လွယ်လွယ်ကူကူအဖြေရှာ အိမ်တွင်းကပြသာနာ

လွယ်လွယ်ကူကူအဖြေရှာ အိမ်တွင်းကပြသာနာ - Property Knowledge in Myanmar from iMyanmarHouse.com
28 Jun 2016 12:09 pm တွင် တင်ခဲ့သည်
2371 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

အိမ်အတွင်းအပြင် အလှဆင်ဖန်တီးခြင်းအကြောင်းတွေနဲ့ အမြဲလို လို ရေးသားဖော်ပြပေးခဲ့တာလည်း အကြောင်းအရာတော်တော်စုံ နေလောက်ပါပြီ။ ဒီတော့ အခုတစ်ခေါက်တော့ အိမ်အလှဆင်ပြင် ဆင်ခြင်းတွေ မဟုတ်ပဲ သင့်အိမ်မှာဖြစ်ပေါ်တတ်တဲ့ အိမ်တွင်းပြဿ နာလေးတွေကို အလွယ်တကူဖြေရှင်းပေးလို့ရမယ့် နည်းလမ်းလေး တွေအကြောင်းဖော်ပြပေးချင်ပါတယ်။
အရမ်းကိုလွယ်ကူပြီး အသုံးတည့်တာမို့လို့ သင်ကမဖြစ်မနေလေ့ လာထားသင့်တယ်လို့ ထင်ပါ တယ်။ အက်စစ်ဓာတ်၊ အချဉ် ဓာတ် ပါတဲ့ သံပုရိုသီး၊ ရှောက်သီးတို့ရဲ့ အသုံးတည့်တဲ့ အံ့မခန်းအစွမ်း တွေပါပဲ….

၁။ အက်စစ်ဓာတ်ပါတဲ့ ခပ်ပြင်းပြင်းအနံ့ရှရှက သင့်အိမ်ခန်းမှာဖြစ် ပေါ်နေတဲ့ အနံ့ဆိုးတွေနဲ့ လေထုညစ်ညမ်းခြင်းတွေကို သန့်စင်ပေး နိုင်ပါတယ်။ မှိုနဲ့ ပိုးမွှားတွေကို သေစေနိုင်တဲ့ သဘာဝဓာတ်သတ္တု တွေလည်း ပါဝင်ပါတယ်။

၂။ သင့်မီးဖိုချောင်ဘေစင်နဲ့ ရေချိုးခန်း ဇလုံ၊ ရေဘေစင်တို့က ရေ ထွက်ပေါက်မှာ ပိတ်ဆို့နေတဲ့အညစ်အကြေးတွေ၊ ချေးညှော်တွေကို သာမန်ဆပ်ပြာတွေနဲ့ ရှင်းလင်းသန့်စင်ခြင်းထက် သံပရိုသီး၊ ရှောက် သီးခြမ်းတွေနဲ့ သန့်စင်ခြင်းက ပိုပြီးတော့ စင်ကြယ်စေနိုင်ပါတယ်။ ထက်ခြမ်းခြမ်းထားတဲ့ ရှောက်သီးခြမ်းတွေကို ဘေစင်အပေါက်မှာထားပြီး အရည်ကျစေပါ။ ပြီးရင် သွားပွတ်တိုက် လေးနဲ့ပွတ်တိုက်ဆေးကြောလိုက်ပါ။ တောက်ပြောင်ပြီး အနံ့အ သက်ဆိုးတွေ ကင်းစင်သွားတာကို မြင်တွေ့ရပါလိမ့်မယ်။

၃။ မည်းညစ်နေတဲ့ ကြွေဇလုံတွေ၊ အိုးခွက်ယောက်တွေ၊ ဖန်ပုလင်း တွေ စတာတွေကို သံပုရာခြမ်း၊ ရှောက်ခြမ်းတွေနဲ့ ပွတ်တိုက်ဆေး ကြောပါ။ အချိန်ကြာကြာစွဲနေတဲ့ ကော်ဖီ၊ လက်ဖက်ရည် ချိုးတွေ၊ အညစ်အကြေးတွေကိုတောင် ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။

၎။ အစားအသောက်တွေ ထည့်ချက်ပြုတ်တဲ့ ဒယ်အိုး၊ ဒန်အိုးတွေ မှာ ကပ်ကျန်နေတဲ့ ဟင်းဆီချိုးတွေ၊ မီးခိုးချိုးတွေနဲ့ အနံ့အသက်တွေ ကို ဖယ်ရှားရှင်းလင်းဖို့ဆိုရင် အဲ့ဒီ ဒယ်အိုး၊ ဒန်အိုး၊ ဇလုံတွေထဲကို သံပုရာခြမ်း၊ ရှောက်ခြမ်းတွေကို ရေနွေးပူပူထဲ ထည့်ပြုတ်ပါ။ ပြီးရင် ရလာတဲ့ အဲ့ဒီအရည်တွေနဲ့ပဲ ပွတ်တိုက်ဆေးကြောလိုက်ပါ။ ချိုးတွေ ကွာကျပြီး သန့်စင်သွားတာကို တွေ့ရပါလိမ့်မယ်။

၅။ အဆီတွေနဲ့ မီးခိုးငွေ့ချိုးတွေ၊ အမဲအဆီအညှိတွေတက်နေတဲ့ မိုက်ခရိုဝေ့မီးဖိုတွေကို သန့်ရှင်းချင်တယ်ဆိုရင်လည်း ရေနဲ့ သံပု ရာခြမ်း၊ ရှောက်သီးခြမ်းတွေ ထည့်ထားတဲ့ ဇလုံတစ်လုံးကို မီးဖိုထဲ အပူပေးပြီး အငွေ့ပျံစေလိုက်ပါ။ အဲ့ဒီအငွေ့တွေကနေ အမဲတွေနဲ့ ချေးညှော်တွေကို ကင်းစင်သွားပါလိမ့်မယ်။ နောက်ထပ်နည်းလမ်း တစ်ခုကတော့ အညှိတက်နေတဲ့ စတီးပစ္စည်းတွေ၊ သံထည်တွေကို လည်း သံပုရာစိပ်ကလေးတွေနဲ့ ပွတ်တိုက်ပေးလိုက်မယ်ဆိုရင် အ သစ်အတိုင်း တောက်ပြောင်သွားတာကို တွေ့ရပါလိမ့်မယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လွယ်လွယ်ကူကူအဖြေရှာ အိမ်တွင်းကပြသာနာ - Property Knowledge in Myanmar from iMyanmarHouse.com
လွယ်လွယ်ကူကူအဖြေရှာ အိမ်တွင်းကပြသာနာ - Property Knowledge in Myanmar from iMyanmarHouse.com
လွယ်လွယ်ကူကူအဖြေရှာ အိမ်တွင်းကပြသာနာ - Property Knowledge in Myanmar from iMyanmarHouse.com
လွယ်လွယ်ကူကူအဖြေရှာ အိမ်တွင်းကပြသာနာ - Property Knowledge in Myanmar from iMyanmarHouse.com
လွယ်လွယ်ကူကူအဖြေရှာ အိမ်တွင်းကပြသာနာ - Property Knowledge in Myanmar from iMyanmarHouse.com
လွယ်လွယ်ကူကူအဖြေရှာ အိမ်တွင်းကပြသာနာ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း

အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...

အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့

စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service