မန္တလေးအိမ်ခြံမြေဈေးကွက်တွင် အရောင်းအ၀ယ် လုံးဝ မရှိသလောက်ဖြစ်နေပြီး မြို့သစ်ဘက်ပိုင်းတွင် မြေကွက်များ အရောင်းအ၀ယ် ပြန်လိုက်လာ

မန္တလေးအိမ်ခြံမြေဈေးကွက်တွင် အရောင်းအ၀ယ် လုံးဝ မရှိသလောက်ဖြစ်နေပြီး မြို့သစ်ဘက်ပိုင်းတွင် မြေကွက်များ အရောင်းအ၀ယ် ပြန်လိုက်လာ - Property News in Myanmar from iMyanmarHouse.com
22 Jun 2016 10:58 am တွင် တင်ခဲ့သည်
1353 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် Down Town ဧရိယာအတွင်းရှိ ကျပ်သိန်းသောင်းချီသော အရောင်းအ၀ယ်များ မရှိသလောက် ဖြစ်နေပြီး မြို့သစ်ဘက်ပိုင်းတွင်မူ ကျပ်သိန်း ၁၀၀၀ ကျော်မှ ကျပ်သိန်း ၇၀၀၀ ၀န်းကျင်ခန့် မြေကွက်များ အရောင်းအ၀ယ် ပြန်လိုက်လာကြောင်း စုံစမ်းသိရသည်။

“လက်ရှိဈေးကွက်ကတော့ မြို့သစ်ဘက်ပိုင်းတွေမှာ မ၀ယ်မဖြစ်တဲ့သူတွေက ၀ယ်လာလို့ အရောင်းအ၀ယ် ပြန်လိုက်လာတယ်လို့ ပြောလို့ရတယ်။ အခုရက်ပိုင်းလေးမှာပဲ ၄၀ ထ ၆၀ လေးကွက်တွဲကို ကျပ်သိန်း ၆၀၀၀ ကျော်နဲ့ တည့်သွားတယ်လို့ ကြားတယ်။ ကျွဲဆည်ကန် ကားကွင်းတစ်ဝိုက်က (ယ၊ သ၊ ၀၊ လ၊ ဟ)တို့အကွက်တွေမှာ အရောင်းအ၀ယ်တွေ သူ့ဟာနဲ့သူ ဖြစ်နေကြတယ်။ ရောင်းတဲ့သူက ချမရောင်းလို့ ဈေးက မာတာပဲ။ မြို့ထဲအနေနဲ့ ကတော့ မရှိသလောက်ပဲ။ အခုဖြစ်နေတာတွေက အဆောက်အအုံမပါ မြေကွက်သီးသန့်တွေ များတယ်။ အမြင့်ဆုံးကတော့ သိန်း ၈၀၀၀ ၀န်းကျင် လောက်ပဲ။ ကျပ်သိန်းတစ်သောင်းအောက်လို့ ပြောလို့ရတယ်” ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောကြားသည်။

“၄၀ x ၆၀ ပတ်လည်ကို နေရာပေါ်မူတည်ပြီး ကျပ်သိန်း ၁၀၀၀ ကနေ ၁၅၀၀ ကြား အကွက်တွေ အဖြစ်များတယ်။ လတ်တလော အိမ်ခြံမြေဈေးကွက်မှာ အရောင်းအ၀ယ် မဖြစ်တာကြာတော့ နေရာအလိုက် တစ်ပေပတ်လည် ဈေးနှုန်းအနေနဲ့က ပြောဖို့ခက်တယ်။မှန်းဆလို့လည်း မလွယ်ဘူး။ သိပ္ပံလမ်းပေါ်ကတော့ အရောင်းအ၀ယ်မကြားတာ အတော်ကြာနေပြီ။ ဈေးနှုန်းကို မှန်းဖို့ခက်တယ်။ ပြောရရင် သိပ္ပံလမ်းပေါ်ဝန်းကျင် အရောင်းအ၀ယ်က မြို့ထဲ Down Town ဧရိယာမှာ အရောင်းအ၀ယ် မရပ်ခင်ကတည်းက မရှိတော့တာ” ဟု ၀ါရင့်အကျိုးဆောင်တစ်ဦးက ပြောကြားသည်။

လတ်တလော အရောင်းအ၀ယ် ပြန်လိုက်လာသည့် အကွက်များမှာ ယာယီစာချုပ် အလွှဲအပြောင်းများဖြင့်သာ ရောင်းဝယ်၍ လက်လွှဲလက်ပြောင်း ပြုလုပ်ကြခြင်းဖြစ်ပြီး အခွန်နှုန်းထားသစ်ကြောင့် အခွန်စည်းကြပ်ခြင်း မရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုပါသည်။

“သိန်းတစ်သောင်းတန် အကွက်ကို ၀ယ်ပြီး အခွန်စည်းကြပ်မယ်ဆိုရင် သူ့အရင်းက ကျပ်သိန်းတစ်သောင်းခွဲလောက် ဖြစ်သွားမယ်။ ဒီတော့ဝယ်ပြီးရင်တော့ ပတ်ကားစာချုပ်ထွက်ဖို့ အခွန်စည်းကြပ်မှု မလုပ်နိုင်ဘူး။ ဒါကြောင့် GP နဲ့ပဲ ချုပ်ကြတာပေါ့” ဟု အဆိုပါ အကျိုးဆောင်က ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service