၂၀၁၆ ခုနှစ် အိမ်ခြံမြေကဏ္ဍပွင့်လင်းမြင်သာမှုညွှန်းကိန်း ထုတ်ပြန်လိုက်ရာ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှုမရှိသည့် ၂၁ နိုင်ငံတွင် ပါဝင်

၂၀၁၆ ခုနှစ် အိမ်ခြံမြေကဏ္ဍပွင့်လင်းမြင်သာမှုညွှန်းကိန်း ထုတ်ပြန်လိုက်ရာ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှုမရှိသည့် ၂၁ နိုင်ငံတွင် ပါဝင် - Property News in Myanmar from iMyanmarHouse.com
1 Jul 2016 11:17 am တွင် တင်ခဲ့သည်
665 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၆ ခုနှစ် အိမ်ခြံမြေကဏ္ဍပွင့်လင်းမြင်သာမှုညွှန်းကိန်း (Greti) ကို ထုတ်ပြန်လိုက်ရာ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှုမရှိသည့် ၂၁ နိုင်ငံစာရင်းတွင် ပါဝင်လျက်ရှိသည်ကို တွေ့ရသည်။

အိမ်ခြံမြေကဏ္ဍပွင့်လင်းမြင်သာမှု ညွှန်းကိန်းကို ထုတ်ပြန်သည်မှာ ချီကာဂိုအခြေစိုက် အိမ်ခြံမြေကဏ္ဍရင်းနှီးမြှုပ်နှံမှုနှင့် ၀န်ဆောင်မှုကုမ္ပဏီ Jones Lang LaSalle Incorporated (JLL) နှင့် ချီကာဂိုအခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှင့် စီမံခန့်ခွဲရေး ကုမ္ပဏီ LaSalle Investment Management တို့မှ ပူးပေါင်းထုတ်ပြန်ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်အိမ်ခြံမြေကဏ္ဍပွင့်လင်းမြင်သာမှုညွှန်းကိန်းတွင် အဆင့် ၅ ဆင့် ခွဲခြားသတ်မှတ်ထားရာ၌ (၁) ပွင့်လင်းမြင်သာမှု မြင့်မား (၂) ပွင့်လင်းမြင်သာမှုရှိ (၃) ပွင့်လင်းမြင်သာမှုအနည်းငယ်ရှိ (၄) ပွင့်လင်းမြင့်သာမှု နိမ့်ပါး (၅) ပွင့်လင်းမြင်သာမှု လုံးဝမရှိ ဟူ၍ အဆင့် ၅ ဆင့်ခွဲခြားသတ်မှတ်ထားသည်။

အဆိုပါ ညွှန်းကိန်းတွင် ပွင့်လင်းမြင်သာမှု အမြင့်မားဆုံး ၁၀ နိုင်ငံမှာ
၁။ ဗြိတိန်
၂။ သြစတေးလျ
၃။ ကနေဒါ
၎။ အမေရိကန်
၅။ ပြင်သစ်
၆။ နယူးဇီလန်
၇။ နယ်သာလန်
၈။ အိုင်ယာလန်
၉။ ဂျာမနီ
၁၀။ ဖင်လန်တို့ ဖြစ်ကြသည်။

ယင်းညွှန်းကိန်းအရ မြန်မာနိုင်ငံမှာ အိမ်ခြံမြေကဏ္ဍပွင့်လင်းမြင်သာမှု လုံးဝမရှိသည့်နိုင်ငံများစာရင်းတွင် ပါဝင်နေပြီး ကမ္ဘာ့အောက်ဆုံးအစုတွင် ပါဝင်နေကာ အဆင့် ၉၅ တွင် ရပ်တည်လျက်ရှိသည်။

ပွင့်လင်းမြင်သာမှုလုံးဝမရှိသည့်နိုင်ငံများမှာ
အိုမန်၊ ယူဂန်ဒါ၊ လက်ဘနွန်၊ ပနားမား၊ တူနီးရှား၊ အီသီယိုးပီးယား၊ မြန်မာ၊ အယ်လ်ဂျီးရီးယား၊ အင်ဂိုလာ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ တန်ဇန်းနီးယား၊ ဘီလာရုစ်၊ မိုဇမ်ဘစ်၊ ဂွါတီမာလာ၊ အီရတ်၊ အိုင်ဗိုရီကို့စ်၊ ဗင်နီဇွဲလား၊ ဆီနီဂေါ၊ ဒီဂျီဘိုတီ၊ ဟွန်ဒူးရပ်စ်နှင့် လစ်ဗျားတို့ ဖြစ်ကြသည်။

ပွင့်လင်းမြင်သာမှုလုံးဝမရှိသည့်နိုင်ငံများစာရင်းတွင် အဓိကအားဖြင့် အာဖရိကနှင့် ဗဟိုအမေရိကနိုင်ငံများ ပါဝင်နေပြီး အာရှမှ မြန်မာတစ်နိုင်ငံတည်းသာ ပါဝင်ကာ တရုတ်နိုင်ငံပင်လျှင် ပွင့်လင်းမြင်သာမှု အနည်းငယ်ရှိသည့်နိုင်ငံများစာရင်းတွင် ပါဝင်သည်ကို တွေ့ရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service