင်ခြင်း ပယ်ဖျက်ခြင်း မရှိပါ။ သို့ဖြစ်ပါ၍ ဥပဒေနှစ်ခုသည် နိုင်ငံခြားသားများ မရွှေ့မပြောင်းနိုင်သော ပစ္စည်း ပိုင်ဆိုင်ခွင့်အပေါ်တွင် ဆန့်ကျင်နေ ကြပါသည်။ ဆန့်ကျင်ကွဲလွဲနေသော ဥပဒေနှစ်ခုကို တစ်ပြိုင်နက်အတည်ပြု ပြဋ္ဌာန်းထားခြင်းအပေါ်၌ ပထမအကြိမ် လွှတ်တော်၏ ဥပဒေပြုရေး၌ တာဝန်ရှိပါ သည်။ မည်သို့ဆက်လက်ဆောင်ရွက်မည် ကို အစီအစဉ်များရှိကောင်း ရှိနိုင်ပါသည်။ သို့ရာတွင် ဆန့်ကျင်ကွဲလွဲသော ဥပဒေနှစ်ခု ကို တစ်ပြိုင်နက် အတည်ဖြစ်နေစေခြင်း သည် ဥပဒေပြု အာဏာပိုင်အဖွဲ့၏ ဥပဒေပြုရေးမဏ္ဍိုင်၏ ကြီးမားသော အား နည်းချို့ယွင်းချက်ဟု ဆိုရပါမည်။ အထူး မြင်သာသော သိသာထင်ရှားသည့် ကွဲလွဲ မှုဖြစ်ပါသည်။ ဒုတိယအကြိမ်လွှတ်တော်သက်တမ်း တွင် ယင်းဖြစ်ရပ်မျိုးများအပေါ် သင်ခန်းစာ ယူသင့်ပါကြောင်းနှင့် ယင်းဥပဒေနှစ်ခု ဆန့်ကျင်ကွဲလွဲမှုကို အမြန်ဖြေရှင်းပေးသင့် ပါကြောင်း။
အေးအေးအိအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com