ဘဝမှာပိုမိုအောင်မြင်ဖို့ ပြောင်းလဲသင့်တဲ့ အသေးအဖွဲအရာလေးများ

ဘဝမှာပိုမိုအောင်မြင်ဖို့ ပြောင်းလဲသင့်တဲ့ အသေးအဖွဲအရာလေးများ - Property Knowledge in Myanmar from iMyanmarHouse.com
25 Jun 2016 11:57 am တွင် တင်ခဲ့သည်
1245 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အောင်မြင်တိုးတက်တဲ့ ဘ၀ကို လူတိုင်းလူတိုင်း လိုချင်ကြပါတယ်။ ဒါပေမဲ့ အပြုအမူ အသေးအဖွဲလေးတွေက ဘ၀တိုးတက်ဖို့အတွက် ကြီးမားတဲ့ အနှောက်အယှက် တွေပေးတတ်ပါတယ်။ ဘဝတိုးတက် အောင်မြင်စေဖို့အတွက် ပြောင်းလဲသင့်တဲ့ အသေးအဖွဲ အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်......

(၁) အဆင်သင့်မဖြစ်မီစတင်ပါ
တစ်ခါတစ်လေ အဆင်သင့်ဖြစ်မှ စတင်တာဟာ မကောင်းပါဘူး။ မလိုအပ်ပဲ စောင့်နေတာမျိုးပေါ့။ ဥပမာ မနက်ရုံးသွား စရာရှိတယ်။ ဒါပမေယ့် ၈နာရီထိုးအောင် ဖင်လှည့်ခေါင်းလှည့်လုပ်ပြီးမှ သွားတယ်။ ပြီးတော့နောက်ကျတယ်။ တကယ် တော့ ၇နာရီ၄၅လောက်မှာ သွားလို့ရအောင်လုပ်လို့ရပါတယ်။ လူက ၈နာရီကိုပဲ စိတ်စွဲနေပြီး အဲ့ဒိအချိန်မှ အဆင်သင့် ဖြစ်တယ်လို့ ယူဆထားလို့ပါ။

(၂) မောနေတုန်းမရပ်ပါနဲ့။ ပြီးဆုံးသွားမှရပ်တန့်ပါ
အလုပ်တစ်ခုကိုလုပ်ပြီဆို မောတိုင်းရပ်နေရင် အဲ့ဒိအလုပ်ပြီးဖို့တော်တော်ကြာပါလိမ့်မယ်။ အဓိကအကြောင်းအရင်းက သင့်စိတ်က မောတာပါ။ တကယ်တော့ သင်လုပ်နိုင်ပါသေးတယ်။ သင့်စိတ်က နားတော့လေ နားတော့လေ နဲ့ တဂျီဂျီ ကျနေလို့ သင်နားချင်တာပါ။ ဒါ့ကြောင့် အလုပ်လုပ်ရင် သတ်မှတ်ချက်တစ်ခုထားပါ။ အဲ့ဒါပြီးအောင်လုပ်ပြီးမှ နားပါ။

(၃) အရာရာတိုင်းမှာ တန်ရာတန်ကြေးရှိတယ်
တကယ်ကိုအရာရာတိုင်းမှာ တန်ရာတန်ကြေးရှိပါတယ်။ ကိုယ်လုပ်သလောက်ပဲ လိုချင်ပါ။ လုပ်တာထက်ပိုပြီးတော့ မလိုချင်ပါနဲ့။

(၄) ဆင်ခြေပေးတာတွေရပ်တော့
ဆင်ခြေပေးနေတာတွေက ဘာမှဖြစ်မလာစေပါဘူး။ သူများကိုလည်း အနှောက်အယှက်ပေးစေသလို မိမိကိုယ်တိုင်လည်း စိတ်ဓာတ် ကျလာပါတယ်။

(၅) နှိုင်းယှဉ်နေတာတွေရပ်တော့
များသော အားဖြင့်လူတွေဟာ သူများနဲ့နှိုင်းယှဉ်တဲ့အခါ မိမိရဲ့ အားအနည်းဆုံးအချက်နဲ့ သူများရဲ့ အားအသာဆုံးအချက် ကိုနှိုင်းယှဉ် တတ်ကြပါတယ်။ တကယ်တော့ သူများအကြောင်းကို သေသေချာချာလည်း သိတာမဟုတ်ပါဘူး။ သူ့မှာ လည်း အားသာချက် ရှိသလို အားနည်းချက်လည်း ရှိပါတယ်။

(၆)အိပ်ချိန်လုံလောက်ပါ
အိပ်ချိန်မလုံလောက်တော့ အလုပ်မှာအိပ်ငိုက်တယ်၊ စိတ်မဝင်စားဘူး၊ နောက်တော့ အဆူခံရတယ်။ စိတ်ပျက်လာတယ်၊ အလုပ်မလုပ် ချင်တော့ဘူး၊ သူများတွေကို အပြစ်လိုက်ပုံချတယ်၊ လစာမကောင်းလို့၊ ဘောစိက ကျပ်လို့၊ စသဖြင့်ပြော တယ်။ တကယ်တော့ အိပ်ချိန်မလုံလောက်တာက စခဲ့တာပါ။

(၇) စာအုပ်အစစ်များဖတ်ပါ
စာဖတ်တယ်ဆိုပြီး အွန်လိုင်းပေါ်မှာပဲ ဖတ်မနေပါနဲ့။ အွန်လိုင်းပေါ်ကစာတွေဟာ စာဖတ်သူအလွယ်တကူ ဖတ်နိုင်ဖို့ တိုတို တုတ်တုတ်လုပ်ထားတဲ့ စာတွေများပါတယ်။ ဒါ့ကြောင့် စာအုပ်ဝယ်ဖတ်ဖြစ်အောင်ဖတ်ပါ။

(၈) အလုပ်တွေအများကြီးတစ်ပြိုင်တည်းမလုပ်ပါနဲ့
Multitasking လုပ်တာဟာ တစ်ခါတစ်လေတော့ ကောင်းမွန်ပေမယ့် အမြဲတမ်းတော့ မကောင်းမွန်ပါဘူး။ ၂ခု၃ခုပြိုင် လုပ်ရင် ဘယ်အရာမှာမှ အကောင်းဆုံးမဖြစ်တတ်ပါဘူး။

Credit : မိုးရှင်း (I.M.T)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service