ဗုဒ္ဓဟောကြား စီးပွားအောင်မြင်နည်းတရား

ဗုဒ္ဓဟောကြား စီးပွားအောင်မြင်နည်းတရား - Property Knowledge in Myanmar from iMyanmarHouse.com
14 Jun 2016 2:12 pm တွင် တင်ခဲ့သည်
3176 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

လူတွေဟာချမ်းသာချင်ကြတယ်။ အခုမှမဟုတ်ပါဘူး။ ရှေးတုန်းကတည်းကပါ။ အင်္ဂုတ္တရနိကယ်မှာ ဒီလိုဟောထားပါတယ်။ ဗုဒ္ဓလက်ထက်တော်၊ ကောလိယတိုင်း၊ ကက္ကရပတ္တမြို့မှာ ဒီဃဇာဏုဆိုတဲ့အမျိုးသားဟာ ဒီဘဝမှာ ချမ်းချမ်းသာသာ နေချင်ပါတယ် အဲဒီလို ဖြစ်နိုင်တဲ့ အခြေအနေကောင်းများ ရှိပါသလားလို့ မေးလျှောက်ခဲ့ပါတယ်။ ဗုဒ္ဓက ရှိတယ် ဒီဘဝအတွက် ဟိတသုခ အခြေအနေကောင်းတွေနဲ့ ချမ်းသာသုခကိုရစေနိုင်တဲ့ အချက်လေးမျိုးရှိတယ်။ အဲ့ဒီအချက် (၄) ချက်ကတော့............

(၁)ဥဋ္ဌာနသမ္ဗဒါ -ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ကြိုးကြိုးစားစား တက်တက်ကြွကြွ လုပ်ကိုင်ရမယ်။ ကြိုးစားတိုင်းရသလားဆိုတော့ မရနိုင်ဘူး။ ဒက္ခ-လုပ်ငန်းကျွမ်းကျင်မှုရှိရမယ်၊ အနလသ-ဇွဲကောင်းမှုရှိရမယ်၊ ဥပါယဝီမံသ-နည်းပညာရှိရမယ်။ ကြိုးစားမှုရှိရုံတစ်ခုတည်းနှင့်တော့ မရဘူး။ ကြိုးစားမှုဆိုတဲ့ထဲမှာ အရေးကြီးတဲ့ အချက်၃ချက် ပါတယ်။ ကြိုးတော့ကြိုးစားတယ်၊ လုပ်ငန်းက မကျွမ်းကျင်ဘူး မအောင်မြင်နိုင်ဘူး။ ကြိုးစား တော့ကြိုးစားတယ် ဇွဲမကောင်းဘူး မအောင်မြင်နိုင်ဘူး။ ကြိုးစားတယ်၊ နည်းပညာက နိမ့်ကျနေတယ်၊စီမံခန့်ခွဲနိုင်တဲ့ စွမ်းအားတွေမရှိဘူး။ မအောင်မြင်နိုင်ပါဘူးတဲ့။ ဒါလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်က ဗုဒ္ဓကစီးပွားရေးမှာ အောင်မြင်ဖို့ နည်းလမ်းညွှန်ပြပေးထားတာပါ။ ပိဋကတ်တော်တွေထဲမှာ ပါတဲ့ တရားပါ။ လုပ်ငန်းကျွမ်းကျင်မှု၊ ဇွဲကောင်းမှု၊ နည်းပညာ အဲဒိ၃ရပ်ပေါင်းစပ်ထားတဲ့ ကြိုးပမ်းအားထုတ်မှု ရှိ၇မယ်တဲ့။

(၂) အာရက္ခသမ္ဗဒါ – ထိန်းသိမ်းစောင့်ရှောက်မှု ရှိရမယ်။ လောကမှာ စီးပွားဥစ္စာတွေနဲ့ ငွေကြေးဓနမြောက်မြားစွာ ထုတ်လုပ်နိုင်တယ်။ သို့သော် မထိန်းသိမ်းဘူးဆိုရင် အလေအလွင့်တွေများပြီးတော့ စီးပွားဥစ္စာ တိုးသင့်သလောက် မတိုးဘူး။ အလုပ်လုပ်ပြီး ရလာတဲ့ ပစ္စည်းကို ရေကြောင့် မီးကြောင့် ရန်သူမျိုးငါးပါးကြောင့် မပျက်စီးအောင် အလေအလွင့် မရှိအောင် သေချာစောင်ရှောက်မှုဆိုတဲ့ အာရက္ခသမ္ဗဒါ တရားရှိဖို့လိုသေးတယ်။ ဒါလည်း ဒုတိယအချက်အနေနဲ့ အခုလက်ရှိဘဝမှာ စီးပွားတက်ဖို့ ဗုဒ္ဓကဟောထားတာ။ ဒါလည်း အင်မတန်လိုအပ်တဲ့ အကြောင်းတရားပါ။

(၃) ကလျာဏမိတ္တာ – မိတ်ဆွေကောင်း ရှိရမယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး အကြံပေးမည့်သူ၊ အကျင့်စာရိတ္တကေယင်းတဲ့သူ၊ အသိပညာရှိတဲ့သူ၊ စွန်လွှတ်နိုင်တဲ့သူ၊ ယုံကြည်ရတဲ့လူ၊ ဒီလိုမိတ်ဆွေကောင်းေ တွ အင်မတန်မှလိုအပ်ပါတယ်။ ဒီကနေ့ခေတ်ကြည့် စီးပွားဥစ္စာ တိုးတက်နေတဲ့ ပဂ္ဂိုလ်တွေတိုင်းဟာ ဒီအခြေနေကောင်းတွေ ရှိနေပါတယ်။ ကြိုးပမ်းအားထုတ်မှုကြောင့် ပစ္စည်း ဥစ္စာတွေ ရရှိလာမယ်။ ထိန်းထိန်းသိမ်းသိမး ရှိတတ်လို့ စုမိဆောင်းမိလည်း ရှိလာမယ်။သိုသော် မိတ်ဆွေကောင်းမရှိဘူးဆိုရင် အဲဒီ ပစ္စည်းဥစ္စာတွေဟာ သဲထဲရေသွန်သလိုအသုံးအဖြုန်းနဲ့ တစ်ခါတည်း ပျက်စီးဆုံးရှုံးသွားနိုင်တယ်။

(၄)သမ္မဇီဝိတာ- နောက်ဆုံးစီးပွားရေးနဲ့ ပတ်သတ်ပြီး တကယ်လ အရေးကြီးဆုံး တစ်ချက်ကတော့ သမ္မဇီဝိတာ ၊ရလာတဲ့ စည်းစိမ်ဥစ္စာါ် ကုယ်ထုတ်လုပ်တဲ့ ပစ္စည်း ၊ ကိုယ့်ရဲ့ ဝင်ငွေ ထွက်ငွေနဲ့ ပတ်သက်ရင် စာရင်းစာယားခိုင်ခိုင် မာမာထားပြီးတော ဝင်ငွေနျင့် ထွက်ငွေ အမြဲတမ်း မျှမျှတတ ဖြစ်နေဖို့ အရေးကြီးတယ်။ သမဇီဝိတဆိုတဲ့သဘောက ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်း ညှိပြီးတော့ သုံးစွဲတဲ့ အခုခေတ် စီပွားရေပညာလိုပဲ။ ဝင်ငွေကများပြီးတော့ သုံးငွေနည်းနေလို့ မဖြစ်ဘူး။ သုံးငွေက များပြီးတော့ ဝင်ငွေတွေက နည်းနေလို့လည်း မဖြစ်ဘူး။ ထို၂ခုဟာ မျှမျှတတ ဖြစ်နေဖို့လိုတယ်။

မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀ကျော်ကတည်းက ကြိုးပမ်းမှု အားထုတ်မှု အလေအလွင့်မရှိအောင် ထိန်းသိမ်းမှု မိတ်ဆွေကောင်းရှိမှု ဝင်ငွေထွက်ငွေမျှမျှတတ သုံးစွဲမှု ဆိုတဲ့အချက်ကြီး၎ချက်ကို ဟောခဲ့ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး။ ဒီစည်းကမ်းအတိုင်းဆောင်ရွက်မယ်ဆိုရင် စီးပွားရေးက တိုတက်လာမှာပဲ။ အများကြီးမတိုးတက်တောင် ပျက်စီးမ သွားတော့ဘူး။ ဒါ ဒီဘဝမှာ ကောင်းတဲ့ အခြေအနေတွေနဲ့ ချမ်းသာသုခကို ပေးစွမ်းနိုင်တဲ့ အချက်၎ချက်ပါပဲ။

Credit: အဂ္ဂမဟာပဏ္ဍိတ အရှင် နန္ဒမာလာဘိဝံသ(Ph.D)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service