ဆော်ဒီအာရေးဘီးယားနိုင်ငံမှ အိမ်ရှေ့မင်းသား အယ်လ်ဝါလိ ဘင်တလာအယ်လ်ဆပ်နှင့် မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်တို့ ပိုင်ဆိုင်သည့် ကနေဒါရှိ ဟိုတယ်တစ်လုံး ကိုအရောင်းဈေးကွက်သို့ တင်ပို့ထားပြီးကန်ဒေါ်လာသန်း ၂၀၀ နီးပါးဖြင့် ရောင်း ချမည် ဖြစ်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဆော်ဒီမင်းသားပိုင် Kingdom Holding Co. နှင့် ဘီလ်ဂိတ်ပိုင်ဆိုင်သည့် Cascade Investment ကုမ္ပဏီတို့က အခန်းတစ်ခန်းလျှင် ကန်ဒေါ်လာ ၇၈၀၀၀၀ ခန့်ဖြင့် ရောင်းချမည့် ယင်းဟိုတယ်သည် ကနေဒါတွင် ခေါ်ဈေးအများဆုံးဟိုတယ်ဖြစ်လာသည်။
ရောင်းချမည့် ဟိုတယ်တည်ရှိရာမှာကနေဒါနိုင်ငံ ၊ အွန်တေရီယိုပြည်နယ်၊ တိုရွန်တိုမြို့၊ ယော့ခ်ဗီလီအရပ်တွင် တည်ရှိသည်။ Four Season ဟုအမည်ရှိပြီးဟိုတယ်နှင့် ဇိမ်ခံကွန်ဒိုမီနီယံတို့ တွဲဖက်ထားကာ ယခုရောင်းချမည် မှာဟိုတယ်ကဏ္ဍကိုသာဖြစ်သည်။
Four Season ဟိုတယ်တွင် အခန်းပေါင်း ၂၅၀ ခန့်ပါဝင်သည်။ Kingdom Holdingသည် Four Seasons Holdings Inc. ကို ၂၀၀၇ ခုနှစ်အတွင်းကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
Four Seasons Holdings Inc. ကို ၀ယ်ယူပြီးနောက်ပိုင်း အများပိုင်မှ ပုဂ္ဂလိကအဖြစ် ပြောင်းလဲခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)